Pages

Tuesday, January 14, 2014

ဒလမြို့အခြေအနေ လက်ရှိတည်ငြိမ်နေဆဲ

RangonNewsDaily:: January . 14 .2014
အွန်လိုင်းစာမျက်တွင် တွင် ပျံ့နှံ့နေသည့် ဒလအခြေအနေစိုးရိမ်ဖွယ်ရှိသည့် သတင်းအား ဒလဒေသခံအချို့ ကို မြန်မာမွတ်စလင်မ်မီဒီယာ က ယနေ့ မနက်(၁၂)နာရီအချိန်တွင် ဆက် သွယ်မေးမြန်းခဲ့ပါတယ်။
“ သတင်းတွေကတော့ အွန်လိုင်းပေါ်မှာတက်တဲ့အတိုင်းပဲ ထွက်နေတာ၊ ယခုလက်ရှိအခြေအနေအရတော့ အားလုံးအေးဆေးပါပဲ၊ ဒါပေ မယ့် စောင့်တော့ ကြည့်ရမှာပေါ့ '' ဟု ဒလဒေသခံတစ်ဦး က မြန်မာမွတ် စလင်မ်မီဒီယာ သို့ပြောပါတယ်။

သတင်း- ဇောင်းလေး
Myanmar Muslim Media::--kolatt(PBDN)
RangonNewsDaily

ယနေ့ည ရရှိသောသတင်း

ရန်ကုန်တိုင်း၊ ဒလမြို့ ယခုည အခြေအနေ မကောင်းဟု သတင်းရ


ဒလမြို့နယ် ကမာကသွယ် ရယက ရုံးမှ ခိုင်မာသော အဆက်အသွယ်တစ်ဦးထံမှ ရရှိသော သတင်းအရ

၁။ ရန်ကုန်မှ အမည်မသိရသေးသော အဖွဲ့အစည်းတစ်ခု၏ ညွှန်ကြားချက်အရ ရပ်ကွက်တစ်ခုလျှင် စွမ်းအားရှင် လူ ၅ ဦး စုထားစေကြောင်း၊

၂။ ကုရ်ဘာနီလုပ်သော မွတ်ဆလင်မ်ကိုင် ဒါး ၅ ချောင်းစီ ထုတ်ပေးထားကြောင်း၊

၃။ မနက် ၃ နာရီကျော်သည်နှင့် ကုရ်သာဝတ်ဆင်ကာ ဗလီများရှေ့မှ ဖြတ်သန်းသွားလာသော မည်သူကို မဆို ဒါးဖြင့် ခုတ်ရန် မှာကြားသွားကြောင်း

၎။ ဤလုပ်ငန်းအောင်မြင်ပါက မည်သည့်ငွေပမာဏ တောင်းဆိုမှုကိုမဆို ချီးမြှင့်ပေးမည် ဖြစ်ကြောင်း သတင်းအတိအကျ ယခုည ၁၀ နာရီတွင် ပေါ်ထွက်လာပါသည်။

၎။ တိုက်ဆိုင်သည်မှာ ယနေ့ညနေတွင်မှ ဒလမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဉ်ီး တာဝန်မှ ခွင့် အရေးပေါ် ၁၅ ရက် ယူကာ ထွက်သွားသည်နှင့်လည်း တိုက်ဆိုင်နေပါသည်။

၅။ ကုရ်သာအင်္ကျီ ၀တ်ဆင်၍ ဗလီရှေ့မှ စောင့်ကာ ဒါးဖြင့်ခုတ်သည်နှင့် ဗမာ မွတ်ဆလင်မ် အဓိကရုဏ်းဖြစ်ပွားအောင် ကြံစည်လုပ်ဆောင်ထားသည်မှာ အလွန် အန္တရာယ်ကြီးယုံမျှသာမက ယုတ်မာရက်စက်တော့မည့် သတင်းဖြစ်သောကြောင့် မွတ်ဆလင်မ်များ ဤကဲ့သို့ လုပ်ဆောင်ကြံစည်ခြင်း မရှိသည်ကို သိစေရန် ယနေ့ည ဤသတင်းအား ရှယ်ပေးစေလိုပါသည်။

မဟူရာ လူသား ::--

0 comments:

Post a Comment