Pages

Wednesday, January 29, 2014

မာတာ၏ ပွဲဦးထွက်တွင် နိုင်ပွဲဖြင့် စတင်ခဲ့သည့် မန်ချက်စတာ ယူနိုက်တက်

Photo: မာတာ၏ ပွဲဦးထွက်တွင် နိုင်ပွဲဖြင့် စတင်ခဲ့သည့် မန်ချက်စတာ ယူနိုက်တက်
Wednesday, January 29, 2014

မန်ချက်စတာ ယူနိုက်တက် အသင်းသည် အိမ်ကွင်းတွင် ကားဒစ်ဖ်စီးတီးကို (၂-၀)ဖြင့် အနိုင်ယူခဲ့သလို ကစားသမားသစ် ဟွမ်မာတာ၏ ပွဲဦးထွက်လည်း လှပလာခဲ့သည်။

ယူနိုက်တက်သည် ယခုပွဲစဉ်တွင် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီဖြစ်သော ရော်ဘင်ဗန်ပါစီကို တိုက်စစ်မြားဦး၌ ပွဲထုတ်ခဲ့ပြီး ၎င်း၏နောက်တွင် မာတာက ပံ့ပိုးကာ အန်တိုနီယို ဗလန်စီယာ၊ ရိုင်ယန်ဂစ်၊ အက်ရှ်လေယန်းတို့က ဝန်းရံခဲ့သည်။ ဖီးလ်ဂျုံးစ်က ကွင်းလယ်ခံစစ်တွင် ထောက်ကစားပြီး နောက်တန်းတွင် ရာဖေးလ်ဒါဆေးလ်ဗား၊ ပက်ထရစ်အီဗရာ၊ ခရစ်စမောလင်း၊ ဂျွန်နီအီဗန်စ်တို့ ပါဝင်လာသည်။ ကားဒစ်ဖ်ဘက်တွင်မူ ဖရေဇာကမ့်ဘဲလ်၊ ကရိတ်ဂ်ျဘယ်လာမီ၊ ယော်ဒန်မတ်ခ်ျ၊ ကရိတ်ဂ်ျနိုနီ၊ ဂယ်ရီမီဒယ်လ်၊ ပီတာဝှစ်တမ်ဂမ်၊ ဒက္ကလန်ဂျွန်၊ မာ့ခ်ဟတ်ဒ်ဆန်၊ စတိဗ်ကော်လူကာ၊ ကီဗင်မက်နော်တန်တို့ ပွဲထွက် ကစားခဲ့သည်။

ပွဲချိန် (၆)မိနစ်တွင် အိမ်ရှင် ယူနိုက်တက်တို့ ဂိုးစတင်ရရှိသည်။ ဘယ်ခြမ်းမှ တိုက်စစ်အစပြုလာပြီး ယန်းကန်တင်ပေးလိုက်သော ဘောလုံးကို ဗလန်စီယာ ခေါင်းတိုက် သွင်းယူသော်လည်း တိုင်ထိထွက်လာသည့်နောက် ဗန်ပါစီက နှစ်ဆင့်ပိတ်သွင်းကာ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် ယူနိုက်တက်တို့ ပွဲချိန်အတော်များများကို အသာစီးယူ ထိုးဖောက်ခဲ့ပြီး ဂိုးသွင်းရန် အားထုတ်မှုများ တေ့လွဲနေသဖြင့် အရာမထင်ခဲ့ချေ။ 

ဒုတိယပိုင်း (၅၉)မိနစ်တွင်မူ မာတာ ဘယ်ခြမ်း၌ ချပေးလိုက်သော ဘောလုံးကို ယန်းက တစ်ကိုယ်တော် ခြေစွမ်းပြ ဆွဲယူကာ ခံစစ်သမား နှစ်ဦးကို အယောင်ပြ ကျော်ဖြတ်ပြီး ဧရိယာ အပြင်ဘက်မှ လှလှပပ အပြင်းကန်သွင်းပြီး ဒုတိယဂိုး ရယူခဲ့သည်။ ပွဲချိန်(၆၃)မိနစ်တွင်မူ ဗန်ပါစီအစား အခြား နာလန်ထ တိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဝိန်းရွန်နီ ပါဝင်ကစားသွားသည်ကိုလည်း တွေ့ရသည်။

Soccer Myanmar

RangonNewsDaily:: January . 29 .2014
မန်ချက်စတာ ယူနိုက်တက် အသင်းသည် အိမ်ကွင်းတွင် ကားဒစ်ဖ်စီးတီးကို (၂-၀)ဖြင့် အနိုင်ယူခဲ့သလို ကစားသမားသစ် ဟွမ်မာတာ၏ ပွဲဦးထွက်လည်း လှပလာခဲ့သည်။ူနိုက်တက်သည် ယခုပွဲစဉ်တွင် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီဖြစ်သော ရော်ဘင်ဗန်ပါစီကို တိုက်စစ်မြားဦး၌ ပွဲထုတ်ခဲ့ပြီး ၎င်း၏နောက်တွင် မာတာက ပံ့ပိုးကာ အန်တိုနီယို ဗလန်စီယာ၊ ရိုင်ယန်ဂစ်၊ အက်ရှ်လေယန်းတို့က ဝန်းရံခဲ့သည်။ 
 
ဖီးလ်ဂျုံးစ်က ကွင်းလယ်ခံစစ်တွင် ထောက်ကစားပြီး နောက်တန်းတွင် ရာဖေးလ်ဒါဆေးလ်ဗား၊ ပက်ထရစ်အီဗရာ၊ ခရစ်စမောလင်း၊ ဂျွန်နီအီဗန်စ်တို့ ပါဝင်လာသည်။ ကားဒစ်ဖ်ဘက်တွင်မူ ဖရေဇာကမ့်ဘဲလ်၊ ကရိတ်ဂ်ျဘယ်လာမီ၊ ယော်ဒန်မတ်ခ်ျ၊ ကရိတ်ဂ်ျနိုနီ၊ ဂယ်ရီမီဒယ်လ်၊ ပီတာဝှစ်တမ်ဂမ်၊ ဒက္ကလန်ဂျွန်၊ မာ့ခ်ဟတ်ဒ်ဆန်၊ စတိဗ်ကော်လူကာ၊ ကီဗင်မက်နော်တန်တို့ ပွဲထွက် ကစားခဲ့သည်။

ပွဲချိန် (၆)မိနစ်တွင် အိမ်ရှင် ယူနိုက်တက်တို့ ဂိုးစတင်ရရှိသည်။ ဘယ်ခြမ်းမှ တိုက်စစ်အစပြုလာပြီး ယန်းကန်တင်ပေးလိုက်သော ဘောလုံးကို ဗလန်စီယာ ခေါင်းတိုက် သွင်းယူသော်လည်း တိုင်ထိထွက်လာသည့်နောက် ဗန်ပါစီက နှစ်ဆင့်ပိတ်သွင်းကာ ဦးဆောင်ဂိုး ရရှိခဲ့သည်။ 
 
ထို့နောက်ပိုင်းတွင် ယူနိုက်တက်တို့ ပွဲချိန်အတော်များများကို အသာစီးယူ ထိုးဖောက်ခဲ့ပြီး ဂိုးသွင်းရန် အားထုတ်မှုများ တေ့လွဲနေသဖြင့် အရာမထင်ခဲ့ချေ။

ဒုတိယပိုင်း (၅၉)မိနစ်တွင်မူ မာတာ ဘယ်ခြမ်း၌ ချပေးလိုက်သော ဘောလုံးကို ယန်းက တစ်ကိုယ်တော် ခြေစွမ်းပြ ဆွဲယူကာ ခံစစ်သမား နှစ်ဦးကို အယောင်ပြ ကျော်ဖြတ်ပြီး ဧရိယာ အပြင်ဘက်မှ လှလှပပ အပြင်းကန်သွင်းပြီး ဒုတိယဂိုး ရယူခဲ့သည်။ 
 
ပွဲချိန်(၆၃)မိနစ်တွင်မူ ဗန်ပါစီအစား အခြား နာလန်ထ တိုက်စစ်မှူးတစ်ဦးဖြစ်သည့် ဝိန်းရွန်နီ ပါဝင်ကစားသွားသည်ကိုလည်း တွေ့ရသည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment