Pages

Saturday, January 18, 2014

ကျောက်ဆည်တွင် ယာဉ်ထိန်းရဲတစ်ဦး တာဝန်ထမ်းဆောင်နေစဉ်ကားတိုက်ခံရပြီး သေဆုံး

RangonNewsDaily:: January . 17 .2014
တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦး မန္တလေးမှ ရန်ကုန်သို့သွားသော ကား အားစစ်ဆေးရန်

လက်ပြတားစဉ် ၀င်တိုက်မှုကြောင့် ဦးခေါင်းထိခိုက်ကာ သေဆုံးမှုတစ်ခု ကျောက်ဆည်မြို့ နယ်တွင်ဖြစ်ပွား
ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှ ယခုလ ၁၆ရက်နေ့တွင် ကျောက်ဆည်ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့အုပ်စုနှင့် မြို့နယ်ရဲ့တပ်ဖွဲ့ အုပ်စု
တို့ပူးပေါင်းကာ ကျောက်ဆည်မြို့တောင်ဘက်ထနောင်းပင်လှကျေးရွာအနီး ယာဉ်စည်းကမ်းလမ်း စည်းကမ်း
လိုက်နာစေရန်ဆောင်ရွက်နေစဉ်မန္တလေးဘက်မှကရန်ကုန်သို့ မောင်းနှင်းလာသောလိုက်ထရပ်အဖြူ ရောင်
ယာဉ်အား ကျောက်ဆည်မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှလ ၁၈၂၆၇၂ ရဲတပ်ကြပ်ဝင်းတင် ၃၈နှစ်၊ က လက်ပြ
တားစဉ်ဝင်တိုက်ရာမှ နောက်စေ့ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး ကျောက်ဆည်ဆေးရုံသို့ပို့ဆောင်ကုသခဲ့ကြောင်း
ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့နောက်ယာဉ်မောင်းအား ယာဉ်(ပ) ၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈အရအမှုဖွင့်ခဲ့ပြီး ယာဉ်ထိန်းရဲမှ မသက်သာ

သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင် စဉ် လမ်းတွင်သေဆုံးသွားသောကြောင့် ပြစ်မှုပုဒ်မ ၃၀၄သို့ ပြောင်း
လဲဖွင့်လှစ်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖိုးလပြည့်
Popular Myanmar ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment