Pages

Monday, February 10, 2014

ဆိုင်ကယ်လိုင်စင်လုပ်မည့်နေ့ ဖေဖော်ဝါရီ ၁၇ ရက်ကို ရွှေ့၊ ကုန်ကျစရိတ် ကြေညာ

Photo: ဆိုင်ကယ်လိုင်စင်လုပ်မည့်နေ့ ဖေဖော်ဝါရီ ၁၇ ရက်ကို ရွှေ့၊ ကုန်ကျစရိတ် ကြေညာ
Monday, February 10, 2014

မြန်မာပြည် အနှံ့အပြားက လိုင်စင်မဲ့ဆိုင်ကယ်တွေကို မှတ်ပုံတင်လုပ်ပေးမယ့် နေ့ရက်ကို လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်းနဲ့ ဆိုင်ကယ် အမျိုးအစားအလိုက် ကုန်ကျမယ့် မှတ်ပုံတင်ကြေးကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဖေဖော်ဝါရီ ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန် ကြေညာပါတယ်။

မူလက လိုင်စင်မဲ့ဆိုင်ကယ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ အခွန်ကောက်ခံပြီး မှတ်ပုံတင်လုပ်ပေးမယ်လို့ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး ၀န်ကြီးဌာန ထုတ်ပြန်ထားပြီး အခု ရက်ရွှေ့လိုက်တာပါ။

မှတ်ပုံတင်လုပ်ဖို့အတွက် အကောက်ခွန်နဲ့ ပြည်တွင်းအခွန် ၁၀ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်ဆိုရင် မော်ဒယ်အမျိုးအစားအလိုက် အနိမ့်ဆုံး ကျပ် ၅ သောင်းကျော်ကနေ အမြင့်ဆုံး ကျပ် ၁ သိန်း ၄ သောင်းနီးပါး ကုန်ကျမယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံထုတ်ဆိုရင် အနိမ့်ဆုံး ၅ သောင်းနီးပါးကနေ အမြင့်ဆုံး ကျပ် ၁ သိန်း ၃ သောင်းနီးပါး ကုန်ကျမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲကို တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံလုပ် ဆိုင်ကယ်တွေနဲ့ ဗီယက်နမ် နိုင်ငံလုပ် ဆိုင်ကယ်တွေ ၀င်ရောက်နေပါတယ်။

အစိုးရဟာ ပြည်တွင်းရောက်နေတဲ့ လိုင်စင်မဲ့ဆိုင်ကယ် ၃ သန်းနီးပါးကို ၈ ကြိမ် လိုင်စင် ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

DVB

RangonNewsDaily: February . 10 .2014
မြန်မာပြည် အနှံ့အပြားက လိုင်စင်မဲ့ဆိုင်ကယ်တွေကို မှတ်ပုံတင်လုပ်ပေးမယ့် နေ့ရက်ကို လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်းနဲ့ ဆိုင်ကယ် အမျိုးအစားအလိုက် ကုန်ကျမယ့် မှတ်ပုံတင်ကြေးကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဖေဖော်ဝါရီ ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန် ကြေညာပါတယ်။ မူလက လိုင်စင်မဲ့ဆိုင်ကယ်တွေကို လာမယ့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ အခွန်ကောက်ခံပြီး မှတ်ပုံတင်လုပ်ပေးမယ်လို့ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး ၀န်ကြီးဌာန ထုတ်ပြန်ထားပြီး အခု ရက်ရွှေ့လိုက်တာပါ။

မှတ်ပုံတင်လုပ်ဖို့အတွက် အကောက်ခွန်နဲ့ ပြည်တွင်းအခွန် ၁၀ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်ဆိုရင် မော်ဒယ်အမျိုးအစားအလိုက် အနိမ့်ဆုံး ကျပ် ၅ သောင်းကျော်ကနေ အမြင့်ဆုံး ကျပ် ၁ သိန်း ၄ သောင်းနီးပါး ကုန်ကျမယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံထုတ်ဆိုရင် အနိမ့်ဆုံး ၅ သောင်းနီးပါးကနေ အမြင့်ဆုံး ကျပ် ၁ သိန်း ၃ သောင်းနီးပါး ကုန်ကျမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲကို တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံလုပ် ဆိုင်ကယ်တွေနဲ့ ဗီယက်နမ် နိုင်ငံလုပ် ဆိုင်ကယ်တွေ ၀င်ရောက်နေပါတယ်။

အစိုးရဟာ ပြည်တွင်းရောက်နေတဲ့ လိုင်စင်မဲ့ဆိုင်ကယ် ၃ သန်းနီးပါးကို ၈ ကြိမ် လိုင်စင် ပြုလုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

DVB , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment