Pages

Thursday, February 13, 2014

ဒေါ်လာ သန်း ၉၆၀ တန်ဖိုးဖြင့် ဘိုးရင်းလေယာဉ် ၁၀ စင်း မြန်မာ့လေကြောင်း ငှားရမ်း

Photo: ဒေါ်လာ သန်း ၉၆၀ တန်ဖိုးဖြင့် ဘိုးရင်းလေယာဉ် ၁၀ စင်း မြန်မာ့လေကြောင်း ငှားရမ်း
Wednesday, February 12, 2014

မြန်မာနိုင်ငံပိုင် လေကြောင်း ဖြစ်သည့် မြန်မာ့လေကြောင်းလိုင်း (MA) က အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကုန်ကျမည့် ဘိုးရင်းလေယာဉ် ၁၀ စင်း ငှားရမ်း အသုံးပြုရန် အမေရိကန် နည်းပညာ အင်အားကြီး ကုမ္ပဏီကြီး တစ်ခုဖြစ်သော GE ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း မြန်မာ့လေကြောင်းနှင့် GE တို့က ထုတ်ပြန်လိုက်သည်။

ယင်းကဲ့သို့သော စီးပွားရေး သဘောတူညီချက်သည် အမေရိကန် ကုမ္ပဏီတစ်ခုနှင့် မြန်မာနိုင်ငံကြား ပမာဏ အကြီးမားဆုံး ရောင်းဝယ်မှု တစ်ခုဖြစ်သည်ဟု အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသွားကြောင်း The New Straits Times သတင်းတွင် ဖော်ပြထားသည်။

မြန်မာ့လေကြောင်းလိုင်း၏ လုပ်ငန်းများ အဆင့်မြှင့်နိုင်ရန်နှင့် မြန်မာ့ စီးပွားရေးကို အကျိုးကျေးဇူး ရရှိစေရန် အမေရိကန် ကုမ္ပဏီကြီး တစ်ခုဖြစ်သော General Electric (GE) ၏ လေယာဉ် ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေရှာခြင်း လုပ်ငန်းခွဲ တစ်ခုဖြစ်သော GE Capital Aviation Services (GECAS) နှင့် တွဲဖက်လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့လေကြောင်း (Myanmar Airways) ၏ စီမံအုပ်ချုပ်မှု ဒါရိုက်တာ လေယာဉ်မှူးကြီး ဦးသန်းထွန်းက ပြောကြားသည်။

အမေရိကန် GE အီလက်ထရွန်နစ် ကုမ္ပဏီ၏ စီးပွားရေးရာ ငှားရမ်းရေးနှင့် ငွေကြေး ထောက်ပံ့ရေး အဖွဲ့ခွဲ တစ်ခုဖြစ်သော GE Capital Aviation Services (GECAS) နှင့် မြန်မာနိုင်ငံပိုင် မြန်မာ့ လေကြောင်းတို့ သဘောတူညီချက် ချုပ်ဆိုလိုက်ပြီး ဘိုးရင်း ၇၃၇ လေယာဉ် ၁၀ စင်း ငှားရမ်းရန် လက်မှတ်ရေးထိုးခဲ့သည်။

အာရှတိုက်တွင်း အကြီးမားဆုံး လေကြောင်းနှင့် ကာကွယ်ရေး ပြပွဲဖြစ်သော စင်ကာပူ လေကြောင်းပြပွဲ စတင်သည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် သဘောတူညီချက်ကို ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လေယာဉ်များကို ၂၀၁၅ ခုနှစ် ဇွန်လမှ စတင်ပေးပို့မည် ဖြစ်သည်။

ယင်းလေယာဉ်များမှာ Boeing 737 - 800 Model လေယာဉ် ခြောက်စင်းနှင့် Boeing 737 - MAX Model လေးစင်းတို့ ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင်အပြီး ပေးပို့မည် ဖြစ်ကြောင်း GECAS က ထုတ်ပြန် သွားသည်။

ဘိုးရင်းလေယာဉ်များ ရယူအသုံးပြုရန် လုပ်ဆောင်ချက်သည် ၁၉၄၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော မြန်မာ့ လေကြောင်းလိုင်းအတွက် အရေးပါသော လေယာဉ် လွှဲပြောင်းရယူမှု ဖြစ်စဉ်ကြီး ဖြစ်ပြီး လက်ရှိတွင် ဖော်ကာ F28 ဂျက်လေယာဉ်များနှင့် ATR တောင်ပံတပ် လေယာဉ်များ အသုံးပြုပြီး ပြည်တွင်း ခရီးစဉ်များကို ပြေးဆွဲလျက် ရှိသည်။
“ခေတ်မီနောက်ဆုံးပေါ် နည်းပညာတွေ သုံးထားတဲ့ ဘိုးရင်း လေယာဉ်သစ်တွေကို မြန်မာ့ လေကြောင်းလိုင်းကို ပံ့ပိုး ပေးခွင့်ရတဲ့အတွက် ကြည်နူးမိပါတယ်” ဟု GECAS ကုမ္ပဏီဥက္ကဋ္ဌ နော်မန်လီက ပြောကြားသည်။

အဆိုပါလေယာဉ် ငှားရမ်းရေး သဘောတူညီချက်သည် မြန်မာ့ လေကြောင်း လိုင်းနှင့် မြန်မာ့လေကြောင်း စက်မှုလုပ်ငန်းအတွက် အရေးပါသော မှတ်တိုင်တစ်ရပ်လည်း ဖြစ်သည်ဟု ဘိုးရင်းကုမ္ပဏီက ထုတ်ပြန်သည်။

ဘိုးရင်း လေယာဉ်များကို အသုံးပြုပြီး ဂျပန်နှင့် တောင်ကိုရီးယား ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲ သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉာဏ်ထွန်းအောင်က ပြောကြားသည်။

လက်ရှိတွင် မြန်မာ့လေကြောင်း ပြေးဆွဲနေသည့် တစ်ခုတည်းသော ပြည်ပ ခရီးစဉ်မှာ ဗုဒ္ဓဘာသာဝင်များအတွက် အရေးပါသော အိန္ဒိယ ဗုဒ္ဓဂယာခရီးစဉ် ဖြစ်ပြီး လေယာဉ် ၁၂ စင်းဖြင့် ပြည်တွင်း ခရီးစဉ်များကို အဓိက ပြေးဆွဲလျက် ရှိသည်။

The Voice Weekly

RangonNewsDaily: February . 13 .2014
မြန်မာနိုင်ငံပိုင် လေကြောင်း ဖြစ်သည့် မြန်မာ့လေကြောင်းလိုင်း (MA) က အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကုန်ကျမည့် ဘိုးရင်းလေယာဉ် ၁၀ စင်း ငှားရမ်း အသုံးပြုရန် အမေရိကန် နည်းပညာ အင်အားကြီး ကုမ္ပဏီကြီး တစ်ခုဖြစ်သော GE ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း မြန်မာ့လေကြောင်းနှင့် GE တို့က ထုတ်ပြန်လိုက်သည်။ယင်းကဲ့သို့သော စီးပွားရေး သဘောတူညီချက်သည် အမေရိကန် ကုမ္ပဏီတစ်ခုနှင့် မြန်မာနိုင်ငံကြား ပမာဏ အကြီးမားဆုံး ရောင်းဝယ်မှု တစ်ခုဖြစ်သည်ဟု အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသွားကြောင်း The New Straits Times သတင်းတွင် ဖော်ပြထားသည်။

မြန်မာ့လေကြောင်းလိုင်း၏ လုပ်ငန်းများ အဆင့်မြှင့်နိုင်ရန်နှင့် မြန်မာ့ စီးပွားရေးကို အကျိုးကျေးဇူး ရရှိစေရန် အမေရိကန် ကုမ္ပဏီကြီး တစ်ခုဖြစ်သော General Electric (GE) ၏ လေယာဉ် ငှားရမ်းခြင်းနှင့် ဘဏ္ဍာငွေရှာခြင်း လုပ်ငန်းခွဲ တစ်ခုဖြစ်သော GE Capital Aviation Services (GECAS) နှင့် တွဲဖက်လုပ်ကိုင်မည် ဖြစ်ကြောင်း မြန်မာ့လေကြောင်း (Myanmar Airways) ၏ စီမံအုပ်ချုပ်မှု ဒါရိုက်တာ လေယာဉ်မှူးကြီး ဦးသန်းထွန်းက ပြောကြားသည်။

အမေရိကန် GE အီလက်ထရွန်နစ် ကုမ္ပဏီ၏ စီးပွားရေးရာ ငှားရမ်းရေးနှင့် ငွေကြေး ထောက်ပံ့ရေး အဖွဲ့ခွဲ တစ်ခုဖြစ်သော GE Capital Aviation Services (GECAS) နှင့် မြန်မာနိုင်ငံပိုင် မြန်မာ့ လေကြောင်းတို့ သဘောတူညီချက် ချုပ်ဆိုလိုက်ပြီး ဘိုးရင်း ၇၃၇ လေယာဉ် ၁၀ စင်း ငှားရမ်းရန် လက်မှတ်ရေးထိုးခဲ့သည်။

အာရှတိုက်တွင်း အကြီးမားဆုံး လေကြောင်းနှင့် ကာကွယ်ရေး ပြပွဲဖြစ်သော စင်ကာပူ လေကြောင်းပြပွဲ စတင်သည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် သဘောတူညီချက်ကို ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လေယာဉ်များကို ၂၀၁၅ ခုနှစ် ဇွန်လမှ စတင်ပေးပို့မည် ဖြစ်သည်။

ယင်းလေယာဉ်များမှာ Boeing 737 - 800 Model လေယာဉ် ခြောက်စင်းနှင့် Boeing 737 - MAX Model လေးစင်းတို့ ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင်အပြီး ပေးပို့မည် ဖြစ်ကြောင်း GECAS က ထုတ်ပြန် သွားသည်။

ဘိုးရင်းလေယာဉ်များ ရယူအသုံးပြုရန် လုပ်ဆောင်ချက်သည် ၁၉၄၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော မြန်မာ့ လေကြောင်းလိုင်းအတွက် အရေးပါသော လေယာဉ် လွှဲပြောင်းရယူမှု ဖြစ်စဉ်ကြီး ဖြစ်ပြီး လက်ရှိတွင် ဖော်ကာ F28 ဂျက်လေယာဉ်များနှင့် ATR တောင်ပံတပ် လေယာဉ်များ အသုံးပြုပြီး ပြည်တွင်း ခရီးစဉ်များကို ပြေးဆွဲလျက် ရှိသည်။
“ခေတ်မီနောက်ဆုံးပေါ် နည်းပညာတွေ သုံးထားတဲ့ ဘိုးရင်း လေယာဉ်သစ်တွေကို မြန်မာ့ လေကြောင်းလိုင်းကို ပံ့ပိုး ပေးခွင့်ရတဲ့အတွက် ကြည်နူးမိပါတယ်” ဟု GECAS ကုမ္ပဏီဥက္ကဋ္ဌ နော်မန်လီက ပြောကြားသည်။

အဆိုပါလေယာဉ် ငှားရမ်းရေး သဘောတူညီချက်သည် မြန်မာ့ လေကြောင်း လိုင်းနှင့် မြန်မာ့လေကြောင်း စက်မှုလုပ်ငန်းအတွက် အရေးပါသော မှတ်တိုင်တစ်ရပ်လည်း ဖြစ်သည်ဟု ဘိုးရင်းကုမ္ပဏီက ထုတ်ပြန်သည်။

ဘိုးရင်း လေယာဉ်များကို အသုံးပြုပြီး ဂျပန်နှင့် တောင်ကိုရီးယား ခရီးစဉ်များကို တိုးချဲ့ပြေးဆွဲ သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉာဏ်ထွန်းအောင်က ပြောကြားသည်။

လက်ရှိတွင် မြန်မာ့လေကြောင်း ပြေးဆွဲနေသည့် တစ်ခုတည်းသော ပြည်ပ ခရီးစဉ်မှာ ဗုဒ္ဓဘာသာဝင်များအတွက် အရေးပါသော အိန္ဒိယ ဗုဒ္ဓဂယာခရီးစဉ် ဖြစ်ပြီး လေယာဉ် ၁၂ စင်းဖြင့် ပြည်တွင်း ခရီးစဉ်များကို အဓိက ပြေးဆွဲလျက် ရှိသည်။

The Voice  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment