Pages

Tuesday, January 14, 2014

တောင်ကိုရီးယား- မြန်မာ ချစ်ကြည်ရေးအတွက် အာဇာနည်ဗိမာန်အတွင်း အထိမ်းအမှတ်ဆောက်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည် သဘောမတူ

RangonNewsDaily:: January . 14 .2014
၁၉၈၃ခုနှစ်က တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝမ် အာဇာနည်ဗိမာန်ကို အလေးပြုရန် သွားရောက်

သည့်ခရီးစဉ်အတွင်းဗုံးပေါက်ကွဲသဖြင့်အာဇာနည်ဗိမာန်တွင်အထိမ်းအမှတ်အဆောက်အအုံ တစ်ခု ဆောက်
လုပ်ရန် တောင်ကိုရီးယားဘက်က မြန်မာအစိုးရကို ကမ်းလှမ်းထားမှုကို ဗိမာန်ဝင်းအတွင်း ဆောက်မည်ဆို
ပါက သဘောမတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
"ဝန်းထဲမှာထည့်ဆောက်မှာကိုတော့သဘောမတူဘူး။ နှစ်ဖက်စလုံးအတွက်မျှတမယ့် အဖြေကို ရှာရမှာပေါ့
။ သူတို့ဘက်ကလည်းသူတို့ခေါင်ေးဆာင်ကြီးတွေရဲ့အထိမ်းအမှတ်လုပ်ချင်မှာပဲ။အဆင်ပြေအောင် ဆွေးနွေး
ညှိနှိုင်းရရင် အဆင်ပြေသွားမှာပါ"ဟု ပြောသည်။

တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝမ်သည် ၁၉၈၃ခုနှစ်က ရန်ကုန်မြို့ကို လာရောက်စဉ် အာဇာနည်ဗိ

မာန်သို့ သွားရောက်အလေးပြုခဲ့ရာ မြောက်ကိုရီးယားနိုင်ငံက ထောင်ထားခဲ့သည့် ဗုံး ပေါက်ကွဲခဲ့ပြီး ကြို
တင်ရောက်ရှိနေသော တောင်ကိုရီးယား ဝန်ကြီး အများအပြား နှင့် သတင်းထောက်များ ဒဏ်ရာရ၊ သေဆုံး
ခဲ့ရသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment