Pages

Saturday, January 18, 2014

ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြပွဲအတွက် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းကျော် ကုန်ကျ

Photo: ဘန်ကောက် ရပ်ဆိုင်းရေး ဆန္ဒပြပွဲအတွက် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းကျော် ကုန်ကျ 

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အင်အားစု
များ လုပ်ဆောင် လျက်ရှိသော ဘန်ကောက် ရပ်ဆိုင်းရေး ဟူသည့် လူထုဆန္ဒပြပွဲကြီးသည် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းလေးသောင်း (ဘတ်ငွေ ၁၀သန်း) ကုန်ကျလျက် ရှိသည်ဟု အတိုက်အခံ ပြည်သူ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC ) မှ ပြောရေးဆိုခွင့်ရှိသူ အခါနက်ပရောပန်းက ပြောကြားကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။ ဇန်နဝါရီလ ၁၃ ရက်မှ စတင်ကာ ဘန်ကောက်မြို့ တော် ရပ်ဆိုင်းသွားရေး အတွက် ဆန္ဒပြ အင်အားစုများ အဓိက အခြေချ သပိတ်စခန်း ဖွင့်ထားသော နေရာ ရှစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တစ်နေ့လျှင် ဒေါ်လာ ၃၄၀,၀၀၀ ခန့် ကုန်ကျသည်ဟု ၎င်းက ပြောကြား သည်။

“ဆန္ဒပြပွဲကြီး ဖြစ်မြောက်ရေး အတွက် လူအင်အားပါ လိုအပ်တာ မဟုတ် ပါဘူး။ ရန်ပုံငွေလည်း လိုအပ်ပါတယ်” ဟု အခါနက်ပရောပန်းက ဆိုသည်။ လက်ရှိအနေအထားတွင် ဆန္ဒပြမှု အမြန်ဆုံး ပြီးဆုံးမည့် အခြေအနေမျိုး မရှိသည့်အပြင် ကုန်ကျစရိတ်များက ပိုမိုမြင့် တက်လာလျက် ရှိရာ ရန်ပုံငွေ လိုအပ်လာကြောင်း၊ သို့အတွက်ကြောင့် ဆန္ဒပြခေါင်းဆောင်များသည် ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများကို ရောင်းချရသည် ထိပင်ဖြစ် ခဲ့ရကြောင်း အတိုက်အခံ အင်အားစုများက ပြောကြားသည်။

PDRC မှ သတင်းရင်းမြစ် တစ်ခု၏ အဆိုအရ ဆန္ဒပြခေါင်းဆောင် ဆူတက်တာ ဆူဘန်သည် တောင်ပိုင်းဒေသရှိ ၎င်းပိုင်ဆိုင်သော မြေကို ဆန္ဒပြပွဲတွင် အသုံးပြုရေး အတွက် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ဆူတက်တာ ဆူဘန်ကိုယ်တိုင်ကလည်း ဆာမူရီဒေသရှိ ၎င်းပိုင်ဆိုင်သော အိမ်ရာကို ဒေါ်လာ ၇၆၀,၀၀၀(ဘတ်ငွေ ၂၅ သန်း) ဖြင့်ရောင်းချကာ ဆန္ဒပြ
မှု ပထမဆုံး ပြုလုပ်သည့်နေ့တွင် စတင်အသုံးပြုခဲ့သည်ဟု ထုတ်ဖော် ပြော ဆိုထားသည်။ သို့သော် အခြားသတင်းရင်းမြစ် တစ်ခုက ဆူတက်တာ ဆူဘန်သည် နကွန်းစီတာမာရတ်ခရိုင်ရှိ မြေကွက်ကို ရောင်းချရန် ကြိုးပမ်း ရာတွင် မအောင်မြင်ခဲ့ကြောင်း၊ အကြောင်းမှာ ၎င်းထံမှ ဝယ်ယူမည့် စီးပွားရေးသမားကြီး တစ်ဦးက သူ၏ စီးပွားရေး ထိခိုက်မည်ကို စိုးရိမ်သော ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

PDRC သည် ဧရာမ စီးပွားရေးလုပ်ငန်းကြီးများ၏ ထောက်ပံ့မှု ရရှိထားသော အဖွဲ့မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ အာဏာရရှိထားသော ချမ်းသာသည့် နိုင်ငံရေးသမားကြီးများကို တိုက် ခိုက်မှုပြုသည့် ဆန္ဒပြပွဲကို စီးပွားရေးသမား အများစုက ထောက်ပံ့ပေးရန် တွန့်ဆုတ်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြားသည်။ အဆိုပါ ပြောရေးဆိုခွင့်
ရှိ သူ အဆိုအရ ဆူတက် အပါအဝင် ဆန္ဒပြခေါင်းဆောင် ၁၈ ဦး၏ ဘဏ် စာရင်းများကို အထူးစုံစမ်း စစ်ဆေးရေး ဌာနက ပြီးခဲ့သည့် ဒီဇင်ဘာလ
တွင် ပိတ်ပင်ခဲ့ကြောင်း၊ သို့သော် ဆူတက်သည် အဆိုပါလတွင်ပင် ဆီလုံ လမ်းမကြီးပေါ်၌ တီရှပ်များ၊ ပြက္ခဒိန်များ၊ နာရူဆန် ဘုရင်၏ အကြွေစေ့များ အစရှိသည်တို့ကို ရောင်းချခြင်းဖြင့် ဘတ်ငွေ ၁၂ သန်းထိ ရန်ပုံငွေ ရှာဖွေနိုင်ခဲ့ကြောင်း သိရသည်။ 


YoYarLay

RangonNewsDaily:: January . 18 .2014
ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အင်အားစုများလုပ်ဆောင် လျက်ရှိသော ဘန်
ကောက် ရပ်ဆိုင်းရေးဟူသည့် လူထုဆန္ဒပြပွဲကြီးသည် တစ်ရက်လျှင် ဒေါ်လာ သုံးသိန်းလေးသောင်း (ဘတ်
ငွေ ၁၀သန်း) ကုန်ကျလျက် ရှိသည်ဟု အတိုက်အခံ ပြည်သူ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC ) မှ ပြောရေးဆိုခွင့်ရှိသူ အခါနက်ပရောပန်းက ပြောကြားကြောင်း The Nationသတင်းစာက ရေး
သားဖ်ာပြသည်။ ဇန်နဝါရီလ ၁၃ ရက်မှ စတင်ကာ ဘန်ကောက်မြို့ တော် ရပ်ဆိုင်းသွားရေး အတွက် ဆန္ဒပြ အင်အားစုများ အဓိက အခြေချ သပိတ်စခန်း ဖွင့်ထားသော နေရာ ရှစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တစ်နေ့လျှင်
ဒေါ်လာ ၃၄၀,၀၀၀ ခန့် ကုန်ကျသည်ဟု ၎င်းက ပြောကြား သည်။

“ဆန္ဒပြပွဲကြီး ဖြစ်မြောက်ရေး အတွက် လူအင်အားပါ လိုအပ်တာ မဟုတ် ပါဘူး။ ရန်ပုံငွေလည်း လိုအပ်ပါ
တယ်” ဟု အခါနက်ပရောပန်းက ဆိုသည်။ လက်ရှိအနေအထားတွင် ဆန္ဒပြမှု အမြန်ဆုံး ပြီးဆုံးမည့် အခြေ
အနေမျိုး မရှိသည့်အပြင် ကုန်ကျစရိတ်များက ပိုမိုမြင့် တက်လာလျက် ရှိရာ ရန်ပုံငွေ လိုအပ်လာကြောင်း၊ သို
့အတွက်ကြောင့် ဆန္ဒပြခေါင်းဆောင်များသည် ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများကို ရောင်းချရသည် ထိပင်ဖြစ် ခဲ့ရကြောင်း အတိုက်အခံ အင်အားစုများက ပြောကြားသည်။

PDRC မှ သတင်းရင်းမြစ် တစ်ခု၏ အဆိုအရ ဆန္ဒပြခေါင်းဆောင် ဆူတက်တာ ဆူဘန်သည် တောင်ပိုင်းဒေ
သရှိ ၎င်းပိုင်ဆိုင်သော မြေကို ဆန္ဒပြပွဲတွင် အသုံးပြုရေး အတွက် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ဆူ
တက်တာ ဆူဘန်ကိုယ်တိုင်ကလည်း ဆာမူရီဒေသရှိ ၎င်းပိုင်ဆိုင်သော အိမ်ရာကို ဒေါ်လာ ၇၆၀,၀၀၀(ဘတ်
ငွေ ၂၅ သန်း) ဖြင့်ရောင်းချကာ ဆန္ဒပြမှု ပထမဆုံး ပြုလုပ်သည့်နေ့တွင် စတင်အသုံးပြုခဲ့သည်ဟု ထုတ်ဖော်
ပြော ဆိုထားသည်။ 
 
သို့သော် အခြားသတင်းရင်းမြစ်တစ်ခုက ဆူတက်တာ ဆူဘန်သည် နကွန်းစီတာမာရတ်ခရိုင်ရှိ မြေကွက်ကို
ရောင်းချရန် ကြိုးပမ်း ရာတွင် မအောင်မြင်ခဲ့ကြောင်း၊ အကြောင်းမှာ ၎င်းထံမှ ဝယ်ယူမည့် စီးပွားရေးသမား
ကြီး တစ်ဦးက သူ၏ စီးပွားရေး ထိခိုက်မည်ကို စိုးရိမ်သော ကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

PDRC သည်ဧရာမစီးပွားရေးလုပ်ငန်းကြီးများ၏ ထောက်ပံ့မှု ရရှိထားသော အဖွဲ့မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံ
တွင် နှစ်ပေါင်းများစွာ အာဏာရရှိထားသော ချမ်းသာသည့် နိုင်ငံရေးသမားကြီးများကို တိုက် ခိုက်မှုပြုသည့် ဆန္ဒပြပွဲကို စီးပွားရေးသမား အများစုက ထောက်ပံ့ပေးရန် တွန့်ဆုတ်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ပြောကြားသည်။ 
 
အဆိုပါ ပြောရေးဆိုခွင့်ရှိ သူ အဆိုအရ ဆူတက် အပါအဝင် ဆန္ဒပြခေါင်းဆောင် ၁၈ ဦး၏ ဘဏ် စာရင်းများ
ကို အထူးစုံစမ်း စစ်ဆေးရေး ဌာနက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပိတ်ပင်ခဲ့ကြောင်း၊ သို့သော် ဆူတက်သည်
အဆိုပါလတွင်ပင် ဆီလုံ လမ်းမကြီးပေါ်၌ တီရှပ်များ၊ ပြက္ခဒိန်များ၊ နာရူဆန် ဘုရင်၏ အကြွေစေ့များ အစရှိ
သည်တို့ကို ရောင်းချခြင်းဖြင့် ဘတ်ငွေ ၁၂ သန်းထိ ရန်ပုံငွေ ရှာဖွေနိုင်ခဲ့ကြောင်း သိရသည်။

YoYarLay , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment