Pages

Monday, February 10, 2014

ဘာသာပေါင်းစုံ လူငယ်ဖွံ့ဖြိုးရေးသင်တန်း လားရှိုးမြို့ ဂျာမေ့ဗလီတွင် ပြုလုပ်

Photo: ဘာသာပေါင်းစုံ လူငယ်ဖွံ့ဖြိုးရေးသင်တန်း လားရှိုးမြို့ ဂျာမေ့ဗလီတွင် ပြုလုပ်
Monday, February 10, 2014

လားရှိုးမြို့ရှိ ဂျာမေ့ဗလီတွင် “ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်း”မှ ကျင်းပသော “လက်တွဲကူမယ်တို့လူငယ်”သင်တန်းကို ဖေဖော်ဝါရီ ၁၀ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းသင်တန်းမှ ကြီးကြပ်ရေးမှူး မအေးစမ်းက “ဒီသင်တန်းကို လုပ်ရတာကတော့ လူငယ်တွေရဲ့ အတွေးတွေအမြင်တွေ ရှင်းပြီးတော့ ရင်းနှီးစွာနဲ့ပေါ့နော် မြို့စွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲတွေ မရှိစေဘဲနဲ့ပေါ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အတူတကွ ပူးပေါင်း ဆောင်ရွက်ပြီးတော့ အိမ်ရှင်မတွေ အပါအ၀င်ပေါ့ အမျိုးသမီးတွေရဲ့ စွမ်းရေးမြှင့်တင် ပေးဖို့ရယ်၊ ကလေးသူငယ်တွေကို စောင့်ရှောက်တတ်စေရန်၊ လုပ်ငန်းခွင်လုံခြုံမှု ရှိစေရန်၊ လုံခြုံစိတ်ချရသော ကျန်းမာရေး စောင့်ရှောက်မှုရှိစေဖို့၊ သံယံဇာတနဲ့ သဘာဝအရင်းအမြစ်များ ကာကွယ်စောင့်ရှောက် ထားတတ်စေဖို့ ရည်ရွယ်ချက်တွေနဲ့ သင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါသင်တန်းသို့ ဘာသာကြီးလေးခုမှ လူငယ်များ တက်ရောက်ခဲ့ရာ “ဒီလိုသင်တန်းမျိုးကို ပထမအနေနဲ့ ရပ်ကွက်(၄)က ဘောဓရုံ ဘုန်းကြီးကျောင်းမှာ လုပ်ပါတယ်။ နောက်ပြီးကချင် ချက်(စ်)ကျောင်းမှာရယ်၊ အခုက တတိယအကြိမ် အနေနဲ့ပေါ့နော် ဂျာမေဗလီမှာ ကျင်းပတာ ဖြစ်ပါတယ်။ ဒီလိုကျင်းပခြင်းအားဖြင့် တချို့တွေရဲ့ အမြင်အယူဆတွေကို ရှင်းသွားစေခြင်လို့ပါ။ ဘာလို့လဲဆိုတော့ လူတွေက ဒီဗလီထဲကို လူမျိုးခြား၊ ဘာသာခြားတွေ၊ အမျိုးသမီးတွေ မ၀င်ရဘူးလို့ ပြောနေတာ ကြားနေရလို့ပါ။ ဒါဆိုအခုလုပ်တဲ့ပွဲကို ကြည့်ပါအားလုံး လွတ်လပ်စွာ ပါဝင်နိုင်ပါတယ်လို့ ပြောခြင်ပါတယ်”ဟု မွတ်ဆလင်လူငယ်အသင်းမှ ဦးမောင်မောင်သန်းက ပြောသည်။

“ကျွန်မအနေနဲ့က ဒီသင်တန်းကို တက်ရောက်ရခြင်းအားဖြင့်ပေါ့နော်။ ဒီကသင်ကြားပေးမယ့် လူ့အခွင့်အရေးနဲ့ အထွေထွေဗဟုသုတတွေ အများကြီးရရှိမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မက ခရစ်ယာန်ကောင်စီ အဖွဲ့အနေနဲ့ လာတက်တာပါ”ဟု မသူသူဧပရယ်က ပြောသည်။

အဆိုပါရတနာမြေ ဖွံ့ဖြိုးရေးအသင်းတွင် လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းတွင် ကျင်းပခဲ့သည်။ ယခုအခါ ရှမ်းပြည်မြောက်ပိုင်းတွင် သုံးကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။  ဒီသင်တန်းပြီးလျှင်လည်း အထူးသင်တန်းများ ဆက်လက်သင်ကြားသွားမည်ဖြစ်ပြီး ယခုသင်တန်းကာလကိုလဲ ခြောက်ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

စိုးမင်းနိုင်
မြန်မာ့ခေတ်

RangonNewsDaily: February . 10 .2014
လားရှိုးမြို့ရှိ ဂျာမေ့ဗလီတွင် “ရတနာမြေလူမှုဖွံ့ဖြိုးရေးအသင်း”မှ ကျင်းပသော “လက်တွဲကူမယ်တို့လူငယ်”သင်တန်းကို ဖေဖော်ဝါရီ ၁၀ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသင်တန်းမှ ကြီးကြပ်ရေးမှူး မအေးစမ်းက “ဒီသင်တန်းကို လုပ်ရတာကတော့ လူငယ်တွေရဲ့ အတွေးတွေအမြင်တွေ ရှင်းပြီးတော့ ရင်းနှီးစွာနဲ့ပေါ့နော် မြို့စွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲတွေ မရှိစေဘဲနဲ့ပေါ့ လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို အတူတကွ ပူးပေါင်း ဆောင်ရွက်ပြီးတော့ အိမ်ရှင်မတွေ အပါအ၀င်ပေါ့ အမျိုးသမီးတွေရဲ့ စွမ်းရေးမြှင့်တင် ပေးဖို့ရယ်၊ ကလေးသူငယ်တွေကို စောင့်ရှောက်တတ်စေရန်၊ 
 
လုပ်ငန်းခွင်လုံခြုံမှု ရှိစေရန်၊ လုံခြုံစိတ်ချရသော ကျန်းမာရေး စောင့်ရှောက်မှုရှိစေဖို့၊ သံယံဇာတနဲ့ သဘာဝအရင်းအမြစ်များ ကာကွယ်စောင့်ရှောက် ထားတတ်စေဖို့ ရည်ရွယ်ချက်တွေနဲ့ သင်ကြားပေးတဲ့ သင်တန်းဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါသင်တန်းသို့ ဘာသာကြီးလေးခုမှ လူငယ်များ တက်ရောက်ခဲ့ရာ “ဒီလိုသင်တန်းမျိုးကို ပထမအနေနဲ့ ရပ်ကွက်(၄)က ဘောဓရုံ ဘုန်းကြီးကျောင်းမှာ လုပ်ပါတယ်။ နောက်ပြီးကချင် ချက်(စ်)ကျောင်းမှာရယ်၊ အခုက တတိယအကြိမ် အနေနဲ့ပေါ့နော် ဂျာမေဗလီမှာ ကျင်းပတာ ဖြစ်ပါတယ်။ ဒီလိုကျင်းပခြင်းအားဖြင့် တချို့တွေရဲ့ အမြင်အယူဆတွေကို ရှင်းသွားစေခြင်လို့ပါ။ ဘာလို့လဲဆိုတော့ လူတွေက ဒီဗလီထဲကို လူမျိုးခြား၊ ဘာသာခြားတွေ၊ အမျိုးသမီးတွေ မ၀င်ရဘူးလို့ ပြောနေတာ ကြားနေရလို့ပါ။ ဒါဆိုအခုလုပ်တဲ့ပွဲကို ကြည့်ပါအားလုံး လွတ်လပ်စွာ ပါဝင်နိုင်ပါတယ်လို့ ပြောခြင်ပါတယ်”ဟု မွတ်ဆလင်လူငယ်အသင်းမှ ဦးမောင်မောင်သန်းက ပြောသည်။

“ကျွန်မအနေနဲ့က ဒီသင်တန်းကို တက်ရောက်ရခြင်းအားဖြင့်ပေါ့နော်။ ဒီကသင်ကြားပေးမယ့် လူ့အခွင့်အရေးနဲ့ အထွေထွေဗဟုသုတတွေ အများကြီးရရှိမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မက ခရစ်ယာန်ကောင်စီ အဖွဲ့အနေနဲ့ လာတက်တာပါ”ဟု မသူသူဧပရယ်က ပြောသည်။

အဆိုပါရတနာမြေ ဖွံ့ဖြိုးရေးအသင်းတွင် လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းတွင် ကျင်းပခဲ့သည်။ ယခုအခါ ရှမ်းပြည်မြောက်ပိုင်းတွင် သုံးကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ဒီသင်တန်းပြီးလျှင်လည်း အထူးသင်တန်းများ ဆက်လက်သင်ကြားသွားမည်ဖြစ်ပြီး ယခုသင်တန်းကာလကိုလဲ ခြောက်ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

မြန်မာ့ခေတ် , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment