Pages

Wednesday, January 29, 2014

Angry Birds ဂိမ်းသည် NSA ၏ အသုံးချခံ ဖြစ်လာဟုဆို

Photo: Angry Birds ဂိမ်းသည် NSA ၏ အသုံးချခံ ဖြစ်လာဟုဆို
Wednesday, January 29, 2014

အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ မှတ်တမ်းမှတ်ရာ တစ်ခုက Angry Birdsဂိမ်းကို တည်ကြက်အဖြစ် အသုံးပြုကာ လူပေါင်းများစွာ၏ အချက်အလက်များကို သိမ်းသွင်းစုဆောင်းနေခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများ အနေဖြင့် ၎င်းတို့၏ သူလျှို လုပ်ငန်းများတွင် ကမ္ဘာပေါ်၌ လူကြိုက်အများဆုံး မိုဘိုင်းလ်ဖုန်း ဂိမ်းတစ်ခုကို ခုတုံးလုပ် အသုံးချလာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ မှတ်တမ်းမှတ်ရာ တစ်ခုက Angry Birdsဂိမ်းကို တည်ကြက်အဖြစ် အသုံးပြုကာ လူပေါင်းများစွာ၏ အချက်အလက်များကို သိမ်းသွင်းစုဆောင်းနေခဲ့ကြောင်း ဖော်ပြထားသည်။ Angry Birdsအပြင် မိုဘိုင်းလ်ဖုန်းများတွင် အသုံးပြုသည့် နာမည်ကြီး Appအချို့ကို ထောင်ချောက်ဆင်ကာ နေရာပြစနစ်များ၊ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်လည်ပတ်မှု အခြေအနေများ၊ အဆက်အသွယ် ဖုန်းနံပါတ်များကိုပါ NSAက ရယူခဲ့ကြောင်း သိရှိရသည်။ 

ယင်းမှတ်တမ်းမှတ်ရာများကို NSA၏ ဝန်ထမ်းဟောင်းနှင့် နာမည်ကြီး ထောက်လှမ်းရေး သတင်းအချက်အလက် ဖော်ကောင်ဖြစ်သူ အက်ဒွပ်စနိုးဒင်းက နောက်ဆုံး ထုတ်ပြလိုက်ခြင်း ဖြစ်သည်။ NSAကမူ မိမိတို့သည် တိကျသည့် နိုင်ငံရပ်ခြား ထောက်လှမ်းရေး ပစ်မှတ်များမှလွဲ၍ အခြားသော သတင်းအချက်အလက်များကို စိတ်မဝင်စားပါကြောင်း ကြေညာချက်ထုတ်ပြန် ငြင်းဆိုထားသည်။ "NSAက ထောက်လှမ်းရေး သတင်းအချက်အလက်တွေ စုဆောင်းတယ် ဆိုတာက တိကျတဲ့ နိုင်ငံရပ်ခြား ထောက်လှမ်းရေး Collectionတွေ ရှိပြီးသား အခြေအနေမှာပါ။ မိုဘိုင်းလ်ဖုန်းတွေ၊ ဆက်သွယ်ရေး မီဒီယာ ကွန်ရက်တွေကနေ အမေရိကန်တွေရဲ့ နေ့စဉ်လူနေမှု ဘဝကို ထောက်လှမ်းနေတယ် ဆိုတာက လုံးဝ မမှန်ပါဘူး"ဟု NSA၏ ကြေညာချက်တွင် ဖော်ပြထားသည်။

NSAက Angry Birdsနှင့် အခြားသော မိုဘိုင်းလ် Appများကို အသုံးပြုနေကြောင်း အဆိုပါ သတင်းကို New York Times၊ ProPublicaနှင့် Guardian သတင်းစာကြီးများက စတင်ဖော်ပြခဲ့သည်။ သို့သော်လည်း ယင်းအခြေအနေတွင် NSAက စုဆောင်းရယူနိုင်သည့် အချက်အလက် ပမာဏကိုမူ တိတိကျကျ မသိရသေးချေ။ စနိုးဒင်းက ထုတ်ပြသော မှတ်တမ်းမှတ်ရာများ အရမူ မြေပုံစနစ်များ၊ ဂိမ်းများ၊ Social Networkingဆိုင်ရာ Appများတွင် အဓိက ထောင်ချောက်ဆင် ထောက်လှမ်းကြောင်း ပါရှိသည်။ ထို့အပြင် အမေရိကန်ရော၊ ဗြိတိသျှ ထောက်လှမ်းရေးတို့ကပါ မိုဘိုင်းလ်ကိရိယာများသည် သူလျှိုလုပ်ငန်းတွင် အချက်အလက်များ သိုမှီးစုဆောင်းရန် အလွန်အရေးပါသော နယ်ပယ်တစ်ခုအဖြစ် အသိအမှတ် ပြုထားကြကြောင်းလည်း ယင်းမှတ်တမ်းများတွင် မှတ်ချက်ထုတ်ထားကြောင်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: January . 29 .2014
အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ မှတ်တမ်းမှတ်ရာ တစ်ခုက Angry Birdsဂိမ်းကို တည်ကြက်အဖြစ် အသုံးပြုကာ လူပေါင်းများစွာ၏ အချက်အလက်များကို သိမ်းသွင်းစုဆောင်းနေခဲ့ကြောင်း ဖော်ပြထားသည်။ အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများ အနေဖြင့် ၎င်းတို့၏ သူလျှို လုပ်ငန်းများတွင် ကမ္ဘာပေါ်၌ လူကြိုက်အများဆုံး မိုဘိုင်းလ်ဖုန်း ဂိမ်းတစ်ခုကို ခုတုံးလုပ် အသုံးချလာကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ 
 
အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ မှတ်တမ်းမှတ်ရာ တစ်ခုက Angry Birdsဂိမ်းကို တည်ကြက်အဖြစ် အသုံးပြုကာ လူပေါင်းများစွာ၏ အချက်အလက်များကို သိမ်းသွင်းစုဆောင်းနေခဲ့ကြောင်း ဖော်ပြထားသည်။ Angry Birdsအပြင် မိုဘိုင်းလ်ဖုန်းများတွင် အသုံးပြုသည့် နာမည်ကြီး Appအချို့ကို ထောင်ချောက်ဆင်ကာ နေရာပြစနစ်များ၊ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်လည်ပတ်မှု အခြေအနေများ၊ အဆက်အသွယ် ဖုန်းနံပါတ်များကိုပါ NSAက ရယူခဲ့ကြောင်း သိရှိရသည်။

ယင်းမှတ်တမ်းမှတ်ရာများကို NSA၏ ဝန်ထမ်းဟောင်းနှင့် နာမည်ကြီး ထောက်လှမ်းရေး သတင်းအချက်အလက် ဖော်ကောင်ဖြစ်သူ အက်ဒွပ်စနိုးဒင်းက နောက်ဆုံး ထုတ်ပြလိုက်ခြင်း ဖြစ်သည်။ NSAကမူ မိမိတို့သည် တိကျသည့် နိုင်ငံရပ်ခြား ထောက်လှမ်းရေး ပစ်မှတ်များမှလွဲ၍ အခြားသော သတင်းအချက်အလက်များကို စိတ်မဝင်စားပါကြောင်း ကြေညာချက်ထုတ်ပြန် ငြင်းဆိုထားသည်။ 
 
"NSAက ထောက်လှမ်းရေး သတင်းအချက်အလက်တွေ စုဆောင်းတယ် ဆိုတာက တိကျတဲ့ နိုင်ငံရပ်ခြား ထောက်လှမ်းရေး Collectionတွေ ရှိပြီးသား အခြေအနေမှာပါ။ မိုဘိုင်းလ်ဖုန်းတွေ၊ ဆက်သွယ်ရေး မီဒီယာ ကွန်ရက်တွေကနေ အမေရိကန်တွေရဲ့ နေ့စဉ်လူနေမှု ဘဝကို ထောက်လှမ်းနေတယ် ဆိုတာက လုံးဝ မမှန်ပါဘူး"ဟု NSA၏ ကြေညာချက်တွင် ဖော်ပြထားသည်။

NSAက Angry Birdsနှင့် အခြားသော မိုဘိုင်းလ် Appများကို အသုံးပြုနေကြောင်း အဆိုပါ သတင်းကို New York Times၊ ProPublicaနှင့် Guardian သတင်းစာကြီးများက စတင်ဖော်ပြခဲ့သည်။ 
 
သို့သော်လည်း ယင်းအခြေအနေတွင် NSAက စုဆောင်းရယူနိုင်သည့် အချက်အလက် ပမာဏကိုမူ တိတိကျကျ မသိရသေးချေ။ စနိုးဒင်းက ထုတ်ပြသော မှတ်တမ်းမှတ်ရာများ အရမူ မြေပုံစနစ်များ၊ ဂိမ်းများ၊ Social Networkingဆိုင်ရာ Appများတွင် အဓိက ထောင်ချောက်ဆင် ထောက်လှမ်းကြောင်း ပါရှိသည်။ 
 
ထို့အပြင် အမေရိကန်ရော၊ ဗြိတိသျှ ထောက်လှမ်းရေးတို့ကပါ မိုဘိုင်းလ်ကိရိယာများသည် သူလျှိုလုပ်ငန်းတွင် အချက်အလက်များ သိုမှီးစုဆောင်းရန် အလွန်အရေးပါသော နယ်ပယ်တစ်ခုအဖြစ် အသိအမှတ် ပြုထားကြကြောင်းလည်း ယင်းမှတ်တမ်းများတွင် မှတ်ချက်ထုတ်ထားကြောင်း သိရှိရသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment