Pages

Wednesday, February 5, 2014

စစ်တွေသင်္ဘောဆိပ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သောင်းကျော် ဖမ်းမိ

RangonNewsDaily: February . 5 .2014
ရခိုင်ပြည်နယ် စစ်တွေမြို့ သင်္ဘောဆိပ်တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေး

ပြား ခုနစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွေမြို့ မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြား များ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း နှစ်ထောင့်တစ်ရာ ဝန်းကျင် ရှိသည်။
မောင်တောမြို့သို့သင်္ဘောနှင့်ပို့ရန်ယူဆောင်စဉ် အဆိုပါ စိတ်ကြွ ရူးသွပ်ဆေးပြားများကို စစ်တွေမြို့ သင်္ဘော
ဆိပ်တွင်သန်းလှိုင်ဆိုသူထံမှ ဖမ်းဆီးရမိခြင်း ဖြစ်ပြီး သန်းလှိုင်ကို ထပ်မံစစ်ဆေးရာ ရွာကြီးမြောက် ရပ်ကွက်
ရှိ နေအိမ်မှ စိတ်ကြွဆေးပြား ၇၉၀ ထပ်မံဖမ်းမိကြောင်း အထက်ပါ ရဲတပ်ဖွဲ့မှူးက ဆိုသည်။

အဆိုပါ ဆေးပြားများကို စိုးလှိုင်နှင့် မောင်မောင်ထွေး ဆိုသူက ပို့ခိုင်းခဲ့သည်ဟု သန်းလှိုင်က ထွက်ဆိုခဲ့ပြီး အဆိုပါ သုံးဦးလုံးကို ဖမ်းဆီးထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။"ဖမ်းမိသမျှ ထဲမှာ ဒီ
တစ်

ကြိမ်က အများဆုံးပဲ"ဟု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကို မူးယစ်ဆေးဝါး ဖမ်းဆီးမှုနှင့် နှိုင်းယှဉ်ကာ ၄င်းက ရှင်းပြသည်။

သန်းလှိုင်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀

(က)တို့ဖြင့် အရေးယူထားပြီးစိုးလှိုင်နှင့် မောင်မောင်ထွေးတို့ကိုမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁တို့ဖြင့်အမှုဖွင့်ထားကြောင်း စစ်တွေမြို့ရဲတပ်ဖွဲ့စခန်း
ထံမှ သိရှိရသည်။

မြန်မာနိုင်ငံကWY ဆေးပြားများကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပို့ဆောင်လေ့ရှိပြီးဘင်္ဂလားဒေ့ရှ် နိုင်ငံက
မြန်မာနိုင်

ငံသို့ ဒိုင်ယာစီပန် ဆေးများကို သွင်းလေ့ရှိကြောင်း ဒေသအာဏာပိုင်များနှင့် ဒေသခံ များထံမှ သိရှိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment