Pages

Wednesday, January 15, 2014

မန္တလေးမြို့နယ်ခုနစ်ခုတွင် ဒီဂျစ်တယ်မီတာတပ်ဆင်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

RangonNewsDaily:: January . 14 .2014
မန္တလေးမြို့နယ် ခုနစ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဗို့အားပြည့် ထုတ်လွှတ်နိုင်ရေး ဒစ်ဂျစ်တယ်မီတာ များ အစားထိုးတပ်ဆင်ခြင်း ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှု ရေး

ရာဝန်ကြီး ဦးကျော်မြင့်က ပြောသည်။ “မြို့နယ်အလိုက် ဒစ်ဂျစ်တယ်မီတာတွေကို တပ်ဆင်ဆောင်ရွက်နေ
တယ်။ အားလုံးတပ်ဆင်ပြီးသွားရင် ဗို့အားကျဆင်းတာတွေလည်း လျော့သွားမယ်။ အခုက ဗို့အား၂၂၀ ထုတ်
လွှတ်နေတာကို ၁၁၀ လောက် ပဲရတာတွေ ရှိနေတယ်”ဟု ပြောခဲ့သည်။
၂၀၁၃ ခုနှစ် ဧပြီလကစတင်ပြီး ဗို့အားအပြည့်အ၀ရရှိစေရန် စတင်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ၈၀ ရာ
ခိုင်နှုန်းခန့် ပြီးစီးပြီဟု ဆိုသည်။ ဒစ်ဂျစ်တယ်မီတာ တပ်ဆင်ခြင်းကို ချမ်းအေးသာစံမြို့နယ်နှင့် မဟာ အောင်
မြေမြို့နယ်တို့တွင် ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးဖြစ်ကြောင်း သိရသည်။

မန္တလေးခုနစ်မြို့နယ်ဖြစ်သည့်ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာ

အောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အမရပူရမြို့နယ်၊ပုသိမ်ကြီးမြို့နယ်တို့တွင်လျှပ်စစ်ဓာတ်အား ဖြန်
့ဖြူးပေးလျက်ရှိရာ၌လျှပ်စစ်ဗို့အား၂၂၀ ပေးလွှင့်လျက်ရှိသော်လည်းအိမ်ခြေအများစုမှာ ဗို့အား ၁၁၀ ၀န်းကျင်
ခန့်သာ ရရှိသုံးစွဲနေရသောကြောင့် ယခုကဲ့သို့ဒစ်ဂျစ်တယ်မီတာများအား ပြောင်းလဲတပ်ဆင်နိုင်ရန် ဆောင်
ရွက်ခြင်းဖြစ်သည်။

မီတာများကို လဲလှယ်ဆောင်ရွက်ခြင်းကြောင့် မီတာဓာတ်အားသုံးစွဲမှုပမာဏကို တစ်ရက်လျှင် ထိန်းချုပ် ကိရိ

ယာ(Remote Control) နှင့် မီတာအလုံးရေ သောင်းဂဏန်းအထိ သိရှိနိုင်ကြောင်းနှင့် လက်ရှိအသုံး ပြုနေ
သော လျှပ်စစ်ဓာတ်အား ထုတ်လွှင့်သည့် ၀ါယာကြိုးများကိုလည်း ကာဗာပါရှိသော အဆင့်မြင့် ၀ိုင် ယာကြိုး
များကို ပြောင်းလဲတပ်ဆင်မှုများကိုလည်း စတင် ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment