Pages

Wednesday, February 5, 2014

ဝန်ကြီးဦးအုန်းမြင့် ပြောစကား ပြည်မြို့တွင် တစ်ကိုယ်တော်ဆန္ဒပြ

Photo: |၀န်ကြီးဦးအုန်းမြင့် ပြောစကား ပြည်မြို့တွင် တစ်ကိုယ်တော်ဆန္ဒပြ|
Wednesday, February 5, 2014

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ နယ်လှည့်ပါးရိုက်နေတယ်ဟု
ပြောခဲ့သော စကားအား မကျေနပ်သည့်အတွက် ပြည်မြို့၌ ဖေဖော်ဝါရီ ၄ ရက်နံနက်က တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။ထိုနေ့နံနက် ၉ နာရီတွင် ရှေ့နေ ဦးမြင့်အေးသည် တပ်လမ်းရှိ၎င်း၏နေအိမ်မှ လမ်းရှည်လမ်းနှင့် လမ်းမတော်လမ်း မှတစ်ဆင့်မြင်းစီးကျောက် ရုပ်ရှေ့သို့ လမ်းလျှောက်ကာ မြင်းစီးကျောက်ရုပ်မှ
၎င်း၏နေအိမ်သို့ပြန်ခဲ့ပြီး ဆန္ဒပြမှုကို ရပ်နားခဲ့သည်။

ဦးမြင့်အေးသည်ဆန္ဒပြရာတွင် ' ပြည်ထောင်စုဝန်ကြီးအုန်းမြင့် နယ်လှည့်ပြီး
ပြည်သူကိုပါးမရိုက်ပါနဲ့။ ကျုပ်တစ်ယောက်တည်းကို သူတို့ကိုယ်စား ပါးရိုက်လိုက်ပါ၊ အချက်သန်း ၆၀ ရိုက်ပါ၊ အားရင် ကျုပ်ကိုပါးလာရိုက်ပါ၊ ပါးကောင်းလို့ လက်ဝါးတောင်းတာပါ ' စာသားပါ ဗီနိုင်းပိုစတာတစ်ခုကိုကိုင်
ဆောင်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက လမ်းလျှောက် ဆန္ဒပြရခြင်း သည် ပြည်ထောင်စုအဆင့်ရှိ ၀န်ကြီးတစ်ဦးက ပြည်သူလူထုကို မပြောသင့်၊ မပြောထိုက်သည့် စကားများပြောဆိုသည့်အတွက် ၀န်ကြီးအဖြစ် အသိ အမှတ်မပြုဘဲ ဆန္ဒပြသပိတ်မှောက်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

' ပြည်ထောင်စု အဆင့်ရှိတဲ့ ၀န်ကြီးတစ်ယောက်အနေနဲ့ ပြည်သူ လူထုကို ဒါမျိုးမပြောသင့်ဘူး။ကျွန်တော့် အနေနဲ့ မကျေနပ်တဲ့အတွက် သူ့ကို ၀န်ကြီးအဖြစ် အသိအမှတ် မပြုတော့ဘူး။ သပိတ်မှောက်လိုက်ပြီ။ သပိတ် မှောက်တယ်ဆိုတာ သူ့ကိုဂရုမစိုက်တော့ဘူး။ အသိအမှတ်လည်း မပြုတော့ဘူး ' ဟု သူက ပြောဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ပြည်သူလူထုကို ပြန်လည်
တောင်းပန်သင့်ပြီး လွှတ်တော်ကလည်း အဆိုပါဝန်ကြီးကို ခေါ်ယူဆုံးမသင့်
ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။
' ပြည်ထောင်စုလွှတ်တော်က ပညာပေးသင့်တယ်။ ခေါ်ယူဆုံးမသင့် တယ်။ နောက်နောင်ပြည်သူလူထုကို ဒီလို မပြောပါနဲ့ဆိုတာကို။
ပြည်သူလူထု ကိုလည်း သူ့အနေနဲ့ ပြန်ပြီးတောင်းပန်သင့်တယ်။ အဲဒါမျိုးဖြစ်စေချင်တယ် ' ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး က ဆိုသည်။

ဆန္ဒပြခြင်းကို တားမြစ်သော်လည်း ဆက်လက်ဆောင်ရွက်သည့် အတွက် ဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ်မျိုးဝင်းက ပြောဆိုသည်။

' တရားဝင်ဥပဒေအရ ခွင့်ပြုချက်တင်ပြီးမှ ဆန္ဒပြဖို့ တားဆီးတာကို သူက သူ့သဘော အတိုင်းဆက်လုပ် သွားမယ်ဆိုတော့ ကျွန်တော်တို့က ဥပဒေ အတိုင်းပဲ အရေးယူဆောင်ရွက် သွားရမှာပေါ့ 'ဟု ၎င်းက ပြောဆိုသည်။
ဆန္ဒပြမှုအကြောင်း အရာကိစ္စနှင့် ပတ်သက်၍ ပြည်မြို့ အမှတ်(၁) ရဲစခန်းတွင် ရှေ့နေဦးမြင့်အေးကို (ပ) ၃၇/၂၀၁၄ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်။

လက်ရှိတွင် တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးသည် လေလွင့် ကလေးများ ကူညီစောင့်ရှောက်ရေး ကရုဏာလက်များ ကွန်ရက်ကို တည်ထောင်ကာ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်သည်။ 
သူသည် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၌ တက္ကသိုလ်ကျောင်းသား ဘ၀ဖြင့် ထောင်နှစ်နှစ်၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော် လှန်ရေး၌ သင်္ကန်းဝတ်ဖြင့် ထောင်နှစ်နှစ်ကျခံခဲ့ရသူဖြစ်သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ


RangonNewsDaily: February . 5 .2014
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ နယ်လှည့်ပါးရိုက်နေတယ်ဟု
ပြောခဲ့သော စကားအား မကျေနပ်သည့်အတွက် ပြည်မြို့၌ ဖေဖော်ဝါရီ ၄ ရက်နံနက်က တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။ထိုနေ့နံနက် ၉ နာရီတွင် ရှေ့နေ ဦးမြင့်အေးသည် တပ်လမ်းရှိ၎င်း၏နေအိမ်မှ လမ်းရှည်လမ်းနှင့် လမ်းမတော်လမ်း မှတစ်ဆင့်မြင်းစီးကျောက် ရုပ်ရှေ့သို့ လမ်းလျှောက်ကာ မြင်းစီးကျောက်ရုပ်မှ
၎င်း၏နေအိမ်သို့ပြန်ခဲ့ပြီး ဆန္ဒပြမှုကို ရပ်နားခဲ့သည်။

ဦးမြင့်အေးသည်ဆန္ဒပြရာတွင် ' ပြည်ထောင်စုဝန်ကြီးအုန်းမြင့် နယ်လှည့်ပြီး
ပြည်သူကိုပါးမရိုက်ပါနဲ့။ ကျုပ်တစ်ယောက်တည်းကို သူတို့ကိုယ်စား ပါးရိုက်လိုက်ပါ၊ အချက်သန်း ၆၀ ရိုက်ပါ၊ အားရင် ကျုပ်ကိုပါးလာရိုက်ပါ၊ ပါးကောင်းလို့ လက်ဝါးတောင်းတာပါ ' စာသားပါ ဗီနိုင်းပိုစတာတစ်ခုကိုကိုင်
ဆောင်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက လမ်းလျှောက် ဆန္ဒပြရခြင်း သည် ပြည်ထောင်စုအဆင့်ရှိ ၀န်ကြီးတစ်ဦးက ပြည်သူလူထုကို မပြောသင့်၊ မပြောထိုက်သည့် စကားများပြောဆိုသည့်အတွက် ၀န်ကြီးအဖြစ် အသိ အမှတ်မပြုဘဲ ဆန္ဒပြသပိတ်မှောက်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

' ပြည်ထောင်စု အဆင့်ရှိတဲ့ ၀န်ကြီးတစ်ယောက်အနေနဲ့ ပြည်သူ လူထုကို ဒါမျိုးမပြောသင့်ဘူး။ကျွန်တော့် အနေနဲ့ မကျေနပ်တဲ့အတွက် သူ့ကို ၀န်ကြီးအဖြစ် အသိအမှတ် မပြုတော့ဘူး။ သပိတ်မှောက်လိုက်ပြီ။ သပိတ် မှောက်တယ်ဆိုတာ သူ့ကိုဂရုမစိုက်တော့ဘူး။ အသိအမှတ်လည်း မပြုတော့ဘူး ' ဟု သူက ပြောဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ပြည်သူလူထုကို ပြန်လည်တောင်းပန်သင့်ပြီး လွှတ်တော်ကလည်း
 အဆိုပါဝန်ကြီးကို ခေါ်ယူဆုံးမသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

' ပြည်ထောင်စုလွှတ်တော်က ပညာပေးသင့်တယ်။ ခေါ်ယူဆုံးမသင့် တယ်။ နောက်နောင်ပြည်သူလူထုကို ဒီလို မပြောပါနဲ့ဆိုတာကို။ပြည်သူလူထုကိုလည်းသူ့အနေနဲ့ ပြန်ပြီးတောင်းပန်သင့်တယ်။ အဲဒါမျိုးဖြစ်စေချင်
တယ် ' ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး က ဆိုသည်။

ဆန္ဒပြခြင်းကို တားမြစ်သော်လည်း ဆက်လက်ဆောင်ရွက်သည့် အတွက် ဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ်မျိုးဝင်းက ပြောဆိုသည်။

' တရားဝင်ဥပဒေအရ ခွင့်ပြုချက်တင်ပြီးမှ ဆန္ဒပြဖို့ တားဆီးတာကို သူက သူ့သဘော အတိုင်းဆက်လုပ် သွားမယ်ဆိုတော့ ကျွန်တော်တို့က ဥပဒေ အတိုင်းပဲ အရေးယူဆောင်ရွက် သွားရမှာပေါ့ 'ဟု ၎င်းက ပြောဆိုသည်။

ဆန္ဒပြမှုအကြောင်း အရာကိစ္စနှင့် ပတ်သက်၍ ပြည်မြို့ အမှတ်(၁) ရဲစခန်းတွင် ရှေ့နေဦးမြင့်အေးကို (ပ) ၃၇/၂၀၁၄ စီတန်း လှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားသည်။

လက်ရှိတွင် တရားလွှတ်တော် ရှေ့နေ ဦးမြင့်အေးသည် လေလွင့် ကလေးများ ကူညီစောင့်ရှောက်ရေး ကရုဏာလက်များ ကွန်ရက်ကို တည်ထောင်ကာ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်သည်။
သူသည် ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း၌ တက္ကသိုလ်ကျောင်းသား ဘ၀ဖြင့် ထောင်နှစ်နှစ်၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော် လှန်ရေး၌ သင်္ကန်းဝတ်ဖြင့် ထောင်နှစ်နှစ်ကျခံခဲ့ရသူဖြစ်သည်။

စံတော်ချိန် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment