Pages

Thursday, March 20, 2014

တနှစ်တိုင်ခဲ့လေပြီဖြစ်တဲ့ မိတ္တလာမြို့ အစ္စလာမ်ဘာသာဝင်များ အသတ်ဖြတ်ခံခဲရမှု


RangonNewsDaily: March . 20 .2014
သျှီသျှားသားတို့ အားမငယ်ပါနဲ့
၂၀.၃.၂၀၁၃ ဗုဒ္ဓဟူးနေ့ နံနက် (၁၀) နာရီ အချိန်လောက်မှာ မိတ္ထီလာဈေးကြီးနားက ရွှေဆိုင်တန်းမှာ ရောင်းသူနဲ့ ၀ယ်သူကြား ဖြစ်တဲ့ ပြဿနာတစ်ခုကို အခြေခံပြီး ၁၂ နာရီလောက်မှာ ဆိုင်ရော အိမ်ရော အားလုံးကို ၀ယ်သူဘက်က ပါလာတဲ့ လူအုပ်ကြီးက ၀ိုင်းဝန်း ဖျက်ဆီးခဲ့ပါတယ်။

ဓာတ်ပုံမှတ်တမ်းယူနေတဲ့ မွတ်စ်လင်မ်တစ်ဦးကိုလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိအောင် ၀ိုင်းဝန်းရိုက်နှက်ခဲ့သလို ဖျက်ဆီးနေတဲ့ လူအုပ်ကြီးကို ရဲများ၊ အက်စ်ဘီများ၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ပါတီ နိုင်ငံရေးသမားတွေက ၀ိုင်းဝန်း ကူညီခြင်းများ၊ ကာကွယ်ခြင်းများကို ပြုလုပ်ပေးခဲ့ပါတယ်။

နေ့လယ် ၂ နာရီလောက်မှာတော့ ဈေးဗလီနဲ့ လမ်းတလျှောက်က မွတ်စ်လင်မ်အိမ်နဲ့ဆိုင်တွေကို ဖျက်ဆီးခဲ့ပါတယ်။

ဈေးဗလီထဲက မိုအ်ဇင် (နိဗ္ဗာန်ဆော်ကြီး) နဲ့ ဗလီဆရာကြီးကိုလည်း သွေးဆာနေတဲ့ အကြမ်းဖက်သမားတွေက ပြင်းထန်တဲ့ ဒဏ်ရာတွေရသည်အထိ ရိုက်နှက်ခဲ့ပြန်ပါတယ်။ အပြေးကောင်းလို့ အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ ဆိုရမှာပါ။

ဈေးဗလီကို ဖျက်ဆီးလို့ အားရပြီးနောက် ညနေပိုင်း ၄ နာရီ ၀န်းကျင် အချိန်မှာတော့ အစ္စလာမ်ဘာသာဝင် အများစု နေထိုင်တဲ့ ဒဟတ်တန်း (သီရိမင်္ဂလာ) ရပ်ကွက်ကို တက်လာခဲ့ပါတယ်။

ဘာသာရေး အစွန်းရောက် ရဟန်းရှင်လူ အကြမ်းဖက်သမား အမျိုးသား၊ အမျိုးသမီး၊ လူရွယ် လူကြီး ထောင်ပေါင်းများစွာဟာ လက်နက်တွေ ကိုယ်စီ ကိုင်ဆောင်ပြီး ၎င်းတို့ရဲ့ရှေ့မှ ရဲများက ဒိုင်းများနဲ့ ကာရံပြီးတော့ သီရိမင်္ဂလာ ဒဟတ်တန်းရပ်ကွက်ဆီကို ဦးတည်လာနေလို့ မှန်လုံဗလီလို့ခေါ်တဲ့ ဒဟတ်တန်းရပ်ကွက်ရဲ့ ကျက်သရေဆောင်ဗလီကြီးကို အဖျက်ဆီးမခံရအောင် အစ္စလာမ်ဘာသာဝင် အယောက် ၆၀ လောက်က ၀ိုင်းဝန်း စောင့်ကြပ် ကာကွယ်နေခဲ့ကြရပါတယ်။

ဆယ်ဂဏန်းလောက်ရှိတဲ့ စောင့်ကြပ်နေသူများက ထောင်ဂဏန်းလောက်ရှိတဲ့ လူအုပ်ကြီးကို တက်မလာဖို့ ဟန့်တားလိုက်တိုင်း လူအုပ်ကြီးဟာ နောက်ကို ဆုတ်ဆုတ်သွားရပြီး လုံခြုံရေးတာဝန်ရှိသူ ရဲများက ကိုယ်ထူ ကိုယ်ထ ဗလီလုံခြုံရေး စောင့်ကြပ်သူများကို ခြိမ်းခြောက် ဟန့်တားမှုများ ပြုလုပ်တဲ့အခါ လူအုပ်ကြီးက ရှေ့ကို ပြန်လည် တက်လာခဲ့ကြပါတယ်။

အပြန်အလှန် ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ ဖြစ်နေစဉ်မှာပဲ လူအုပ်ကြီးက အသာစီးရတဲ့အခါတိုင်းမှာ ဒဟတ်တန်းမှန်လုံ ဗလီကြီးကို လောင်စာများ မီးရှို့ပြီး ပစ်ကြဲကြလို့ ဗလီကြီးမှာရှိတဲ့ ဖိနပ်သိမ်းစဉ်များနဲ့ အခြား မီးလောင်နိုင်တဲ့ အမိုးအကာတွေဟာ မီးလောင်နေခဲ့ပါတယ်။

လူအုပ်ရဲ့ရှေ့မှာတော့ သောဘိတလို့ခေါ်တဲ့ ဘုန်းကြီးတစ်ပါးက ခေါင်းဆောင်တစ်ဦးအဖြစ် ဦးဆောင်လှုပ်ရှားနေတာကို တွေ့ရပါတယ်။

ဦးသောဘိတရဲ့ ခါးမှာတော့ ဓားတစ်လက်ကို ချိတ်ဆွဲထားပြီး နောက်ဆုတ်သွားတဲ့ လူထုရဲ့အရှေ့မှာရှိတဲ့ ရဲများရဲ့ လုံခြုံရေးစည်းကို ကျိုးပေါက်၍ နေရာယူကာ ၎င်းရဲ့နောက်လိုက် ဘာသာရေးအစွန်းရောက်နေသူများအား အကြမ်းဖက်ဖို့ ဖိတ်ခေါ်နေပါတယ်။

ဤသို့ အယောက် ၆၀ လောက်သော ကာကွယ်သူများနဲ့၊ ထောင်ချီသော ကျူးကျော်သူများ ထိပ်တိုက် တွေ့ဆုံပြီး အတန်ကြာအောင် တင်းမာနေချိန်မှာပဲ ဦးသောဘိတတစ်ယောက် ရုတ်တရက် လူမြင်ကွင်းထဲကနေ ပျောက်ကွယ်သွားပါတယ်။

မကြာခင်မှာတော့ ဦးသောဘိတဟာ အယောက် ၆၀ ခန့်ရှိတဲ့ ကာကွယ်ရေးအင်အားစုများရဲ့ အနောက်ဘက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ ပေါ်လာပါတယ်။ ဆိုင်ကယ်မောင်းနှင်ပေးသူရဲ့အကူအညီနဲ့ နောက်ကထိုင်၍ လိုက်ပါလာတဲ့ ဦးသောဘိတဟာ ကာကွယ်ရေးသမားတွေရဲ့ ကျောဘက်မှာ ရှိနေပြီး မျက်နှာချင်းဆိုင်က မြင်နေရတဲ့ မိမိရဲ့ နောက်လိုက် ဘာသာရေး အစွန်းရောက်သူများကို ဆိုင်ကယ်ပေါ်မှ မတ်တတ်ထ၍ လှမ်းကြည့်ရင်း ကာကွယ်ရေးသမားများရဲ့ အတွင်းစည်းကို ထိုးဖောက်ဖို့ အကြံထုတ်နေခဲ့ပါတယ်။

ဆိုင်ကယ်မောင်းနှင်ပေးသူဟာ အယောက် ၆၀ ခန့်ရှိသော ကာကွယ်ရေးသမားများရှိတဲ့ လူအုပ်ကို ကြောက်ရွံ့နေသော်လည်း ဆရာတော်ကတော့ ဆိုင်ကယ်ကို အတင်းဝင်ရောက်ဖို့ ဖိအားပေးနေပါတယ်။

ခါးမှာ ချိတ်ဆွဲထားတဲ့ ဂျပန်ကင်ဒိုဓားကို လက်တစ်ဖက်က ကိုင်လိုက်ပြီးနောက် လက်တစ်ဆုပ်စာ အယောက် ၆၀ လောက်ရှိတဲ့ လူတစ်စုကို ဖြိုခွင်းဖို့ ဆိုင်ကယ်မောင်းသူကို အမိန့်ပေး၍ စက်ရှိန်မြှင့်လိုက်စဉ်မှာတော့ ကာကွယ်ရေးသမားအချို့က မြင်တွေ့သွားပြီး မိမိကိုယ်မိမိ ကာကွယ်ဖို့ အရှိန်နဲ့ ၀င်ရောက်လာနေတဲ့ ဆိုင်ကယ်ပေါ်က ဓားတ၀င်းဝင်းနဲ့ အနီရောင်ပိတ်စတလွှားလွှားဖြင့် မတ်တတ်ရပ်လျက် ၀င်လာနေသူရဲ့ ရန်ကနေ ကာကွယ်ကြရပါတော့တယ်။

ဦးသောဘိတဟာ စိတ်ဓာတ် အလွန်တတ်ကြွနေပြီး တစ်ဖက်က လက်တစ်ဆုပ်စာ အင်အားအပေါ် ကောင်းကောင်း ဖြေရှင်းနိုင်မယ်လို့ ယူဆကာ တိုက်ကွက်ပုံစံသစ်အဖြစ် ဗျူဟာပြောင်းခဲ့သော်လည်း ထင်မှတ်မထားသည့် တုန့်ပြန်မှုများကြောင့် မရှုမလှ ကျရှုံးခဲ့ရပါတယ်။

ဤအဖြစ်အပျက်ကိုတော့ ၀ီရသူအပါအ၀င် သွေးဆာနေတဲ့ ဘာသာရေးအစွန်းရောက်များကတော့ ဦးသောဘိတအပေါ် အမွှမ်းတင်၍ သမိုင်းမှားများကို လုပ်ကြံဖြန့်ဝေခဲ့ကြပါတယ်။

တကယ်တော့ မိတ္ထီလာဖြစ်စဉ်ဟာ သွေးဆာနေတဲ့ ဘာသာရေးအစွန်းရောက်တွေရဲ့ လက်တွေကို သွေးညှီနံ့တွေ စွန်းပေစွဲထင်စေခဲ့တာသာ ဖြစ်ပါတယ်။

ဘာသာရေးအစွန်းရောက်တွေ ကိုးကွယ်ရာကတော့ ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ သူတို့ကြောင့် ဗုဒ္ဓအပေါ် ကမ္ဘာက အထင်သေး ပစ်ပယ်ခံခဲ့ရပြီး ဗုဒ္ဓရဲ့ ရောင်ဝါတွေဟာလည်း မှေးမှိန်စေခဲ့ရပါတယ်။

တကယ်တော့ သောဘိတသေလို့ မိတ္ထီလာမြို့ ကျက်သရေ တုံးခဲ့တာ မဟုတ်ပါဘူး။ အစကတည်းက မိတ္ထီလာမြို့ကို ကျက်သရေတုံးအောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဝီရသူဟာ လူလိမ်ဖြစ်သလို၊ အဲ့ဒီအချိန်က ၀ီရသူရဲ့ လိမ်လည်မှုတွေကို ခါတော်မီအောင် မီဒီယာတွေက နိုင်ငံအ၀ှမ်းသို့ ၀ါဒဖြန့်ပေးခဲ့တာဟာ နိုင်ငံ့ရဲ့ပုံရိပ်ကို ထိခိုက် ကျဆင်းစေခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကလေးငယ် ဒါဇင်ပေါင်းများစွာဟာ မရှုမလှ သေဆုံးခဲ့ကြရပြီး ထောင်ချီတဲ့သူတွေဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပါတယ်။

ဒါကိုတော့ သွေးဆာနေတဲ့ ၀ီရသူနဲ့ အပေါင်းအပါတွေက သောဘိတသေလို့ ဖြစ်ရတယ်လို့ ၀ါဒဖြန့်ခဲ့ပေမယ့် ကမ္ဘာ့အသိုင်းအ၀ိုင်းမှာတော့ ဒါဟာ လုံလောက်တဲ့ အကြောင်းပြချက်အဖြစ် မရှုမြင်ကြတော့ပါဘူး။

ပြည်တွင်းမှာတော့ မွတ်စ်လင်မ် မိသားစုထောင်ပေါင်းများစွာဟာ အိုးအိမ်စွန့်ခွာပြီး ဒုက္ခသည်စခန်းများမှာ ခိုလှုံခဲ့ကြတာကိုကြည့်ခြင်းအားဖြင့် ရှုံးနိမ့်ခဲ့ရတယ်လို့ မြင်နိုင်ပေမယ့်၊ ကမ္ဘာ့အသိုင်းအ၀ိုင်းမှာတော့ သက္ကရာဇ်ထောင်ချီတဲ့အထိ မြန်မာပြည်က ဘာသာရေးနဲ့ လူမျိုးရေး အစွန်းရောက်သူတွေရဲ့သမိုင်းဟာ ကမ္ဗည်းမော်ကွန်းတွင် ကျန်ရစ်နေအုံးမှာ ဖြစ်ပါတယ်။

သျှီသျှားသားတို့ အားမငယ်ပါနဲ့။ လူပီသတဲ့ တို့ကမ္ဘာကြီးက မင်းတို့ပတ်လည်မှာ အမြဲတမ်း ၀န်းရံလျက်ပါ။


ဝီရသူနဲ့ အပေါင်းအပါတို့ အမြင်မှန်ရကြပါတော့။ လူပီသတဲ့ တို့ကမ္ဘာကြီးက မင်းတို့ပတ်လည်မှာ အမြဲတမ်း စောင့်ကြည့်နေတယ်ဆိုတာ သတိရှိကြပါ။



အလင်းမျက်ဝန်း 
kolatt(PBDN)

RangonNewsDaily

 မိတ္တိလာမြို့ရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်အိုးအိမ်များကို ဖျက်စီးနေကြသော ဗုဓ္ဒဘာသာအကြမ်းဖက်သမားများကိုတွေ့ရစဉ်

  မိတ္တိလာမြို့ရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်အိုးအိမ်များကို ဖျက်စီးနေကြပုံ

  မိတ္တိလာမြို့ရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်အိုးအိမ်များကို ဖျက်စီးနေကြသော ဗုဓ္ဒဘာသာအကြမ်းဖက်သမားများကိုတွေ့ရစဉ်

  မိတ္တိလာမြို့ရှိ အစ္စလာမ်ဘာသာဝင်များ ပိုင်အိုးအိမ်များကို ဖျက်စီးနေကြသော ဗုဓ္ဒဘာသာအကြမ်းဖက်သမားများကိုတွေ့ရစဉ်

  မိတ္တိလာမြို့ရှိ ဗုဓ္ဒဘာသာအကြမ်းဖက်သမားများရဲ့ ရက်ရက်စက်စက် မီး၇ှို့ အသတ်ခံခဲ့ရသော အစ္စလာမ်ဘာသာဝင်များရဲ့ ရုပ်ကြွင်းများ ကို ကားလမ်းအလယ်တွင်တွေ့ရစဉ်


ဗုဓ္ဒဘာသာအကြမ်းဖက်သမားများရဲ့ မီးရှို့ဖျတ်ဆီးခြင်းခံခဲ့ရသော အစ္စလာမ်ဘာသာဝင်များ ပိုင်ဗလီဝတ်ကျောင်းတော်များကိုတွေ့ရစဉ်


0 comments:

Post a Comment