Pages

Thursday, February 13, 2014

တောင်ငူမြို့ဗဟိုဈေးကြီးမီးလောင်ကျွမ်းမှု အဖြေရှာမရသေး


RangonNewsDaily: February . 13 .2014
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့က မြို့မဈေးကြီးအတွင်းမှာ ညနေ (၆) နာရီလောက်ကစပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
အလင်းမျက်ဝန်းမှ စုံစမ်းချက်အရ ည (၇) နာရီကျော်ချိန်အထိ မီးညွန့်မကျိုးသေးဘဲ ထိုးထွက်နေခဲ့ပြီး ဈေးရဲ့ ၅ ပုံ ၄ ပုံလောက်ရှိတဲ့ ဆိုင်ခန်းတွေဟာလည်း မီးထဲပါသွားခဲ့တယ်လို့ ဘီဘီစီ မြန်မာပိုင်းသတင်းအရ သိရှိရပါတယ်။

ဈေးရဲ့ အနောက်မြောက်ဘက်က ရပ်ကွက်တွေဖြစ်တဲ့ (၁၆) ရပ်ကွက်နဲ့ (၁၇) ရပ်ကွက်အတွင်းက ဈေးနဲ့နီးကပ်စွာရှိနေတဲ့ နေအိမ်များက ပစ္စည်းများရွှေ့ပြောင်းနေကြပေမယ့် အခုတော့ မီးညွန့်ကျိုးနေပြီလို့ သိရပါတယ်။
::
ယခု မီးလောင်ကျွမ်းရာ ဗဟိုဈေးကြီးနေရာနှင့် တောင်ငူမြို့ ဗဟိုမီးသတ်ရုံးရှိရာမှာ ကိုက် (၁၀၀) နီးပါးသာ ဝေကွားသော်လည်း မီးသတ်ကားများအတွင်း ရေလုံလောက်စွာ အဆင်သင့် မရှိထားတာကြောင့် မီးငြိမ်းသက်ဖို့အတွက် နှောင့်နှေးကြန့်ကြာခဲ့ရတယ်လို့ ဒေသခံများကတဆင့် သိရပါတယ်။

ဈေးလမ်း၊ ပွဲစားလမ်း၊ နံပါတ်(၁)လမ်းများပေါ်က နေအိမ်များအထိ မီးအပူဒဏ်များ ခံစားခဲ့ရပြီး မီးစတင်လောင်ကျွမ်းမှုကိုတော့ အဖြေရှာမရသေးဘူးလို့ သိရပါတယ်။
::
ယခု မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တောင်ငူမြို့ဗဟိုဈေးကြီးဟာ ဒေသခံကုန်သည်များရဲ့ အထူးမီခိုအားထားရာဈေးကြီးဖြစ်ပြီးတော့ ၁၉၈၁ ခုနှစ်ဝန်းကျင်ကလည်း သမဝါယမ၀န်ထမ်းတစ်ဦးရဲ့ ရှို့မီးကြောင့် ကြီးမားစွာ လောင်ကျွမ်းပျက်စီးခဲ့ရဖူးပါတယ်။

၂၀၀၁ ခုနှစ်ကလည်း ဘာသာရေးအကြမ်းဖက်မှုများအတွင်း သင်္ဃန်းဝတ်အချို့၏ မီးရှို့မှုများကြောင့် မြို့ပေါ်ရှိ ဗလီများ၊ နေအိမ်များနှင့် ဆိုင်ပေါင်းများစွာဟာလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ယနေ့ထက်တိုင် အဆိုပါနေရာများအား မူလပိုင်ရှင်များထံသို့ ပြန်လည် အပ်နှံခြင်း မရှိသေးဘဲ အချို့နေရာများအား အစိုးရအဆောက်အဦးများ ဆောက်လုပ်၍ မတရားသိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။
::
မီးလောင်ကျွမ်းမှုကို ကူညီသယ်မပေးသူများနှင့် ပစ္စည်းလုယက် ခိုးယူမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်ခဲ့ပြီး လက်ရှိဖြစ်စဉ်အပေါ် ဒေသခံများကတော့ ထင်ကြေးအမျိုးမျိုး ပေးလျက်ရှိနေကြပါတယ်။

ပျက်ဆီးဆုံးရှုံးမှုပမာဏမှာလည်း ကြီးမားစွာ ရှိနိုင်ပြီး၊ လတ်တလော ခန့်မှန်း၍မရနိုင်သေးပဲ မနက်ဖန်ထွက်ရှိမယ့် နိုင်ငံပိုင် သတင်းစာတွေမှာတော့ ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။

အလင်းမျက်ဝန်း ::--
kolatt(PBDN)
RangonNewsDaily



 





0 comments:

Post a Comment

 
world time