Pages

Thursday, March 13, 2014

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ လေးသောင်းကျော် ပျက်ကွက်


RangonNewsDaily: March . 13 .2014
ပညာရေး ဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ဖြေဆိုရန် စာရင်းသွင်းထားသူ ၄၆,၈၀၂ ဦး ပျက်ကွက်ခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောကြားသည်။တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့် ရရှိသူ ၅၈၈,၆၁၂ ဦးအနက် ၅၄၁,၈၁၀ ဦးသာ လာရောက်ဖြေဆိုခဲ့ပြီး ပြည်ပ စာဖြေဌာန ၁၅ ခုက ပျက်ကွက်သူ စာရင်းနှင့် ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်းလုပ်သား ကလေးငယ်များ တက္ကသိုလ်ဝင်ခွင့် ပျက်ကွက်မှု စာရင်းများကိုမူ ည ၇ နာရီ အချိန်ထိ စာရင်း မရရှိထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ပြည်ပ စာဖြေဌာနများ အနက် စင်ကာပူနိုင်ငံက ဖြေဆိုသူ အများဆုံး ဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် စာဖြေဌာနများမှ စာရင်း တင်သွင်းသူ ၈၀ ဦးအထိ ရှိကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

အလားတူ ရွှေ့ပြောင်းလုပ်သား ကျောင်းသား၊ ကျောင်းသူ ၁၃၉ ဦး ဖြေဆိုခွင့် ပြုထားပြီး မြန်မာစာ ဘာသာရပ်အတွက် ဖြေဆို စာရင်းကိုမူ မသိရှိရသေးကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ပြောဆိုသည်။

၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် ပြည်တွင်း၊ ပြည်ပ စာဖြေဌာန ၁၂၈၇ ခု ဖွင့်ထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment