Pages

Wednesday, February 5, 2014

၆၇- ကြိမ်မြောက် မွန်အမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်



RangonNewsDaily: February . 5 .2014
၆၇- ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား နှင့် မွန်ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲကို ရန်ကုန်တိုင်းဒေ
သကြီး ဒဂုံမြို့နယ် ပြည်သူ့ ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၅း၀၀- နာရီမှ ည ၁၂း၀၀- နာရီအထိ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သိရှိရပါသည်။

၆၇- ကြိမ်မြောက်မွန်အမျိုးသားနေ့တွင် ပြည်သူ့ရင်ပြင်၌မွန်လူဦးရေစာရင်းကောက်ယူရေးမဏ္ဍပ်ထားရှိထား
မှာဖြစ်ပြီး သန်းခေါင်းစာရင်း မပေးသွင်း ရသေးသော မွန်မိသားစုဝင်များ သည် သန်းခေါင်းစာရင်းနှင့် မှတ်ပုံ
တင်ကို မိတ္တူပွား၍ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းလည်း သိရှိရပါသည်။


မွန်လူဦးရေစာရင်းအမှန်ကောက်ယူရေးကာလကိုလည်း လူဦးရေစာရင်း ကောက်ယူရေးကော်မတီမှ နိုဝင်
ဘာလထိတိုးမြှင့်ထားပြီးကျန်ရှိနေသောလူဦးရေ စာရင်းများကို ဆက်လက်ကောက်ခံသွားမည် ဖြစ်ကြောင်း
လည်း သိရှိရပါသည်။

M-Media ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment