Pages

Thursday, March 13, 2014

မောင်းတောမြို့နယ်မှ မီးရှို့မှု အရေးပေါ်သတင်း


RangonNewsDaily: March . 13 .2014
ယနေ့ နံနက် (၁၀) နာရီကျော်ခန့်တွင် မောင်းတောမြို့နယ်မြောက်ပိုင်းရှိ ဒိုးတန်းကျေးရွာမှ ‘မရ်ကဇ်’ ဗလီကြီးအ ခေါင်မိုးအပေါ်တွင် Remote control သုံး
၍ ထိန်းချုပ်သည့်စနစ်ဖြင့် ကစားသည့် လေယာဉ်ရုပ်တစ်ခု ပျံသန်း လျက်ရှိရာ ရွာသားများမှ သတိထားမိသောကြောင့် ဝါးလုံးရှည်ဖြင့် ရိုက်ခတ်ဖျက်ချလိုက်သည်။ ကံကောင်း၍ ဗလီ ကြီး မီးလောင်ကျွမ်းခြင်းမှ သီသီကလေး လွတ်မြောက်ခဲ့လေသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နီးစပ်ရာ ရဲစခန်းသို့ အကြောင်းကြားရာ ရဲများလာရောက်ပြီး ထိုသက်သေခံပစ္စည်းကို အပါယူဆောင်သွားခဲ့သည် မှအပ တစ်စုံတစ်ရာအရေးယူဆောင်ရွက်မှုများ မရှိပေ။

နေ့လည်အချိန်တွင် ထိုအနီးအနားရှိ ငါးစားကြူးကျေးရွာ၌လည်း အဆိုပါ သံသယဖြစ်ဖွယ် ကစားစရာရုပ်တစ်ခု ကို ရွာသားများတွေ့မြင်ခဲ့၍ ဖြေကြည့်ရာ ယင်းအရုပ်ထဲမှ ဓါတ်ငွေ့တစ်မျိုး အငွေ့အသက်ကြောင့် လူတစ်ဦး မူးမေ့ လဲကျခဲ့သည်ဟု အမည်မဖော်လိုသူ တစ်ဦးက တယ်လီဖုန်းဖြင့် ဆက်သွယ်သတင်းပေးခဲ့သည်။ 

ည (၈) နာရီခန့်က တဖန် ယမန်နေ့က မီးရှို့ခံခဲ့ရသည့် ဆင်သေပြင်ကျေးရွာတွင် အဆိုပါ ဓါတုဓါတ်ငွေ့တပ်ဆင် ထားသည့် အရုပ်တစ်ခုကြောင့် နောက်ထပ်အိမ်တစ်အိမ် ထပ်မံ ထမီးလောင်ကြရာ ရွာသားများဝိုင်းဝန်းပြီး မီး သတ် နိုင်ခဲ့လေသည်။

ယမန်နေ့ ဆင်သေပြင်ကျေးရွာတွင် ဤနည်းအတိုင်း မီးရှို့ခဲ့မှုကြောင့် အိမ်ခြေ (၁၀၀) ကျော် မီးလောင်ပြာချခဲ့ရ လေသည်။ သို့ရာတွင် မီးရှို့တရားခံကို လိုက်လံဖမ်းဆီးအရေးယူမည့်အစား မူလမီးစ ထလောင်ခဲ့သည့် အိမ်ပိုင် ရှင် အမျိုးသမီးကိုသာ ကြိမ်ချောင်းရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့လေသည်။

မြန်မာစစ်အာဏာပိုင်များနှင့် ရခိုင်အမျိုးသားများသည် ရိုဟင်ဂျာတို့၏ အသက်အိုးအိမ်နှင့် စည်းစိမ်များအပေါ် ဤ မျှအောက်တန်းကျစွာ တိုက်ခိုက်လာနေခြင်းသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းနေ ရိုဟင်ဂျာများသည် အရေးပေါ် အကာအကွယ်လိုအပ်လျက်ရှိကြောင်း သက်သေခံနေခြင်းဖြစ်ပါသည်။

Credit - Ko Ko Linn

မှတ်ချက် ။။ Ko Ko Linn ရေးထားသော သတင်းလုံးဝမှန်ကန်ပါသည်။ ရခိုင်အုကြမ်းဖက်သမားများနှင့်
နာဇီအစိုးရပူးပေါင်းပြီး ရိုဟင်ဂျာအိမ်များအား အခုလိုနောက်ဆုံးပေါ် စက်ကိရိယာများ
သုံးပြီး စနစ်တကျ
မီးရှို့နေတာပါ.

Remote Control ဖြင့်မီးရှို့နိုင်သောHelicopter အား iphone / ipod / ipad or Android ဖုန်း
များဖြင့် 
၅ မီတာအကွာအဝေးမှ နေပြီး မီးရှို့နိုင်သည်။ 

0 comments:

Post a Comment