Pages

Wednesday, January 15, 2014

ယာဉ်စီးခမပေးဘဲ တက္ကစီယာဉ်မောင်းအားဓါးဖြင့်ထိုး၊ တုတ်ဖြင့်ရိုက်

RangonNewsDaily:: January . 14 .2014
၁၃.၁.၂၀၁၄ရက်နေ့ ၂၂၃၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ ဦးကျော်စိုးသည် ၎င်း၏တူဖြစ်သည့် တက္က

စီယာဉ်မောင်းဖြစ်သူမောင်တေဇာအောင်မှာ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်သို့ခရီးသည်ပို့ဆောင်စဉ်ဓါးထိုးခံရ
သဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ရောက်ရှိနေကြောင်းသိရှိရ၍သွားရောက်ကြည့်ရှုရာမောင်တေဇာအောင်
တွင် ၀ဲပခုံး၊ ယာလက်မောင်းတို့၌ ထိုးသွင်းဒဏ်ရာ(၁)ချက်စီ၊ မေးစေ့ဝဲဘက်၌် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိ
ထားသည်ကိုတွေ့ရှိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍မေးမြန်းရာ မောင်တေဇာအောင်၏တက္ကစီယာဉ်အားဗဟန်းမြို့နယ်၊(၆)ထပ်ကြီးဘုရား
ရှေ့မှဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊စစ်ပင်တောင်ရပ်ကွက်သို့ပို့ပေးရန်အမျိုးသား(၃)ဦး(စုံစမ်းဆဲ)မှ ငှားသဖြင့်
လိုက်ပို့ပေးခဲ့ကြောင်း၊ 

၂၂၀၀အချိန် ခန့်တွင် ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ စစ်ပင်တောင်ဘုရားလမ်းအလွန် မင်းရဲကျော်စွာလမ်းသို့
ရောက်ရှိစဉ် အဆိုပါအမျိုးသား(၃)ဦးထံမှ ယာဉ်စီးခတောင်းသည့်အခါ မပေးသဖြင့်စကားများခဲ့ကြကြောင်း၊ 

ထိုသို့စကားများကြစဉ် ၎င်းတို့ အနက်(၂)ဦးကဓါးဖြင့်ထိုးကာ ကျန်(၁)ဦးကတုတ်ဖြင့်ရိုက်ခဲ့ကြသဖြင့်ဒဏ်ရာ
များရရှိခဲ့ခြင်းဖြစ်ကြောင်း တို့ကို သိရှိရသောကြောင့် စုံစမ်းအရေးယူပေးပါရန် ဦးကျော်စိုးမှ တိုင်တန်းခဲ့၍ ဒဂုံအရှေ့မြို့မရဲစခန်း (ပ)၂၃/၂၀၁၄၊

ပုဒ်မ ၃၂၆/၃၂၃/၁၁၄ ဖြင့်အမှုဖွင့်လှစ်ကာ ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သ

တင်းရရှိပါသည်။

Yangon Police , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment