Pages

Thursday, March 13, 2014

မီးရှို့မှုတွင် ဓာတုပစ္စည်းများ သုံးစွဲနေမှုနှင့် ပတ်သက်၍ မသင်္ကာဖွယ်ရာများ တွေ့ရှိ


RangonNewsDaily: March . 13 .2014
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော မီးလောင်မှု များသည် မီးရှို့မှုများ ဖြစ်ပြီး မီးရှို့မှုတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ပတ်သက်၍ မသင်္ကာ ဖွယ်ရာများ တွေ့ရှိရသည်။
မတ်လ ၈ ရက်နေ့က လောင်းဒုံး ကျေးရွာ အုပ်စု၊ ဆင်သေပြင်ရွာရှိ နေအိမ်များ၏ ခေါင်မိုးများ အထက်မှ ကပ်၍ လေယာဉ်ငယ် တစ်စီး ပျံသန်းခဲ့ရာ ဒေသခံ ရိုဟင်ဂျာများက ၀ါးလုံးဖြင့် ရိုက်ချရန် ကြိုးစား ခဲ့သော်လည်း မအောင်မြင် ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောပါသည်။

မတ်လ ၁၁ ရက်နေ့တွင် ကြက်ရိုးပြင် ကျေးရွာ အုပ်စု (ကာရီဖာရာ) အနောက်ရွာ ကျောင်းဟောင်း အနီး၊ ဈေးအနီးနှင့် လူးသေးဖာရာရွာ တို့တွင် မိုးပျံ ပူဖောင်း သဖွယ် ပျံသန်း နေသည့် ပူဖောင်း ၃ ခုကို တွေ့ရှိခဲ့ရသည်။

 ဒေသခံများက အဆိုပါ ပူးဖောင်းများကို ရိုက်ချပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ဖိတ်က ရဲစခန်းသို့ အကြောင်းကြားရာ ရဲများ လာရောက်ပြီး ဓါတ်ပုံ ရိုက်ယူ သွားခဲ့ကြောင်း သိရှိရပါသည်။ 

ရဲများက အဆိုပါ ပူဖောင်း များကို ကျေးရွာ အုပ်ချုပ်ရေး ရုံးတွင် သိမ်းဆည်း ထား၍ မှာကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အလားတူ မတ်လ ၁၂ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင်လည်း ရွက်ညိုတောင် ကျေးရွာရှိ လယ်မြေများ ပေါ်မှ ပျံသန်း သွားသော လေထိုးထားသည့် လေယာဉ် ပူဖောင်း တစ်စီးကို တွေ့ရှိ ခဲ့ပြီး၊ ဒေသခံများက ရိုက်ချ၍ သိမ်းဆည်း ခဲ့သည်။ 

ထို့အတူ ဒုတန်းကျေးရွာတွင်လည်း ငါးရုပ် ပူဖောင်း တစ်ခု ပျံသန်းနေသည်ကို ရွာသားများက ရိုက်ချ၍ သိမ်းဆည်း နိုင်ခဲ့သည်။ တစ်ပုံစံတည်း ငါးရုပ်နှင့် ငှက်ရုပ် ပူဖောင်း များကို လောင်းဒုံး ကျေးရွာတွင် တစ်ခု၊ အထက်ပြူးမ ကျေးရွာတွင် တစ်ခုနှင့် ငါးစားကြူး ကျေးရွာတွင် ၃ ခု တွေ့ရှိခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

“တကယ်တော့ ကျွန်တော်တို့ ဒေသမှာ ဒီလို ကစားစရာ ပုံစံမျိုးတွေ မရှိဘူး။ ဒါကို လူတိုင်းက သာမာန် ပူဖောင်းလို့ ပြောကြမှာပါ။ ဒါပေမယ့် ဒုတန်းမှာ ရတဲ့ ငါးရုပ်ထဲက အမှုန့်တွေ ထွက်လာတယ်။ အဲဒီ အမှုန့်တွေက ဓာတု အမှုန့်ဆိုတာ အတည်ပြုလို့ ရပါတယ်။ 

ဘာလဲဆိုတာတော့ ကျွန်တော်တို့ ဓါတ်ခွဲခန်းမှာ စမ်းသပ်မှ ရမယ်။ သေချာတာကတော့ ဒီ ဓာတု အမှုန့်က ဖြူးပြီး နေပူရှိန်နဲ့ ထိရင် နှစ်နာရီ လောက်အတွင်း မီးအားပြင်းပြင်း လောင်နိုင်တယ်။ ဟိုနေ့က ဆင်သေပြင်နဲ့ ဖန်မြောင်းမှာ လောင်တဲ့ မီးက အင်မတန် အရှိန်ပြင်းပါတယ်။ 

သာမာန် ရှို့မီးဆိုရင် အိမ်တိုင်တွေ ကျန်ပါတယ်။ အခုမီးမှာ အိမ်တိုင်တွေတောင် မကျန်ဘဲ လောင်သွားတယ်။ 

အဲဒါကြောင့် ကျွန်တော်တို့ ဒေသမှာ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်တွေ လာပြီး စစ်ဆေးဖို့ လိုနေပါပြီ။ ကျွန်တော်တို့ အနေနဲ့ အတော်လေး စိုးရိမ်နေရတယ်” ဟု ဓာတုဗေဒနဲ့ ပတ်သက်၍ ဗဟုသုတ ရှိသည့် ဒေသခံ လူငယ် တစ်ဦးက RB News သို့ပြောပါသည်။ 

“အခုလို ရွာလုံးကျွတ် မီးရှို့ပြီး ကျွန်တော်တို့ကို ဒုက္ခသည် ဘ၀ ပို့ဖို့ စီစဉ်နေတာပါ။ ကျွန်တော်တို့ကို ဒုက္ခ ပင်လယ်နက်ထဲကို ထည့်မယ်။ မခံနိုင်ရင် စက်လှေတွေနဲ့ ထွက်ပြေးမယ်။ ဒါက လူမျိုးတုန်း သန့်စင်ရေး မူဝါဒ အရလုပ်နေ တာလို့သာ ပြောရမယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ 

တင်း အချက်အလက် အချို့ကို MYARF နှင့် Sindi Khan တို့မှ ကူညီပံ့ပိုးသည်။ 

(ဓါတ်ပုံ - ဒေသခံများ ၀ါးလုံးများဖြင့် ရိုက်ချ၍ သိမ်းဆည်းရမိသည့် ဓာတု အမှုန့် ပါဝင်သည့် ပူဖောင်းများ) 

RB News ::--kolatt(PBDN)
RangonNewsDaily





0 comments:

Post a Comment