Pages

Tuesday, March 25, 2014

ရခိုင်တွင် သန်းခေါင်စာရင်းသပိတ်လုပ်ငန်းစတင်သည့်အနေနှင့် အိမ်များတွင်သာသနာ့အလံများ စိုက်ထူ


RangonNewsDaily: March . 25 .2014
ရခိုင်များက သန်းခေါင်စာရင်းသပိတ်လုပ်ငန်းစတင်သည့်အနေနှင့်နေအိမ်များတွင် သာသနာ့အလံများလွင်ထူထားသည်ကို တွေ့မြင်
ရသည်။ယင်းနှင့်ပတ်သက်ပြီးမီဒီယာများသို့ သတင်းစာရှင်းလင်းပွဲကို မတ်လ(၂၃)ရက်နေ့က စစ်တွေ စစ်ကဲတော်မင်းကျောင်းတိုက်
တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအပါအ၀င် ရခိုင်ပြည်လုံးဆိုင်ရာ ဘင်္ဂလီသန်းခေါင်စာရင်း တိုက်ဖျက်ရေးကော်မ
တီ အစည်းအဝေးကအောက်ပါဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

၁။ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ထည့်သွင်းမှုကိုကန့်ကွက်သောကြောင့် ရခိုင်တိုင်းရင်းသားများက သန်းကောင်စာရင်း

အကောက်မခံဘဲသပိတ်မှောက်မှုလုပ်ငန်း ယနေ့မှစတင်လိုက်သည်။

၂။ သန်းခေါင်စာရင်းအကောက်မခံဘဲ သပိတ်မှောက်မှုကိုပြသသည့်အနေဖြင့်ရခိုင်တိုင်းရင်းသားအိမ်တိုင်းတွင် သာသန
အလံ
ကို လွှင့်ထူထားကြရန်။

၃။ သန်းခေါင်စာရင်းကောက်ဝန်ထမ်းအားလုံးနီးပါးသည် ရခိုင်တိုင်းရင်းသား ဆရာ/မ များဖြစ်ရာ လ၀က က ရိုဟင်ဂျာ ထည့်သွင်း

ရမည်ဟု အတင်းအကျပ်စေခိုင်းလာလျင် သန်းခေါင်စာရင်းတာဝန်မှ နုတ်ထွက်ကြရန် တိုက်တွန်းကြောင်းပါရှိသည်။

နုမရခိုင်
News Watch Journal , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment