Pages

Tuesday, March 25, 2014

ဘတ်စ်ကား ပြတင်းပေါက်ဖွင့်ရာမှ ခရီးသည်အချင်းချင်း ဓားထိုးမှုဖြစ်

RangonNewsDaily: March . 25 .2014
ခရီးသည်တင် ဘတ်စ်ကားပေါ်တွင် ပြတင်းပေါက်တံခါးဖွင့်သည့် ကိစ္စဖြင့် ခရီးသည်အချင်းချင်း စကား များရာမှ ဓားထိုးမှုဖြစ်ပွားခဲ့သဖြင့် တာမွေရဲစခန်းက မတ် ၂၂ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်။
အဆိုပါ ဖြစ်စဉ်မှာ မတ်လ ၂၂ ရက် နံနက်ပိုင်းက ၁၀၅ ယာဉ်လိုင်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆို သည်။
အမှုတွင် သန်းအောင် (၃၆)နှစ်သည် ကြက်/ဘဲဈေးမှတ်တိုင်မှ (၁၀၅)ယာဉ် လိုင်းဖြင့် ပန်းဘဲတန်းမြို့နယ် ၂၈ လမ်းသို့ သွားရောက်ခဲ့ပြီး တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းနှင့် ဓမ္မဒါနာလမ်းကြားအရောက်တွင် အသက်ရှူကျပ်သဖြင့် ကားပြတင်းပေါက်အား ထဖွင့်ခဲ့သည်ဟု ဆိုထားသည်။
ထိုအချိန်တွင် ယာဉ်ပေါ်တွင် ခုံချင်းကပ်လျက် စီးနင်းလိုက်ပါလာသူ (အမည်မသိ လူမြင်မှတ်မိ) အမျိုးသား တစ်ဦးနှင့် စကားများရာမှ အသွားလေးလက်မခန့်ရှိ ခေါက်ဓားဖြင့် ထိုးခံရခြင်းဖြစ်သည်ဟု ရဲထံ ပြောပြ ထားသည်။

ထို့ကြောင့် ၀ဲဘက်နောက်ကျောအလယ် ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရသည်ဟု ဆိုသည်။

ယင်းကြောင့် သန်းအောင်၏ အစ်ကိုဖြစ်သူ အောင်နိုင်ဦးက ဓားဖြင့် ထိုးသွားသူကို စုံစမ်းအရေးယူပေးရန် အမှုဖွင့် တိုင်တန်းထားသည်။

အဆိုပါတိုင်တန်းမှုကို တာမွေရဲစခန်း က (ပ)၁၅၀/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းနေရာ ဖမ်းဆီးရမိပါက နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အရေးယူ သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment