Pages

Tuesday, January 14, 2014

မြတ်ဆရာပူဇော်ပွဲ၌ ဆိုင်ကယ်၊ကားများ အခွန်ကောက်ခံခြင်းအပေါ် ပွဲလာရောက်သူများ မကျေနပ်

Photo: မြတ်ဆရာပူဇော်ပွဲ၌ ဆိုင်ကယ်၊ကားများ အခွန်ကောက်ခံခြင်းအပေါ် ပွဲလာရောက်သူများ မကျေနပ်
Tuesday, January 14, 2014

လားရှိုးမြို့၊အ.ထ.က(၁)ကျောင်းနှစ်(၅၀)ပြည့် ရွှေရတုသဘင်နှင့် မြတ်ဆရာပူဇော်ပွဲ၌ ဆိုင်ကယ်၊ ကားများ အခွန်ကောက်ခံခြင်း အပေါ် စိတ်ကျေနပ်မှု မရှိဘဲ စိတ်မချမ်းသာဖြစ်ရကြောင်း အဆိုပါပွဲသို့ လာရောက်သူများထံမှ သိရသည်။

“သမီးကဒီကျောင်းမှာ အခုတက်နေတာပါ၊ သူတို့နှစ်(၅၀)ပြည့် လုပ်တာနဲ့ သမီးတို့က ဆရာကန်တော့ ပွဲကိုလာတာ၊ ဒီကျောင်းကဆရာ/ဆရာမတွေကို လာကန်တော့တဲ့ ဒီကျောင်းက ကျောင်းသား/သူတွေက ဆိုင်ကယ်အပ်ခ ပေးရမယ် ဆိုတာက မဖြစ်သင့်ဘူးလေ၊ ကိုယ့်ကျောင်းကိုကိုယ်လာတာတောင် ပိုက်ဆံပေးရမယ်ဆိုတော့ လက်မခံဘူး”ဟုလက်ရှိကျောင်းတက်နေသော ကျောင်းသူတစ်ဦးက ပြောသည်။

ယင်းပွဲသို့ လာရောက်သော ကျောင်းသားမိဘတစ်ဦးမှလဲ “ဟုတ်တယ်ဒီလိုပိုက်ဆံကောက်တာတော့ လွန်ပါတယ်ဗျာ၊ ကျောင်းရံပုံငွေလို့ပြောတယ်၊ သူတို့ကလေလံယူထားတာတဲ့၊ ဒီပွဲကကျောင်းရံပုံငွေပွဲလို့ ရေးထားတာ မတွေ့ပါဘူး နှစ်ငါးဆယ်ပြည့်နဲ့ မြတ်ဆရာပူဇော်ပွဲလို့ပဲ တွေ့ပါတယ်၊ ဦးရဲ့သမီးက ဒီကျောင်းတက်နေလို့ လာပို့တာပါ ဒီအတိုင်းဆိုနက်ဖြန် မလာတော့ဘူး”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အဆိုပါယာဉ်အခွန်ကောက်နေသောလမ်းနေရာကို နေ့စဉ်ဖြတ်သန်းသွားလာနေသောသူတစ်ဦးကလဲ အဆိုပါလမ်းသည်ပြည်သူပိုင်လမ်းဖြစ်ကြောင်း၊ အခုလဲ ပုံမှန်သွားနေတာဖြစ်ပြီး ၎င်းပွဲသို့ လာရောက်ချင်း မဟုတ်ကြောင်း ပြောသောလဲမရဘဲ “ဒါဆိုလဲ ငါးရာပေးခဲ့ရမယ်”ဟု လေလံယူသူကပြောပြီး ယင်းပွဲကို လာရောက်လုံခြုံရေးယူပေးသော တာဝန်ကြေ ၀န်ထံများ၏ ယာဉ်များကိုပင် ကောက်ခံကြောင်း ပြောသည်။

ယာဉ်အခွန်လေလံယူသူများမှလဲ “ကျွန်မတို့က လေလံယူထားတာ
ဆိုတော့ ကိုယ့်အတွက်ကျန်အောင် ယူရမှာပဲ၊ ဘယ်သူဆိုင်ကယ်၊ ကားဘဲဖြစ်ဖြစ် ကောက်ရမှာပဲ”ဟု ပြောသည်။

ကျောင်းရံပုံငွေအတွက်ဆိုလျှင်လက်ရှိကျောင်းတက်နေသော ကျောင်းသား/သူများအား အဖြူအစိမ်းများအား အဖြူအစိမ်းဝတ်စေပြီး သားတို့၊ သမီးတို့ ကျောင်းရံပုံငွေ အတွက်ပါ အလှူငွေများ ထည့်ဝင်ပေးကြပါဆိုလျှင် ဒီထက်မက အလှူငွေ ရရှိနိုင်ကြောင်း ကျောင်းသားမိဘများမှ အကြံပြုပြောပါချက်အရ သိရသည်။

စိုးမင်းနိုင်
ွှ့The Myanma Age

RangonNewsDaily:: January . 14 .2014
လားရှိုးမြို့၊အ.ထ.က(၁)ကျောင်းနှစ်(၅၀)ပြည့် ရွှေရတုသဘင်နှင့် မြတ်ဆရာပူဇော်ပွဲ၌ ဆိုင်ကယ်၊ ကားများ အခွန်ကောက်ခံခြင်း အပေါ် စိတ်ကျေနပ်မှု မရှိဘဲ စိတ်မချမ်းသာဖြစ်ရကြောင်း အဆိုပါပွဲသို့ လာရောက်သူများထံမှ သိရသည်။ “သမီးကဒီကျောင်းမှာ အခုတက်နေတာပါ၊ သူတို့နှစ်(၅၀)ပြည့် လုပ်တာနဲ့ သမီးတို့က ဆရာကန်တော့ ပွဲကိုလာတာ၊ ဒီကျောင်းကဆရာ/ဆရာမတွေကို လာကန်တော့တဲ့ ဒီကျောင်းက ကျောင်းသား/သူတွေက ဆိုင်ကယ်အပ်ခ ပေးရမယ် ဆိုတာက မဖြစ်သင့်ဘူးလေ၊ ကိုယ့်ကျောင်းကိုကိုယ်လာတာတောင် ပိုက်ဆံပေးရမယ်ဆိုတော့ လက်မခံဘူး”ဟုလက်ရှိကျောင်းတက်နေသော ကျောင်းသူတစ်ဦးက ပြောသည်။

ယင်းပွဲသို့ လာရောက်သော ကျောင်းသားမိဘတစ်ဦးမှလဲ “ဟုတ်တယ်ဒီလိုပိုက်ဆံကောက်တာတော့ လွန်ပါတယ်ဗျာ၊ ကျောင်းရံပုံငွေလို့ပြောတယ်၊ သူတို့ကလေလံယူထားတာတဲ့၊ ဒီပွဲကကျောင်းရံပုံငွေပွဲလို့ ရေးထားတာ မတွေ့ပါဘူး နှစ်ငါးဆယ်ပြည့်နဲ့ မြတ်ဆရာပူဇော်ပွဲလို့ပဲ တွေ့ပါတယ်၊ ဦးရဲ့သမီးက ဒီကျောင်းတက်နေလို့ လာပို့တာပါ ဒီအတိုင်းဆိုနက်ဖြန် မလာတော့ဘူး”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အဆိုပါယာဉ်အခွန်ကောက်နေသောလမ်းနေရာကို နေ့စဉ်ဖြတ်သန်းသွားလာနေသောသူတစ်ဦးကလဲ အဆိုပါလမ်းသည်ပြည်သူပိုင်လမ်းဖြစ်ကြောင်း၊ အခုလဲ ပုံမှန်သွားနေတာဖြစ်ပြီး ၎င်းပွဲသို့ လာရောက်ချင်း မဟုတ်ကြောင်း ပြောသောလဲမရဘဲ “ဒါဆိုလဲ ငါးရာပေးခဲ့ရမယ်”ဟု လေလံယူသူကပြောပြီး ယင်းပွဲကို လာရောက်လုံခြုံရေးယူပေးသော တာဝန်ကြေ ၀န်ထံများ၏ ယာဉ်များကိုပင် ကောက်ခံကြောင်း ပြောသည်။

ယာဉ်အခွန်လေလံယူသူများမှလဲ “ကျွန်မတို့က လေလံယူထားတာ
ဆိုတော့ ကိုယ့်အတွက်ကျန်အောင် ယူရမှာပဲ၊ ဘယ်သူဆိုင်ကယ်၊ ကားဘဲဖြစ်ဖြစ် ကောက်ရမှာပဲ”ဟု ပြောသည်။

ကျောင်းရံပုံငွေအတွက်ဆိုလျှင်လက်ရှိကျောင်းတက်နေသော ကျောင်းသား/သူများအား အဖြူအစိမ်းများအား အဖြူအစိမ်းဝတ်စေပြီး သားတို့၊ သမီးတို့ ကျောင်းရံပုံငွေ အတွက်ပါ အလှူငွေများ ထည့်ဝင်ပေးကြပါဆိုလျှင် ဒီထက်မက အလှူငွေ ရရှိနိုင်ကြောင်း ကျောင်းသားမိဘများမှ အကြံပြုပြောပါချက်အရ သိရသည်။

စိုးမင်းနိုင်
ွှ့The Myanma Age , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment