Pages

Wednesday, January 15, 2014

နိုင်ငံခြားသားနှစ်ဦး စမ်းချောင်းမြို့နယ်ရှိ ကလေးပစ္စည်း အရောင်းဆိုင်သို့ ဝင်ရောက်ခိုးယူ

RangonNewsDaily:: January . 15 .2014
စမ်းချောင်းမြို့နယ် အတွင်းရှိ ကလေးပစ္စည်း အရောင်းဆိုင် သို့ နိုင်ငံ ခြားသားနှစ်ဦးက ဝင်ရောက်၍ ခိုးယူမှု တစ်ခု ပြုလုပ် ခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး မှုခင်းဌာနမှ သိရသည်။ ယခုလ ၁၃ ရက်နေ့ ညနေ ၆ နာရီခွဲခန့်အချိန်တွင် စမ်းချောင်းမြို့ နယ် အောင်ချမ်းသာ ရပ်ကွက် KIDDY WORLD ကလေးပစ္စည်း အရောင်းဆိုင် မှ အရောင်းဝန်ထမ်းများဖြစ်သော အရောင်းတာဝန်ခံ မစိုးစိုးထွေး ၂၆ နှစ်နှင့် အရောင်းစာရေး မဝင်းဝါဝါထွန်း ၂ဝ နှစ်သည် ဆိုင်အတွင်းရှိနေစဉ် အမည်မသိ အဝတ်အစားအရောင် မမှတ်မိ ကုလားဆင် နိုင်ငံခြားသား ၂ ဦး လာရောက်ဈေးဝယ်၍ ရောင်းချပေး ခဲ့ရာ

တစ်ဦးမှ တာဝန်ခံ မစိုးစိုးထွေး အနီး နားကျပ်တောင်ဖိုးငွေပေးချေ သဖြင့် မစိုးစိုးထွေးမှ ငွေပြန်အမ်းစဉ် အဆိုပါ နိုင်ငံခြားသားမှ ကောင်တာအံ ဆွဲအတွင်း မစိုးစိုးထွေး ထပ်ထားသော ငွေများအား စီရီထပ်ပြပြီးနောက် မစိုး စိုးထွေးအား ငွေများပြန်ပေး၍ ထွက် သွားရာ ၄င်းတို့ထွက်သွားပြီးနောက် မစိုးစိုးထွေးမှ စစ်ကြည့်သောအခါ ငွေ ကျပ် ၃၈ဝဝဝဝ အနက်မှ ၂၆၁၃ဝဝ လျော့နည်း ပျောက်ဆုံးခဲ့ကြောင်း သိရ သည်။

အဆိုပါ ပျောက်ဆုံးမှုကို စမ်း ချောင်း မမစသို့ အကြောင်းကြားသဖြင့် စခမ ဒုရဲမှူး ဦးသိန်းအေးနှင့်အဖွဲ့မှ အဆိုပါ ဆိုင်အား လိုက်လံစစ်ဆေးပြီး ဆိုင်ဝန်ထမ်း ၂ ဦးနှင့်အတူ စမ်းချောင်း မြို့နယ်အတွင်းရှိ ဟိုတယ်များသို့ သွား ရောက်ကာ တည်းခိုနေထိုင်နေသူ နိုင်ငံ ခြားသားများ၏ ပတ်စ်ပို့ များအား စစ် ဆေးခဲ့ကြောင်းနှင့် နယ်ခြေလှည့်ကင်း အဖွဲ့များဖြင့် စစ်ဆေးရှာဖွေလျက်ရှိပြီး အမှုဖွင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဇေဝေယံ
Popular Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment