Pages

Thursday, February 13, 2014

မိုင်းဖုန်းဆရာတော် မိန့်ကြားချက် အရ လွယ်တော်ခမ်း၌ စေတီတည်

Photo: မိုင်းဖုန်းဆရာတော် မိန့်ကြားချက်အရ လွယ်တော်ခမ်း၌ စေတီတည်
Thursday, February 13, 2014

မိုင်းဖုန်းဆရာတော်၏ မိန့်ကြားချက်အရ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ကျောက်ဖြူတောင်မှာ ကျောက်ဖြူဂူဟာစေတီတော်အား တည်ထားကိုးကွယ်ရန်အတွက် ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက် နံနက် (၉း၀၉)နာရီအချိန်က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြု၍ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဋ္ဌာပနာတော်ပိတ်ပွဲကို ပြုလုပ်ခဲ့ကြသည်။

စေတီတည်ထားကိုးကွယ်မည့်နေရာမှာ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့် သံဃာတော်များမှ ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်ပြီး ဋ္ဌာပနာတော်ပိတ်ပွဲသို့ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများထဲမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် အလှူရှင်တို့မှ ဋ္ဌာပနာတော်ထည့်သွင်း ပူဇော်ထားရှိမည့် အဖိုးတန်ပစ္စည်းများနှင့် ရုပ်ပွားဆင်းတုတော်များကို ဋ္ဌာပနထည့်သွင်းမည့်နေရာဌာနသို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ မိန့်ဆို ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိရသည်။

အဆိုပါ ပွဲသို့ မိုင်းဖုန်းဆရာတော်သည် မိုင်းလင်းဘက်သို့ သာသနာပြုခရီးတိုအဖြစ် ကြွရောက်နေသည့်အတွက် ကြွရောက်နိုင်ခြင်းမရှိပဲ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ကြွရောက်၍ ဦးဆောင်ကာ အဆိုပါ ဋ္ဌာပနာပိတ်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

Tachileik Online News

RangonNewsDaily: February . 13 .2014
မိုင်းဖုန်းဆရာတော်၏ မိန့်ကြားချက်အရ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်
အနီးရှိ ကျောက်ဖြူတောင်မှာ ကျောက်ဖြူဂူဟာစေတီတော်အား တည်ထားကိုးကွယ်ရန်အတွက် ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက် နံနက် (၉း၀၉)နာရီအချိန်က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြု၍ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများနှင့် အလှူရှင်
များက ဋ္ဌာပနာတော်ပိတ်ပွဲကို ပြုလုပ်ခဲ့ကြသည်။စေတီတည်ထားကိုးကွယ်မည့်နေရာမှာ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့် သံဃာတော်များမှ ပရိတ်တော်များ ရွတ်ဖတ်သရ
ဇ္ဈာယ်ပြီး ဋ္ဌာပနာတော်ပိတ်ပွဲသို့ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများထဲမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်း
တင်ထွေး၊တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် အလှူရှင်တို့မှ ဋ္ဌာ
ပနာတော်ထည့်သွင်း ပူဇော်ထားရှိမည့် အဖိုးတန်ပစ္စည်းများနှင့် ရုပ်ပွားဆင်းတုတော်များကို ဋ္ဌာပနထည့်သွင်းမည့်နေရာဌာနသို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ မိန့်ဆို ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြတာကို တွေ့ရှိရသည်။

အဆိုပါ ပွဲသို့ မိုင်းဖုန်းဆရာတော်သည် မိုင်းလင်းဘက်သို့ သာသနာပြုခရီးတိုအဖြစ် ကြွရောက်နေသည့်အတွက် ကြွရောက်နိုင်ခြင်း
မရှိပဲ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ကြွရောက်၍ ဦးဆောင်ကာ အဆိုပါ ဋ္ဌာပနာပိတ်ပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

Tachileik Online News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment