Pages

Saturday, January 18, 2014

နူးညံ့သောချစ်ခြင်းများဖြင့် ပျော်ဝင်သော

Photo: နူးညံ့သောချစ်ခြင်းများဖြင့် ပျော်ဝင်သော 
Saturday, January 18, 2014

သဲသောင်ပြင်ရဲ့အလှ၊ ဖြတ်တိုက်သွားသော လေနုအေးရဲ့ သဘာဝအစွမ်းတွေက ကျွန်မရင်ကို တီးတိုးရိုက်ခတ်စေပါတယ်။ တူနှစ်ကိုယ် ချစ်ခွန်းဆိုကြတဲ့ ဒီနေရာလေးက အရင်လို ကြည့်ကောင်းနေဆဲ၊ ဖော်ရွေနေဆဲပင်။ သို့သော် ကျွန်မဖြတ်သန်းနေရတဲ့ အမြင်အာရုံနဲ့ နောက်ပြန်ဆွဲစိတ်၏စေရာတွေက ချိုတလှည့်၊ ခါးတလှည့်။ မောင့်ရဲ့အချစ်က ကျွန်မကိုအနိုင်ပိုင်းရုံသက်သက်ဆိုတာသာ အချိန်ခပ်စောစောက သိခဲ့လျှင် ကျွန်မမောင့်ကို အတိုင်းအတာတခုထက်ပိုလွန်စွာခံစားမိလိမ့်မည်မဟုတ်သည်ကတော့ သေချာနေသည်။

အင်မတန်ချစ်စရာကောင်းသော မောင့်မျက်နှာသွင်ပြင်၊ ကလေးငယ်တယောက်၏အပြစ်ကင်းစင်သောအပြုံးတချို့တ၀က်နှင့် သံသာသာချစ်စကားလေးများက မိကို ချိုသာစေ၊ ရင်ခုန်စေသည်။ " မိ " အတွက် ယခုလို လျှပ်တပြက် လှည့်စားရင်း အလဲထိုးခံလိုက်ရသော အချိန်အတိုင်းအတာတိုလေးက ဖြေမဆည်နိုင်စရာရင်နင့်ဖွယ် အဖြစ်အပျက်တခုလို။ အသုံးချခံဖြစ်ခဲ့ရသော မာယာစတေးမှုတခုအတွက် လှိုင်းလုံးကြီးများကဲ့သို့ သေလုအောင် လွင့်ပါးမျောလွင့်လိုက်ချင်သည့်စိတ်များက အလုံးအရင်းထိုးထွက်လာလေပြီ။ မောင်နှင့်ပျော်ရွှင်ခဲ့ရသောနေ့ရက်များထက် ပူလောင်ပြင်းရှသော ကျဆုံးမှုများခေါ်ဆောင်ရာ အားငယ်သူအတွေးဖြင့် ထိုးနှက်ခြင်းကို မရပ်မနားခံစားလိုက်ရခြင်းက မတန်မရာ။

အချိန်တွေက ကုစားသွားပါလိမ့်မယ်
ဒီစကားက ကျွန်မကိုးကွယ်ရမလား၊ ယုံကြည်ရမလားမသိသေးပေမဲ့ ရှိသမျှအားအင်တွေကုန်လုအောင် ငိုယိုရင်းတမ်းတချင်နေသည်ကတော့ အမှန်တကယ်ပင်။ မထူးတော့သောအခြေအနေများအတွက် ငိုနေရုံဖြင့် ပြန်ကောင်းရိုးထုံးစံသာရှိခဲ့လျှင် မျက်ရည်များကခွန်အားတခုဖြစ်ချင်ဖြစ်လာပေအုံးမည်။
အတွေးများရစ်ဝဲနေစဉ် မိမျက်ဝန်းတွင်မှာမြင်ယောင်လာတာကပျော်ရွှင်နေကြသော ပုံရိပ်နှစ်ခု။ လိုက်ဖက်ညီလှသော ကျားမစုံတွဲက ငယ်နှင့်မိချစ်ရသောမောင်။
ငယ် မင်းကငါ့ဘ၀အတွက် မရှိသင့်သော အကောင်းဆုံးမိန်းကလေးသူငယ်ချင်းပါပဲ….။

မောင်နှင့်ဇာတ်လမ်းစတင်ခဲ့ခြင်းသည်ကလည်း ငယ့်မိတ်ဆက်ပေးမှုကြောင့်ဟုပြောလျှင်မှားမည်မထင်။ မိနှင့်ငယ်တို့ဆီတို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သောမောင်က မိန်းမနှစ်ဦးလုံးအတွက် အရေးပါအရာရောက်သော ပတ်သက်ခွင့်ရအမျိုးသားတဦးဖြစ်လာခဲ့သည်ကတော့အသေအချာပင်။ 

မောင်နှင့်ချစ်သူတွေဖြစ်ခဲ့ကြသလို ယခုငယ်နှင့်မောင်က အချစ်ဆုံးချစ်သူတွေတဲ့။ မောင်ရဲ့အတွယ်အတာဆုံးက မိကလွဲအခြားမရှိဆိုသောစကားက ငယ့်အတွက်ယခု အကျုံးဝင်နေပြန်သည်တဲ့။ တူနှစ်ကိုယ်ဘ၀ကိုထူထောင်ရန်ဟူသော ကတိစကားများဖြင့် မောင့်လုပ်ငန်းကြိုးစားမှုအတွက် မိစုဆောင်းထားသော ရွှေရောင်ငွေရောင်များက လက်စလက်နမျှမကျန်တော့လေအောင် စုံးစုံးမြုပ်ခဲ့ရပြီ။ 

မည်သို့ပင်စိတ်ပင်ပန်းမှုများဖြင့် ရှိနေသည့်တိုင် မောင့်စကားသံ၊ မောင့်အပြုအမူများက မိအတွက်တော့ အနာဂါတ်အတွက်အားဆေးတခွက်ပင်။ ငယ်နှင့်တွဲသွားတွဲလာသတင်းတွေ ဘယ်သို့ကြားကြား မိပူလောင်ခဲ့သော်ရှိ မောင်၏ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ခိုင်လုံမှုများကို သက်သေအဖြစ်ထူရင်း မောင့်ကိုမုန်းဖို့ထက် ငယ့်ကိုရွံ့မုန်းလာခဲ့ရခြင်းသာ အဖတ်တင်ခဲ့ရသည်လေ။
ယခုလို ပြတ်သားသောမောင့်ဆုံးဖြတ်ချက်တခုအတွက် မိမှာတောင်းပန်တိုးလျှိုးမှုအတိုင်းအတာတခုလွန်မြောက်ချိန်မှာတော့ အခြေအနေတခုကိုလက်ခံလိုက်ရုံသာ။ မိနှင့်မောင် လမ်းခွဲကြလေပြီလေ….။

အခန်းတွင်းသို့ တံခါးခေါက်သံနှင့်အတူဝင်လာသူက အမေကြည်…

"သမီးရယ်… အချစ်အတွက်ခံစားနေရတဲ့ ပူဆွေးဝမ်းနည်းမှုက ဘယ်အရာနဲ့မှမတူမှန်း အမေကြည်သိပါတယ်။ ဒါပေမဲ့ ဒီစကားလုံးအောက်မှာပဲ ကြေကွဲရင်းဘ၀အတွက်လမ်းစမပျောက်စေချင်ဘူးကွယ်။ သမီးကြိုးစား အားထုတ်မှုတွေကြောင့် လူအများအသိအမှတ်ပြုသူတယောက်ဖြစ်လာတယ်ဆိုတာ အမေကြည်သာ အသိဆုံးပါ။ ကိုယ်တတ်ထားတဲ့ပညာကို နောက်မကျန်ခဲ့ရလေအောင် အသစ်အသစ်သောနည်းပညာများဘက်ကိုသာ အာရုံပြောင်းကြည့်စေချင်တယ်သမီးရယ်။ အမေတို့ဘ၀ဆိုတာ လူအထင်သေးခံ၊ အစအနောက်ခံကြရတဲ့ လူတန်းစားတွေလို့အများကသတ်မှတ်ထားကြပေမဲ့ ၀ါသနာပါရာ အတတ်ပညာနဲ့ သိက္ခာရှိရှိနေနိုင်ကြပါသေးတယ်။ သမီးရဲ့ပညာအရည်အသွေးက လူအများစုရွေးချယ်ခြင်းခံထားရသူအဖြစ်နဲ့တင် အမေမှတ်ကျောက်တင်နိုင်ပါတယ်။ ကမ္ဘာကျော်တဲ့ အလှဖန်တီးရှင်ကောင်းဖြစ်အောင် ကြိုးစားဖို့အာရုံပြောင်းပြီး ဒီနေ့ည Fashion Showအတွက် ပြင်ဆင်လိုက်ကြရအောင်နော် "

စသည့်စကားလုံးများက မိအတွက်ယခုပစ္စုပ္ပန်တည့်တည့်ကို ပြန်လည်သက်ဝင်လာ စေသည်။

အရာအားလုံး ပြီးဆုံးသွားခဲ့လေပြီ။ ပြန်စလို့မရနိုင်တော့သော အနေအထားတခုကိုပြန်လည်ပြုပြင်ပြောင်းလဲဖို့ရာက မိတစ်ဦးတည်း ပြင်ဆင်ရုံဖြင့် မစွမ်းသာတော့။ မိမိတတ်စွမ်းသည်က ယခုရောက်ရှိနေသော အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းရင်း ခေတ်နှင့်အညီ အများလက်ခံနိုင်စွမ်းသော ပညာရှင်တယောက်ဖြစ်ရန် ဆက်လက်ကြိုးစားဖို့ရန်သာ။ 

လူတိုင်းတွင်အချစ်ရှိသလို မိဟူသောအလှဖန်တီးရှင်၏ရင်တွင်းတွင်လည်း အချစ်ဟူသည်မှာ ခိုဝင်ခဲ့ဖူးသည်။ ထိုဒဏ်ရာဒဏ်ချက်များကို အောင်မြင်ခြင်းဟူသောပြယုဂ်ဖြင့် ပြန်လည်ဖာထေးရင်း ဆက်လက်ကြိုးစားသွားရန် ဆုံးဖြတ်ချက်ချလိုက်ပြီးသည့်နောက် ယနေ့လုပ်ဆောင်ရမည့် Time tableဆီသို့ …။

ရေကြည်သူ

RangonNewsDaily:: January . 18 .2014
သဲသောင်ပြင်ရဲ့အလှ၊ ဖြတ်တိုက်သွားသော လေနုအေးရဲ့ သဘာဝအစွမ်းတွေက ကျွန်မရင်ကို တီးတိုးရိုက်
ခတ်စေပါတယ်။ တူနှစ်ကိုယ် ချစ်ခွန်းဆိုကြတဲ့ဒီနေရာလေးကအရင်လို ကြည့်ကောင်းနေဆဲ၊ ဖော်ရွေနေဆဲ
ပင်။ သို့သော် ကျွန်မဖြတ်သန်းနေရတဲ့ အမြင်အာရုံနဲ့ နောက်ပြန်ဆွဲစိတ်၏စေရာတွေက ချိုတလှည့်၊ ခါးတလှည့်
။ မောင့်ရဲ့အချစ်က ကျွန်မကိုအနိုင်ပိုင်းရုံသက်သက်ဆိုတာသာ အချိန်ခပ်စောစောက သိခဲ့လျှင် ကျွန်မမောင့်
ကို အတိုင်းအတာတခုထက်ပိုလွန်စွာခံစားမိလိမ့်မည်မဟုတ်သည်ကတော့ သေချာနေသည်။

အင်မတန်ချစ်စရာကောင်းသော မောင့်မျက်နှာသွင်ပြင်၊ ကလေးငယ်တယောက်၏အပြစ်ကင်းစင်သောအပြုံး
တချို့တ၀က်နှင့်သံသာသာချစ်စကားလေးများကမိကိုချိုသာစေ၊ ရင်ခုန်စေသည်။ " မိ " အတွက် ယခုလို လျှပ်
တပြက်လှည့်စားရင်းအလဲထိုးခံလိုက်ရသော အချိန်အတိုင်းအတာတိုလေးက ဖြေမဆည်နိုင်စရာရင်နင့်ဖွယ်
အဖြစ်အပျက်တခုလို။ အသုံးချခံဖြစ်ခဲ့ရသော မာယာစတေးမှုတခုအတွက် လှိုင်းလုံးကြီးများကဲ့သို့ သေလု
အောင် လွင့်ပါးမျောလွင့်လိုက်ချင်သည့်စိတ်များက အလုံးအရင်းထိုးထွက်လာလေပြီ။ 
 
 မောင်နှင့်ပျော်ရွှင်ခဲ့ရသောနေ့ရက်များထက် ပူလောင်ပြင်းရှသော ကျဆုံးမှုများခေါ်ဆောင်ရာ အားငယ်သူ
အတွေးဖြင့် ထိုးနှက်ခြင်းကို မရပ်မနားခံစားလိုက်ရခြင်းက မတန်မရာ။

အချိန်တွေက ကုစားသွားပါလိမ့်မယ်ဒီစကားက ကျွန်မကိုးကွယ်ရမလား၊ ယုံကြည်ရမလားမသိသေးပေမဲ့ ရှိ
သမျှအားအင်တွေကုန်လုအောင် ငိုယိုရင်းတမ်းတချင်နေသည်ကတော့ အမှန်တကယ်ပင်။ မထူးတော့သော
အခြေအနေများအတွက် ငိုနေရုံဖြင့် ပြန်ကောင်းရိုးထုံးစံသာရှိခဲ့လျှင် မျက်ရည်များကခွန်အားတခုဖြစ်ချင်ဖြစ်
လာပေအုံးမည်။

အတွေးများရစ်ဝဲနေစဉ် မိမျက်ဝန်းတွင်မှာမြင်ယောင်လာတာကပျော်ရွှင်နေကြသော ပုံရိပ်နှစ်ခု။ လိုက်ဖက်
ညီလှသော ကျားမစုံတွဲက ငယ်နှင့်မိချစ်ရသောမောင်။ငယ် မင်းကငါ့ဘ၀အတွက် မရှိသင့်သော အကောင်း
ဆုံးမိန်းကလေးသူငယ်ချင်းပါပဲ….။

မောင်နှင့်ဇာတ်လမ်းစတင်ခဲ့ခြင်းသည်ကလည်းငယ့်မိတ်ဆက်ပေးမှုကြောင့်ဟုပြောလျှင်မှားမည်မထင်။မိနှင့်
ငယ်တို့ဆီတို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သောမောင်ကမိန်းမနှစ်ဦးလုံးအတွက်အရေးပါအရာရောက်
သော ပတ်သက်ခွင့်ရအမျိုးသားတဦးဖြစ်လာခဲ့သည်ကတော့အသေအချာပင်။

မောင်နှင့်ချစ်သူတွေဖြစ်ခဲ့ကြသလို ယခုငယ်နှင့်မောင်ကအချစ်ဆုံးချစ်သူတွေတဲ့။ မောင်ရဲ့အတွယ်အတာဆုံး
က မိကလွဲအခြားမရှိဆိုသောစကားက ငယ့်အတွက်ယခု အကျုံးဝင်နေပြန်သည်တဲ့။ တူနှစ်ကိုယ်ဘ၀ကိုထူ
ထောင်ရန်ဟူသော ကတိစကားများဖြင့် မောင့်လုပ်ငန်းကြိုးစားမှုအတွက် မိစုဆောင်းထားသော ရွှေရောင်
ငွေရောင်များက လက်စလက်နမျှမကျန်တော့လေအောင် စုံးစုံးမြုပ်ခဲ့ရပြီ။

မည်သို့ပင်စိတ်ပင်ပန်းမှုများဖြင့်ရှိနေသည့်တိုင် မောင့်စကားသံ၊ မောင့်အပြုအမူများကမိအတွက်တော့အနာ
ဂါတ်အတွက်အားဆေးတခွက်ပင်။ငယ်နှင့်တွဲသွားတွဲလာသတင်းတွေဘယ်သို့ကြားကြား မိပူလောင်ခဲ့သော်
ရှိ မောင်၏ကျိုးကြောင်းဆီလျော်သောအကြောင်းပြချက်ခိုင်လုံမှုများကိုသက်သေအဖြစ်ထူရင်း မောင့်ကိုမုန်း
ဖို့ထက် ငယ့်ကိုရွံ့မုန်းလာခဲ့ရခြင်းသာ အဖတ်တင်ခဲ့ရသည်လေ။ယခုလို ပြတ်သားသောမောင့်ဆုံးဖြတ်ချက်
တခုအတွက် မိမှာတောင်းပန်တိုးလျှိုးမှုအတိုင်းအတာတခုလွန်မြောက်ချိန်မှာတော့ အခြေအနေတခုကိုလက်
ခံလိုက်ရုံသာ။ မိနှင့်မောင် လမ်းခွဲကြလေပြီလေ….။

အခန်းတွင်းသို့ တံခါးခေါက်သံနှင့်အတူဝင်လာသူက အမေကြည်…

"သမီးရယ်… အချစ်အတွက်ခံစားနေရတဲ့ ပူဆွေးဝမ်းနည်းမှုက ဘယ်အရာနဲ့မှမတူမှန်း အမေကြည်သိပါ
တယ်။ 
 
ဒါပေမဲ့ဒီစကားလုံးအောက်မှာပဲ ကြေကွဲရင်းဘ၀အတွက်လမ်းစမပျောက်စေချင်ဘူးကွယ်။ သမီးကြိုးစား အား
ထုတ်မှုတွေကြောင့် လူအများအသိအမှတ်ပြုသူတယောက်ဖြစ်လာတယ်ဆိုတာ အမေကြည်သာ အသိဆုံးပါ။ ကိုယ်တတ်ထားတဲ့ပညာကို နောက်မကျန်ခဲ့ရလေအောင်အသစ်အသစ်သောနည်းပညာများဘက်ကိုသာ အာ
ရုံပြောင်းကြည့်စေချင်တယ်သမီးရယ်။ အမေတို့ဘ၀ဆိုတာ လူအထင်သေးခံ၊ အစအနောက်ခံကြရတဲ့ လူ
တန်းစားတွေလို့အများကသတ်မှတ်ထားကြပေမဲ့ဝါသနာပါရာအတတ်ပညာနဲ့ သိက္ခာရှိရှိနေနိုင်ကြပါသေး
တယ်။ 
 
သမီးရဲ့ပညာအရည်အသွေးက လူအများစုရွေးချယ်ခြင်းခံထားရသူအဖြစ်နဲ့တင် အမေမှတ်ကျောက်တင်နိုင်
ပါတယ်။ကမ္ဘာကျော်တဲ့အလှဖန်တီးရှင်ကောင်းဖြစ်အောင် ကြိုးစားဖို့အာရုံပြောင်းပြီးဒီနေ့ည Fashion Show
အတွက် ပြင်ဆင်လိုက်ကြရအောင်နော် "

စသည့်စကားလုံးများက မိအတွက်ယခုပစ္စုပ္ပန်တည့်တည့်ကို ပြန်လည်သက်ဝင်လာ စေသည်။

အရာအားလုံး ပြီးဆုံးသွားခဲ့လေပြီ။ ပြန်စလို့မရနိုင်တော့သော အနေအထားတခုကိုပြန်လည်ပြုပြင်ပြောင်း
လဲဖို့ရာက မိတစ်ဦးတည်း ပြင်ဆင်ရုံဖြင့် မစွမ်းသာတော့။ မိမိတတ်စွမ်းသည်က ယခုရောက်ရှိနေသော
အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းရင်း ခေတ်နှင့်အညီအများလက်ခံနိုင်စွမ်းသောပညာရှင်တယောက်
ဖြစ်ရန် ဆက်လက်ကြိုးစားဖို့ရန်သာ။

လူတိုင်းတွင်အချစ်ရှိသလို မိဟူသောအလှဖန်တီးရှင်၏ရင်တွင်းတွင်လည်း အချစ်ဟူသည်မှာ ခိုဝင်ခဲ့ဖူးသည်။ ထိုဒဏ်ရာဒဏ်ချက်များကို အောင်မြင်ခြင်းဟူသောပြယုဂ်ဖြင့် ပြန်လည်ဖာထေးရင်း ဆက်လက်ကြိုးစားသွား
ရန် ဆုံးဖြတ်ချက်ချလိုက်ပြီးသည့်နောက် ယနေ့လုပ်ဆောင်ရမည့် Time tableဆီသို့ …။

ရေကြည်သူ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment