Pages

Wednesday, January 29, 2014

သီရိမင်္ဂလာဈေးဟောင်းမီးလောင်မှု စုစုပေါင်းပစ္စည်းတန်ဖိုး ၁၂၁ သိန်းမီးလောင်ဆုံးရှုံး

Photo

RangonNewsDaily:: January . 29 .2014
ဇန်န၀ါရီလ ၂၈ ရက်နေ့ ည ၁၁း၄၅ တွင်ကြည့်မြင်တိုင်မြို့ နယ်ရှိ သီရိမင်္ဂလာဈေးဟောင်းတွင်မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ စုစုပေါင်းပစ္စည်းတန်ဖိုး ၁၂၁ သိန်းမီးလောင်ဆုံးရှုံးခဲ့ကြောင်းမီးသတ်ဦးစီးဌာနမှသိရသည်။ အဆိုပါမီးလောင်မှုမှာသီရမင်္ဂလာဈေးဟောင်း (၄)ထပ်ရှိ(Sima ပရိဘောဂ)စက်ရုံမှထွက်ရှိသောလွှစာမှုန့် များနှင့်အခြားအမှုန့် များအိပ်ဇောပန်ကာအတွင်းသို့ ရောက်ပြီးမော်တာဂျန့် ဖြစ်၍အပူလွန်ကဲရာမှမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပ်ါမီးလောင်မှုတွင်မီးသတ်ကားစုစုပေါင်း ၄၂စီးအထောက်အကူယာဉ် ၁၀စီးနှင့်ကွတ်ကဲမှုယာဉ် စုစုပေါင်း ၅စီးဖြင့် ၂၉.၁.၂၀၁၄ နံနက် ၁း၃၅ တွင်မီးငြှိမ်းသတ်ခဲ့ကြောင်းမီးသတ်ဦးစီးဌာနမှသိရသည်။
အဆိုပါမီးလောင်မှုကြောင့်(Sima)မှမန်နေဂျာဖြစ်သူဦး---(၄၂)နှစ်အား(ပ)နံပါတ် ၆၈/၂၀၁၄ ပုဒ်မ ၂၈၅ ဖြင့်အရေးယူထားကြောင်းသိရသည် ။ဇေဝေယံ

Popular Myanmar , kolatt(PBDN)
RangonNewsDaily
 
Photo

Photo

Photo

0 comments:

Post a Comment