Pages

Tuesday, March 25, 2014

ဆရာတော် ဦးဝီရသူ ဦးဆောင်သည့် မန္တလေး မ-ဘ-သအဖွဲ့မှ အတုမရှိ သတင်း ဂျာနယ် ထုတ်ဝေမည်


RangonNewsDaily: March . 25 .2014
အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (မဘသ) မှ အတုမရှိ သတင်း ဂျာနယ် အမည်ဖြင့် သတင်း ဂျာနယ် တစ်စောင်ကို နှစ်သစ်ကူး သင်္ကြန် ပြီးသည့် အချိန်တွင် စတင် ထုတ်ဝေ ဖြန့်ချိ သွားမည် ဖြစ်ကြောင်း၊ မန္တလေးမြို့၊ မစိုးရိမ်တိုက် သစ်ဆရာတော် ဦးဝီရသူက The Messenger သတင်းစာသို့ မိန့်ကြားသည်။
““အင်းစိန်မှာ ထုတ်နေတဲ့ သာကီသွေး ဂျာနယ် လိုမျိုး ထုတ်ဝေ ဖို့ပါ။ အမျိုးသားရေး သတင်းကို အဓိက ဖော်ပြ သွားမှာပါ။ အမျိုး သားရေးအသိနဲ့ အမျိုသားရေး အမြင်ကို ပြည်သူတွေ မပြတ် အသိပေး ချင်လို့ပါ။ တစ် လကိုနှစ်ကြိမ် ထုတ်ဝေ သွားမှာပါ””ဟု ၄င်းက ပြောသည်။

မကြာမီ ထွက်ရှိမည့် အတုမရှိ သတင်း ဂျာနယ်၏ အယ်ဒီတာ အဖြစ် The Voice သတင်းစာနှင့် RFA သတင်း ဌာနတို့တွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသူ ကိုစန်းဦးက တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး၊ သတင်း ထောက်များကိုလည်း အသင့် ခန့်အပ် ထားပြီး ဖြစ်ကြောင်း မ-ဘ-သ အဖွဲ့ မှ သိရသည်။ 

အဆိုပါ သတင်း ဂျာနယ်ကို လစဉ် လ ဆန်းရက်နှင့် လဆုတ် ရက်များတွင် တစ်လ လျှင်နှစ်ကြိမ် ထုတ်ဝေ မည်ဖြစ်ပြီး၊ မြန်မာ တစ်နိုင်ငံလုံးရှိ မ-ဘ-သ အဖွဲ့အစည်း များမှ တစ်ဆင့် အခ ကြေးငွေဖြင့် ဖြန့်ချိ သွားမည်ဖြစ် ကြောင်း အဆိုပါ အဖွဲ့မှ သိရသည်။ 

ဆရာတော် ဦးဝီရသူသည် ယခုလ အတွင်း ရခိုင် ပြည်နယ်သို့ သွားရောက်၍ ဒေသခံ လူငယ် များအား မီဒီယာ သင်တန်း ပို့ချသင် ကြားပေးခဲ့ပြီး၊ ယင်းကဲ့သို့ သင်ကြားမှုသည် ယခု ထုတ်ဝေမည့် ဂျာနယ် အတွက် သင်တန်းပေး ခြင်းမဟုတ်ဘဲ ဒေသခံ လူငယ်များ လူမှုကွန် ရက်ကို အပျော်တမ်း အသုံးပြုခြင်း ထက်အကျိုး ရှိရှိ အသုံးပြု တတ်ရန် သင်တန်း ပေးခြင်းသာ ဖြစ်ကြောင်း မစိုးရိမ် တိုက်
သစ် ဆရာတော် ဦးဝီရသူက မိန့်သည်။

Messenger News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment