Pages

Wednesday, February 5, 2014

" ‘ဥ’ ရိုက်ခဲ့တဲ့ ရွာမှာပဲ ပြန်ပေး ရုပ်ရှင်ဇာတ်ကားကို သွားရိုက်မယ့် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)"

Photo: " ‘ဥ’ ရိုက်ခဲ့တဲ့ ရွာမှာပဲ ပြန်ပေး ရုပ်ရှင်ဇာတ်ကားကို သွားရိုက်မယ့် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)"
Wednesday, February 5, 2014

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က “ရှေးဟောင်းချစ်သူ” ဇာတ်ကားကို နေမင်း၊ မိုးဟေကိုတို့နဲ့ ရိုက်ကူး နေပါတယ်။ ဒီဇာတ်ကားက စာရေး ဆရာမညေး ရဲ့ ဝတ္ထုဖြစ်ပြီး လူငယ်တွေ ကို အသိပညာ ပေးချင်တဲ့ ဇာတ် လမ်းမျိုးဖြစ်ကြောင်း ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။ အကယ်ဒမီ ရရှိပြီးတဲ့ နောက်ပိုင်း ၂ဝ၁၄မှာ ပရိ သတ်တွေ အတွက် အမြင်ဆန်းစေမယ့် ဘယ်လို ဇာတ်လမ်းတွေ ရိုက်ကူးပေးသွားမလဲ လို့မေးတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က “အဲဒီလို မျိုးတော့ မရှိသေးဘူး။ အကုန်လုံး က မပြောင်းလဲကြသေးတဲ့ အချိန် မှာဘာမှ လုပ်လို့ မရသေးဘူး။ ပရိသတ်လည်း ဘယ်လောက် ပြောင်းလဲဦးမလဲပေါ့။ ကျွန်တော်တို့ ဘက်ကလည်း တစ်ယောက်ထဲ လုပ်ရတာ မဟုတ်ဘူး။ အများနဲ့ လုပ်ရတာ ဆိုတော့ ကျွန်တော်တို့ ဘက်က လူတွေကလည်း ဘယ်လောက် ပြောင်းလဲဦးမလဲ ဆိုတဲ့ အပေါ်မှာ မူ တည်သေးတယ်။ လူတွေ အကုန်လုံးက စုစုစည်းစည်း ညီညီ ညွတ်ညွတ်နဲ့ လုပ်ရမယ့် အလုပ် တစ်ခုမှာ ပရမ်းပတာ ဖြစ်နေတော့ အဲဒါကို အရင်ဆုံး စုစု စည်းစည်းလေး လုပ်ရဦးမယ်”လို့ ပြောပါတယ်။

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က အကယ်ဒမီ ရရှိတဲ့အတွက် ဆရာ သမားတွေနဲ့ ဘုန်းဘုန်းတွေကို လိုက် ကန်တော့ဖြစ်ကြောင်း ပြောပါ တယ်။ အောင်ဇမ္ဗူတောရ ဆရာတော် က ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ကို သိန်း၂ဝဆု ချသလို၊ ချောရတနာ ကိုလည်း ၁ဝသိန်း ဆုချလိုက်ကြောင်း သိရပါတယ်။ “ဥ”ရုပ်ရှင် ဇာတ်ကား ရိုက်ကူး ခဲ့တဲ့ ပုပ္ပါးဘက်က “ဆယ်ပေါက်” ရွာမှာ “ပြန်ပေး” ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ ကို ဇော် (အရုဏ်ဦး)က ရန်အောင်၊ လူမင်း၊ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ မိုးဟေကို တို့နဲ့ သွားရောက် ရိုက်ကူး ရင်း အဲဒီရွာမှာ အလှူပြုလုပ်ဖို့ ရှိ ကြောင်းကိုလည်း ဒါရိုက်တာကို ဇော်(အရုဏ်ဦး)က “ဇန်နဝါရီ၂ရက်နေ့ အကယ်ဒမီ ဧည့်ခံပွဲပြီးတော့ ၃ရက် နေ့မှာ အဲဒီရွာ ကို ရောက်သွားပါသေးတယ်။ 

ကျွန်တော် ရိုက်ခဲ့တဲ့ အိမ် နဲ့ အနီးနား ပတ်ဝန်းကျင်ကလူတွေ ကို အခွေ နဲ့စားစရာ၊ သောက်စ ရာတွေ၊ မုန့်တွေ သွားပေးဖြစ်တယ်။ ဒါပေမဲ့ တစ်ရွာလုံး ကိုတော့ ဖေဖော်ဝါရီ ၁၆ရက်နေ့ “ပြန်ပေး” ရုပ်ရှင်သွား ရိုက်ရင်း စတုဒိသာ ကျွေးပါမယ်” လို့ ပြောပါတယ်။ “ပြန်ပေး” ရုပ်ရှင် ဇာတ်ကား က သော် တာဆွေ ရဲ့ ဟာသ ဝတ္ထုတို ၅ခုကို ပေါင်းထားတဲ့ ဇာတ်လမ်း ဖြစ်ပြီး “ဥ” နဲ့ ပုံစံချင်း မတူတဲ့ ဟာသဇာတ်လမ်း တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ ဇာတ်ကား တိုင်းကို အကယ်ဒမီ မှန်းပြီး ရိုက်လေ့ မရှိဘဲ ဇာတ်ကားတိုင်းကို အကောင်းဆုံး ဖြစ်အောင်ပဲ ရိုက်ကူးပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေ အကုန်လုံးက ညီညီ ညွတ်ညွတ် နဲ့ စုစုစည်း စည်း လုပ်မယ် ဆိုရင်တော့ အောင်မြင်တဲ့ ဇာတ်ကားဖြစ် မှာပါ လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

RangonNewsDaily: February . 4 .2014
ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က “ရှေးဟောင်းချစ်သူ” ဇာတ်ကားကို နေမင်း၊ မိုးဟေကိုတို့နဲ့ ရိုက်ကူး နေပါတယ်။ ဒီဇာတ်ကားက စာရေး ဆရာမညေး ရဲ့ ဝတ္ထုဖြစ်ပြီး လူငယ်တွေ ကို အသိပညာ ပေးချင်တဲ့ ဇာတ် လမ်းမျိုးဖြစ်ကြောင်း ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ပြောပါတယ်။ အကယ်ဒမီ ရရှိပြီးတဲ့ နောက်ပိုင်း ၂ဝ၁၄မှာ ပရိ သတ်တွေ အတွက် အမြင်ဆန်းစေမယ့် ဘယ်လို ဇာတ်လမ်းတွေ ရိုက်ကူးပေးသွားမလဲ လို့မေးတော့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က “အဲဒီလို မျိုးတော့ မရှိသေးဘူး။ အကုန်လုံး က မပြောင်းလဲကြသေးတဲ့ အချိန် မှာဘာမှ လုပ်လို့ မရသေးဘူး။ ပရိသတ်လည်း ဘယ်လောက် ပြောင်းလဲဦးမလဲပေါ့။ 
 
ကျွန်တော်တို့ ဘက်ကလည်း တစ်ယောက်ထဲ လုပ်ရတာ မဟုတ်ဘူး။ အများနဲ့ လုပ်ရတာ ဆိုတော့ ကျွန်တော်တို့ ဘက်က လူတွေကလည်း ဘယ်လောက် ပြောင်းလဲဦးမလဲ ဆိုတဲ့ အပေါ်မှာ မူ တည်သေးတယ်။ လူတွေ အကုန်လုံးက စုစုစည်းစည်း ညီညီ ညွတ်ညွတ်နဲ့ လုပ်ရမယ့် အလုပ် တစ်ခုမှာ ပရမ်းပတာ ဖြစ်နေတော့ အဲဒါကို အရင်ဆုံး စုစု စည်းစည်းလေး လုပ်ရဦးမယ်”လို့ ပြောပါတယ်။

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က အကယ်ဒမီ ရရှိတဲ့အတွက် ဆရာ သမားတွေနဲ့ ဘုန်းဘုန်းတွေကို လိုက် ကန်တော့ဖြစ်ကြောင်း ပြောပါ တယ်။ အောင်ဇမ္ဗူတောရ ဆရာတော် က ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)ကို သိန်း၂ဝဆု ချသလို၊ ချောရတနာ ကိုလည်း ၁ဝသိန်း ဆုချလိုက်ကြောင်း သိရပါတယ်။ 
 
“ဥ”ရုပ်ရှင် ဇာတ်ကား ရိုက်ကူး ခဲ့တဲ့ ပုပ္ပါးဘက်က “ဆယ်ပေါက်” ရွာမှာ “ပြန်ပေး” ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ ကို ဇော် (အရုဏ်ဦး)က ရန်အောင်၊ လူမင်း၊ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ မိုးဟေကို တို့နဲ့ သွားရောက် ရိုက်ကူး ရင်း အဲဒီရွာမှာ အလှူပြုလုပ်ဖို့ ရှိ ကြောင်းကိုလည်း ဒါရိုက်တာကို ဇော်(အရုဏ်ဦး)က “ဇန်နဝါရီ၂ရက်နေ့ အကယ်ဒမီ ဧည့်ခံပွဲပြီးတော့ ၃ရက် နေ့မှာ အဲဒီရွာ ကို ရောက်သွားပါသေးတယ်။

ကျွန်တော် ရိုက်ခဲ့တဲ့ အိမ် နဲ့ အနီးနား ပတ်ဝန်းကျင်ကလူတွေ ကို အခွေ နဲ့စားစရာ၊ သောက်စ ရာတွေ၊ မုန့်တွေ သွားပေးဖြစ်တယ်။ ဒါပေမဲ့ တစ်ရွာလုံး ကိုတော့ ဖေဖော်ဝါရီ ၁၆ရက်နေ့ “ပြန်ပေး” ရုပ်ရှင်သွား ရိုက်ရင်း စတုဒိသာ ကျွေးပါမယ်” လို့ ပြောပါတယ်။
 
“ပြန်ပေး” ရုပ်ရှင် ဇာတ်ကား က သော် တာဆွေ ရဲ့ ဟာသ ဝတ္ထုတို ၅ခုကို ပေါင်းထားတဲ့ ဇာတ်လမ်း ဖြစ်ပြီး “ဥ” နဲ့ ပုံစံချင်း မတူတဲ့ ဟာသဇာတ်လမ်း တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ 
 
ဇာတ်ကား တိုင်းကို အကယ်ဒမီ မှန်းပြီး ရိုက်လေ့ မရှိဘဲ ဇာတ်ကားတိုင်းကို အကောင်းဆုံး ဖြစ်အောင်ပဲ ရိုက်ကူးပြီး ပါဝင်တဲ့ သရုပ်ဆောင်တွေ အကုန်လုံးက ညီညီ ညွတ်ညွတ် နဲ့ စုစုစည်း စည်း လုပ်မယ် ဆိုရင်တော့ အောင်မြင်တဲ့ ဇာတ်ကားဖြစ် မှာပါ လို့ ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment