Pages

Monday, February 10, 2014

မိုးကုတ်ရွှေဆိုင် ဓားပြတိုက်မှု လက်နက်ကိုင်အဖွဲ့ ပါဝင်သည်ဟုဆို

Photo: မိုးကုတ်ရွှေဆိုင် ဓားပြတိုက်မှု လက်နက်ကိုင်အဖွဲ့ ပါဝင်သည်ဟုဆို
Monday, February 10, 2014

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ရွှေဆိုင် နှစ်ဆိုင်ကို တစ်ပြိုင်နက် ဓားပြတိုက်ခံရမှုတွင် ကျူးလွန်သည့် တရားခံများထဲတွင် ပါဝင်သည်ဟု ယူဆရသူ နှစ်ဦးကို ဖေဖော်ဝါရီလ၂ရက်နေ့က ခေါ်ယူ စစ်ဆေးနေရာ သံသယရှိသူ တစ်ဦး၏ ယောက်ဖဖြစ်သူ သက်သေ ထွက်ဆိုချက်အရ လက်နက်ကိုင် အဖွဲ့မှလည်း ပါဝင် ပတ်သက်နေသည်ဟု သိရကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဓားပြတိုက်မှုတွင် ရှမ်းလူမျိုး နှစ်ဦး ပါဝင်ပြီး ယင်းနှစ်ဦးထံမှ လက်နက်များ ရရှိခဲ့ကာ ဝေစုအဖြစ် ရွှေတစ်ပိဿာ ရရှိလာခဲ့ကြောင်း ပြောပြခဲ့သည့် သံသယရှိသူ၏ ယောက်ဖဖြစ်သူက မိုးကုတ်မြို့နယ် တရားရုံးရှေ့ ကြိုတင် ထွက်ဆိုချက်အရ အထက်ပါအတိုင်း သိရကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“အခုစစ်ဆေးနေတဲ့ အချိန်မှာ သံသယရှိသူရဲ့ ထွက်ဆိုချက်တွေက အမှန်ပြောလိုက်၊ မပြောလိုက် ဖြစ်နေတာ၊ အဲဒါကြောင့် မိုးကုတ်မြို့နယ် တရားရုံးမှာ သက်သေဖြစ်တဲ့ သူ့ရဲ့ ယောက်ဖကို ကြိုတင် ထွက်ဆိုခိုင်းရတာ ဖြစ်တယ်။ အဲဒီထဲက ရှမ်းလူမျိုး နှစ်ဦးလည်းပါတယ်။ သူတို့ဆီက လက်နက်တွေ ရခဲ့တယ်လို့ ထွက်ဆိုခဲ့တယ်” ဟု ၎င်းက ရှင်းပြသည်။

မိုးကုတ်မြို့ရွှေဆိုင် နှစ်ဆိုင်ကို ဓားပြတိုက် ကျူးလွန်ခဲ့သူ ၆ ဦးထဲမှ ယင်းအမှု၌ ပါဝင်သူဟု ယူဆရသူတစ်ဦးကို ဖေဖော်ဝါရီလ၂ ရက်နေ့တွင် ကချင်ပြည်နယ် တနိုင်းမြို့တွင် ဖမ်းဆီးရမိပြီး ၎င်းက ဓားပြတိုက်ခဲ့သည့်အကြောင်း ဇနီးဖြစ်သူကို ဖုန်းဆက်၍ ပြောရာမှ ခြေရာခံ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကာ မိုးကုတ်မြို့မှ တစ်ဦးကိုလည်း ပိတ်ဆို့ ရှာဖွေရေးများ ပြုလုပ်နေရာမှ မသင်္ကာသူအဖြစ် ထပ်မံ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးကုတ်မြို့၊ ရှောလီဝိုင်းအုပ်စု၊ အောင်ချမ်းသာရပ်ကွက်၊ ပတ္တမြားဈေး အတွင်းရှိ “မီလျံ” ရွှေဆိုင်နှင့် “နဂါး” ရွှေဆိုင်သို့ ဇန်နဝါရီလ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မျက်နှာဖုံး အုပ်ထားသူ ၆ ဦးသည် ပစ္စတိုလက်နက် သုံးလက်ခန့်နှင့် လက်ပစ်ဗုံး တစ်လုံး ကိုင်ဆောင်ကာ ယင်းရွှေဆိုင် နှစ်ဆိုင်အတွင်း လူခွဲ ဝင်ရောက်ပြီး မှန်ကောင်တာများ ရိုက်ခွဲ၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွားခဲ့ကာ လာရောက် ကြည့်ရှုသည့် ဈေးအတွင်း မှန်ဆိုင်မှ ဒန်းဗဟာဒူးသည် သေနတ်ထိမှန် သေဆုံးပြီး မီလျံ ရွှေဆိုင်ရှင်၏ သမက်ဖြစ်သူသည် ဘယ်ဘက်ပေါင်တွင် ဒဏ်ရာ ရရှိသွားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် အတွင်းတွင် ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ယာဉ်တန်းရှေ့တွင် ချိန်ကိုက်မိုင်း ပေါက်ကွဲမှု၊ မိုးကုတ်မြို့နယ်ရှိ ရွှေဆိုင် နှစ်ဆိုင် ဓားပြတိုက်မှု မိုးကုတ်- မိုးမိတ် နယ်စပ်ရှိ နယ်ခြားစောင့် တပ်စခန်းကို လက်နက်ကိုင်အဖွဲ့ဝင်ရောက် ပစ်ခတ် မီးရှို့မှုနှင့် ပတ်သက်ပြီး ကျူးလွန်သူများ ဆက်စပ်မှု ရှိမရှိ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

The Voice Weekly

RangonNewsDaily: February . 10 .2014
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ရွှေဆိုင် နှစ်ဆိုင်ကို တစ်ပြိုင်နက် ဓားပြတိုက်ခံရမှုတွင် ကျူးလွန်သည့် တရားခံများထဲတွင် ပါဝင်သည်ဟု ယူဆရသူ နှစ်ဦးကို ဖေဖော်ဝါရီလ၂ရက်နေ့က ခေါ်ယူ စစ်ဆေးနေရာ သံသယရှိသူ တစ်ဦး၏ ယောက်ဖဖြစ်သူ သက်သေ ထွက်ဆိုချက်အရ လက်နက်ကိုင် အဖွဲ့မှလည်း ပါဝင် ပတ်သက်နေသည်ဟု သိရကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းဓားပြတိုက်မှုတွင် ရှမ်းလူမျိုး နှစ်ဦး ပါဝင်ပြီး ယင်းနှစ်ဦးထံမှ လက်နက်များ ရရှိခဲ့ကာ ဝေစုအဖြစ် ရွှေတစ်ပိဿာ ရရှိလာခဲ့ကြောင်း ပြောပြခဲ့သည့် သံသယရှိသူ၏ ယောက်ဖဖြစ်သူက မိုးကုတ်မြို့နယ် တရားရုံးရှေ့ ကြိုတင် ထွက်ဆိုချက်အရ အထက်ပါအတိုင်း သိရကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“အခုစစ်ဆေးနေတဲ့ အချိန်မှာ သံသယရှိသူရဲ့ ထွက်ဆိုချက်တွေက အမှန်ပြောလိုက်၊ မပြောလိုက် ဖြစ်နေတာ၊ အဲဒါကြောင့် မိုးကုတ်မြို့နယ် တရားရုံးမှာ သက်သေဖြစ်တဲ့ သူ့ရဲ့ ယောက်ဖကို ကြိုတင် ထွက်ဆိုခိုင်းရတာ ဖြစ်တယ်။ အဲဒီထဲက ရှမ်းလူမျိုး နှစ်ဦးလည်းပါတယ်။ သူတို့ဆီက လက်နက်တွေ ရခဲ့တယ်လို့ ထွက်ဆိုခဲ့တယ်” ဟု ၎င်းက ရှင်းပြသည်။

မိုးကုတ်မြို့ရွှေဆိုင် နှစ်ဆိုင်ကို ဓားပြတိုက် ကျူးလွန်ခဲ့သူ ၆ ဦးထဲမှ ယင်းအမှု၌ ပါဝင်သူဟု ယူဆရသူတစ်ဦးကို ဖေဖော်ဝါရီလ၂ ရက်နေ့တွင် ကချင်ပြည်နယ် တနိုင်းမြို့တွင် ဖမ်းဆီးရမိပြီး ၎င်းက ဓားပြတိုက်ခဲ့သည့်အကြောင်း ဇနီးဖြစ်သူကို ဖုန်းဆက်၍ ပြောရာမှ ခြေရာခံ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကာ မိုးကုတ်မြို့မှ တစ်ဦးကိုလည်း ပိတ်ဆို့ ရှာဖွေရေးများ ပြုလုပ်နေရာမှ မသင်္ကာသူအဖြစ် ထပ်မံ ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးကုတ်မြို့၊ ရှောလီဝိုင်းအုပ်စု၊ အောင်ချမ်းသာရပ်ကွက်၊ ပတ္တမြားဈေး အတွင်းရှိ “မီလျံ” ရွှေဆိုင်နှင့် “နဂါး” ရွှေဆိုင်သို့ ဇန်နဝါရီလ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မျက်နှာဖုံး အုပ်ထားသူ ၆ ဦးသည် ပစ္စတိုလက်နက် သုံးလက်ခန့်နှင့် လက်ပစ်ဗုံး တစ်လုံး ကိုင်ဆောင်ကာ ယင်းရွှေဆိုင် နှစ်ဆိုင်အတွင်း လူခွဲ ဝင်ရောက်ပြီး မှန်ကောင်တာများ ရိုက်ခွဲ၍ ရွှေထည်ပစ္စည်းများ ယူဆောင်သွားခဲ့ကာ လာရောက် ကြည့်ရှုသည့် ဈေးအတွင်း မှန်ဆိုင်မှ ဒန်းဗဟာဒူးသည် သေနတ်ထိမှန် သေဆုံးပြီး မီလျံ ရွှေဆိုင်ရှင်၏ သမက်ဖြစ်သူသည် ဘယ်ဘက်ပေါင်တွင် ဒဏ်ရာ ရရှိသွားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် အတွင်းတွင် ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ယာဉ်တန်းရှေ့တွင် ချိန်ကိုက်မိုင်း ပေါက်ကွဲမှု၊ မိုးကုတ်မြို့နယ်ရှိ ရွှေဆိုင် နှစ်ဆိုင် ဓားပြတိုက်မှု မိုးကုတ်- မိုးမိတ် နယ်စပ်ရှိ နယ်ခြားစောင့် တပ်စခန်းကို လက်နက်ကိုင်အဖွဲ့ဝင်ရောက် ပစ်ခတ် မီးရှို့မှုနှင့် ပတ်သက်ပြီး ကျူးလွန်သူများ ဆက်စပ်မှု ရှိမရှိ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

The Voice, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment