Pages

Tuesday, March 25, 2014

ရုရှား တပ်ဖွဲ့ဝင်များ ကရိုင်းမီးယားရှိ ရေတပ်စခန်းကို သိမ်းပိုက်


RangonNewsDaily: March . 25 .2014
၎င်းတို့၏ စစ်အခြေစိုက် စခန်းတစ်ခုကို အရပ်မျက်နှာနှစ်ခုမှနေ၍ ရုရှားတို့ကတိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေး ဝန်ကြီး
 ဌာနမှ ပြောရေးဆိုခွင့် ရှိသူ"ဗလာဒီဆလဗ် စလေနီယော့"က BBC သို့ ပြောကြားလိုက်သည်ဟု ဆိုသည်။
၎င်း တိုက်ခိုက်မှုမှာ ၄၈နာရီအတွင်း"ဖေဒိုဆီယာ"ရေတပ်စခန်းကိုသုံးကြိမ်မြောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများ ပါဝင်သော G7အုပ်စုမှ ယူကရိန်းအကျပ်အတည်းကိုစုစည်း၍တုံ့ပြန်ရန်The Hageမြို့တွင်စဉ်းစားနေကြပြီ
 ဖြစ်သည်။ ကမ္ဘာ့နျူကလီးယားလုံခြုံရေးခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ထိပ်သီးအစည်းအဝေးတွင်ယူကရိန်းအကျပ်အတည်းကို
လည်း G7ခေါင်းဆောင်များကဆွေးနွေးမည် ဖြစ်သည်။

ယင်းနျူကလီးယား အစည်းအဝေးပွဲကို ရုရှားသမ္မတ"ဗလာဒီမာ ပူတင်"ကမတက်ရောက်ပဲ နိုင်ငံခြားရေးဝန်ကြီးကိုအစားထိုး

 တက်ရောက်စေမည်ဖြစ်သည်။

ယခုကျဆုံးသွားသော "ဖေဒိုဆီယာ"ရေတပ်စခန်းမှာ ယူကရိန်းနိုင်ငံ၏ ထိန်းချုပ်ထားသော စခန်းများထဲမှ နောက်ဆုံးစခန်းဖြစ်
သည်။ အခြားစခန်းနှစ်ခုကိုသောကြာနေ့ကတည်းက ရုရှတို့ကသိမ်းပိုက်ထားပြီးဖြစ်သည်။

●အရေးကြီးဆုံးမေးခွန်းမှာယခုကိစ္စအပေါ်အနောက်နှင့်ယူကရိန်းတို့ကမည်သို့ တုံ့ပြန်မည်နည်း။●နောက်မေးခွန်းတစ်ခု
မှာ ရုရှား
တို့ကမည်သို့ ထပ်မံအကွက်ရွေ့ဦးမည်နည်း။

(၄င်းမေးခွန်းများကို BBC မှ ဒေးဗစ် စတန်းက ယူကရိန်းမြို့တော်"ကီယဗ်"မြို့တွင် မေးမြန်းခဲ့သည်။)

LYT (Ref:BBC)
Popular Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment