Pages

Thursday, February 13, 2014

ချန်ပီယံဆုကိုပင် လီဗာပူးလ် စိန်ခေါ်ခွင့် ရှိလာပြီဟု ရော့ဂျာ ယုံကြည်နေ

Photo: ချန်ပီယံဆုကိုပင် လီဗာပူးလ် စိန်ခေါ်ခွင့် ရှိလာပြီဟု ရော့ဂျာ ယုံကြည်နေ
Thursday, February 13, 2014

ဖူလ်ဟမ်ကို အနိုင် ရလိုက်ချိန်တွင် လီဗာပူးလ် သည်လည်း ချန်ပီယံလောင်း စာရင်း၌ ပါဝင် လာပြီဟု မိမိ ယူဆကြောင်း အသင်း မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ပြောကြားလိုက်သည်။

စတီဗင်ဂျရတ်၏ နောက်ကျပင်နယ်တီဂိုးက ကရေဗင်ကော့တေ့ဂ်ျတွင် လီဗာပူးလ်အား (၃-၂)ဖြင့် အနိုင်ရလဒ် ထွက်ပေါ်လာစေသလို (၃)မှတ်အပြည့် ရယူစေနိုင်ခဲ့သည်။ မန်ချက်စတာ စီးတီး၏ ပွဲစဉ်ကို ရွှေ့ဆိုင်းထားရပြီး အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ နိုင်ပွဲပျောက်သော သီတင်းပတ်တွင် လီဗာပူးလ်သည် ထိပ်ဆုံးနေရာမှ ချယ်လ်ဆီးနောက် (၄)မှတ်အကွာထိ နီးကပ်လာသည်။ အစောပိုင်းတွင် ရော့ဂျာက မိမိတို့ အသင်း၏ ယခုရာသီ အဓိက ရည်မှန်းချက်သည် ထိပ်ဆုံး(၄)သင်းတွင် ပါဝင်ရေးသာဖြစ်ကြောင်း တွင်တွင်ပြောဆိုထားသော်လည်း လက်ရှိအနေအထားတွင် ချန်ပီယံဆုကိုပင် မှန်းခွင့်ရှိလာပြီဟု မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

"ဒီပွဲကိုနိုင်ဖို့ သိပ်အရေးကြီးမှန်း ကျွန်တော်တို့ သိပါတယ်။ ကစားသမားတွေကို ကျွန်တော်ပြောတယ်။ ချန်ပီယံလိဂ်မှာ ကစားချင်ရင် ဒီလိုပွဲမျိုးတွေ နိုင်ထားဖို့ သိပ်အရေးကြီးတယ် ဆိုတာကိုပါ။ ကိုယ်ကစားရမယ့် ပြိုင်ဘက်က ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ အသည်းအသန် ရုန်းကန်ကြိုးစားနေတဲ့ အသင်းမျိုးလေ။ အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်ရည်မျိုးနဲ့ နိုင်ခဲ့တယ်။ ခုတစ်ခါလည်း နောက်ကလိုက်ကစားရပေမယ့် လိုအပ်တဲ့ရလဒ်ကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ခဲ့ပြန်တယ်။ အသင်းဟာ အဘက်ဘက်က တိုးတက်လာနေတယ် ဆိုတာကို ပြဆိုနေသလိုပါပဲ။ ခုချိန်မှာတော့ ကျွန်တော်တို့ အထက်က အသင်းတွေ အနေနဲ့ အမှတ်တွေ လျော့လာနိုင်တယ်။ ဒီအခါ ဘာမဆို မျှော်လင့်ခွင့် ရှိလာပြီ"ဟု ရော့ဂျာက ဆိုသည်။

၎င်းက "ချယ်လ်ဆီး၊ မန်ချက်စတာစီးတီးတို့ကို အိမ်ကွင်းမှာ ကစားဖို့ ကျန်နေပါသေးတယ်။ ကျွန်တော်တို့ အဲဒီပွဲတွေအတွက် အကောင်းမြင် မျှော်လင့်ထားတယ်။ လီဗာပူးလ်ဟာ အိမ်ကွင်းမှာ သိပ်ကောင်းတယ်လေ။ ဒါပေမဲ့ လောလောဆယ်တော့ တစ်ပွဲချင်းစီ အတွက်ပဲ စဉ်းစားသင့်ပါတယ်။ မန်နေဂျာ တစ်ယောက်အနေနဲ့တော့ ကိုယ့်အသင်း တိုးတက်လာတာ၊ ဖွံ့ဖြိုးလာတာကို မြင်နေရတာ ကြည်နူးစရာပါပဲ"ဟုလည်း ပြောကြားသွားသည်။ 

Soccer Myanmar

RangonNewsDaily: February . 13 .2014
ဖူလ်ဟမ်ကို အနိုင် ရလိုက်ချိန်တွင် လီဗာပူးလ် သည်လည်း ချန်ပီယံလောင်း စာရင်း၌ ပါဝင် လာပြီဟု မိမိ ယူဆကြောင်း အသင်း မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ပြောကြားလိုက်သည်။စတီဗင်ဂျရတ်၏ နောက်ကျပင်နယ်တီဂိုးက ကရေဗင်ကော့တေ့ဂ်ျတွင် လီဗာပူးလ်အား (၃-၂)ဖြင့် အနိုင်ရလဒ် ထွက်ပေါ်လာစေသလို (၃)မှတ်အပြည့် ရယူစေနိုင်ခဲ့သည်။ 

မန်ချက်စတာ စီးတီး၏ ပွဲစဉ်ကို ရွှေ့ဆိုင်းထားရပြီး အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ နိုင်ပွဲပျောက်သော သီတင်းပတ်တွင် လီဗာပူးလ်သည် ထိပ်ဆုံးနေရာမှ ချယ်လ်ဆီးနောက် (၄)မှတ်အကွာထိ နီးကပ်လာသည်။ အစောပိုင်းတွင် ရော့ဂျာက မိမိတို့ အသင်း၏ ယခုရာသီ အဓိက ရည်မှန်းချက်သည် ထိပ်ဆုံး(၄)သင်းတွင် ပါဝင်ရေးသာဖြစ်ကြောင်း တွင်တွင်ပြောဆိုထားသော်လည်း လက်ရှိအနေအထားတွင် ချန်ပီယံဆုကိုပင် မှန်းခွင့်ရှိလာပြီဟု မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

"ဒီပွဲကိုနိုင်ဖို့ သိပ်အရေးကြီးမှန်း ကျွန်တော်တို့ သိပါတယ်။ ကစားသမားတွေကို ကျွန်တော်ပြောတယ်။ ချန်ပီယံလိဂ်မှာ ကစားချင်ရင် ဒီလိုပွဲမျိုးတွေ နိုင်ထားဖို့ သိပ်အရေးကြီးတယ် ဆိုတာကိုပါ။ ကိုယ်ကစားရမယ့် ပြိုင်ဘက်က ပရီးမီးယားလိဂ်မှာ ဆက်ရှိဖို့ အသည်းအသန် ရုန်းကန်ကြိုးစားနေတဲ့ အသင်းမျိုးလေ။ အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်ရည်မျိုးနဲ့ နိုင်ခဲ့တယ်။ 

ခုတစ်ခါလည်း နောက်ကလိုက်ကစားရပေမယ့် လိုအပ်တဲ့ရလဒ်ကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ခဲ့ပြန်တယ်။ အသင်းဟာ အဘက်ဘက်က တိုးတက်လာနေတယ် ဆိုတာကို ပြဆိုနေသလိုပါပဲ။ ခုချိန်မှာတော့ ကျွန်တော်တို့ အထက်က အသင်းတွေ အနေနဲ့ အမှတ်တွေ လျော့လာနိုင်တယ်။ ဒီအခါ ဘာမဆို မျှော်လင့်ခွင့် ရှိလာပြီ"ဟု ရော့ဂျာက ဆိုသည်။

၎င်းက "ချယ်လ်ဆီး၊ မန်ချက်စတာစီးတီးတို့ကို အိမ်ကွင်းမှာ ကစားဖို့ ကျန်နေပါသေးတယ်။ ကျွန်တော်တို့ အဲဒီပွဲတွေအတွက် အကောင်းမြင် မျှော်လင့်ထားတယ်။ လီဗာပူးလ်ဟာ အိမ်ကွင်းမှာ သိပ်ကောင်းတယ်လေ။ ဒါပေမဲ့ လောလောဆယ်တော့ တစ်ပွဲချင်းစီ အတွက်ပဲ စဉ်းစားသင့်ပါတယ်။ 

မန်နေဂျာ တစ်ယောက်အနေနဲ့တော့ ကိုယ့်အသင်း တိုးတက်လာတာ၊ ဖွံ့ဖြိုးလာတာကို မြင်နေရတာ ကြည်နူးစရာပါပဲ"ဟုလည်း ပြောကြားသွားသည်။ 

Soccer Myanmar , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment