Pages

Tuesday, January 14, 2014

ဧရာဝတီမြစ် ရေကြောင်း ကျပ်တည်းမှုကြောင့် အစုန်အဆန် လမ်းပြောင်းလဲ သတ်မှတ်

Photo: ဧရာဝတီမြစ် ရေကြောင်း ကျပ်တည်းမှုကြောင့် အစုန်အဆန် လမ်းပြောင်းလဲ သတ်မှတ်
Monday, January 13, 2014

ဧရာဝတီမြစ်ရေ ကျချိန်တွင် သောင်ဖြစ်ထွန်းမှု များပြားကာ ရေကြောင်း ကျပ်တည်းမှုကြောင့် အင်းဝတံတား (ဧရာဝတီ) အောက် ရေလယ်တိုင်အမှတ် ၁ နှင့် ၂ ကြားတွင် အစုန်အဆန်လမ်းအဖြစ် ဇန်နဝါရီလဆန်းမှ စတင်ကာပြောင်းလဲ သတ်မှတ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က ရေလယ်တိုင် အမှတ် ၁ နှင့် ၂ ကြားကို အဆန်လမ်းနှင့် ရေလယ်တိုင် ၃ နှင့် ၄ ကြားကို အစုန်လမ်းအဖြစ် သတ်မှတ်ထားခဲ့ရာမှ လက်ရှိတွင် ရေလယ်တိုင် အမှတ် ၁ နှင့် ၂ ကြားကို အစုန်အဆန်လမ်းအဖြစ် သင်္ဘောများ ဖြတ်သန်း သွားလာစဉ် သောင်မတင်စေရန်အတွက် ပြောင်းလဲ ဖွင့်လှစ်ကာ ရေလမ်း အချက်ပြမီးများလည်း အမြဲဖွင့်လှစ် အချက်ပြနေကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“မြစ်ရေကလည်း ကျသွားတယ်။ ပြီးတော့ သဲသောင်တွေလည်း နည်းနည်း များလာတယ်။ သင်္ဘော မောင်းနှင်တဲ့အချိန် အရမ်းဂရုစိုက်ပြီး မောင်းနေရတယ်။ ဂရုမစိုက်ရင် သင်္ဘော သောင်တင်သွားနိုင်တယ်။ အဲဒီကျရင်တော်တော် ဒုက္ခရောက်မှာ” ဟု မန္တလေး ဂေါဝိန်ဆိပ်ကမ်း ကျောက်တင် သင်္ဘောတစ်စီးရှိ သင်္ဘောမောင်းနှင်သူ ဦးကောင်းက ဆိုသည်။

သောင်များ ပေါ်ထွန်းလာပြီး ရေကြောင်း ကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသော ဗန်းမော်မှ ရန်ကုန်အထိ ဧရာဝတီ မြစ်ကြောင်းလမ်းရှိ သဲသောင်များနှင့် ရေကြောင်း ကျဉ်းမြောင်းနေသည့် ၄၆ နေရာကို သောင်တူးရေယာဉ် ၁၉ စင်းဖြင့် သဲစုပ်ခြင်းများ၊ သောင်တူးဖော်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး လိုအပ်သော ယာဉ်များကိုလည်း တင်ဒါခေါ်ကာ ဝယ်ယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူက ထပ်မံပြောကြားသည်။

The Voice Weekly

RangonNewsDaily:: January . 14 .2014
ဧရာဝတီမြစ်ရေ ကျချိန်တွင် သောင်ဖြစ်ထွန်းမှု များပြားကာ ရေကြောင်း ကျပ်တည်းမှုကြောင့် အင်းဝတံတား (ဧရာဝတီ) အောက် ရေလယ်တိုင်အမှတ် ၁ နှင့် ၂ ကြားတွင် အစုန်အဆန်လမ်းအဖြစ် ဇန်နဝါရီလဆန်းမှ စတင်ကာပြောင်းလဲ သတ်မှတ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခင်က ရေလယ်တိုင် အမှတ် ၁ နှင့် ၂ ကြားကို အဆန်လမ်းနှင့် ရေလယ်တိုင် ၃ နှင့် ၄ ကြားကို အစုန်လမ်း
အဖြစ် သတ်မှတ်ထားခဲ့ရာမှ လက်ရှိတွင် ရေလယ်တိုင် အမှတ် ၁ နှင့် ၂ ကြားကို အစုန်အဆန်လမ်းအဖြစ် သင်္ဘောများ ဖြတ်သန်း သွားလာစဉ် သောင်မတင်စေရန်အတွက် ပြောင်းလဲ ဖွင့်လှစ်ကာ ရေလမ်း အချက်ပြ
မီးများလည်း အမြဲဖွင့်လှစ် အချက်ပြနေကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“မြစ်ရေကလည်း ကျသွားတယ်။ ပြီးတော့သဲသောင်တွေလည်းနည်းနည်းများလာတယ်။ သင်္ဘော မောင်းနှင်
တဲ့အချိန် အရမ်းဂရုစိုက်ပြီး မောင်းနေရတယ်။ ဂရုမစိုက်ရင် သင်္ဘော သောင်တင်သွားနိုင်တယ်။ အဲဒီကျ
ရင်တော်တော်ဒုက္ခရောက်မှာ”ဟုမန္တလေး ဂေါဝိန်ဆိပ်ကမ်း ကျောက်တင်သင်္ဘောတစ်စီးရှိသင်္ဘောမောင်းနှင်
သူ ဦးကောင်းက ဆိုသည်။

သောင်များ ပေါ်ထွန်းလာပြီး ရေကြောင်းကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသောဗန်းမော်မှရန်ကုန်အထိ ဧရာ
ဝတီ မြစ်ကြောင်းလမ်းရှိသဲသောင်များနှင့် ရေကြောင်းကျဉ်းမြောင်းနေသည့်၄၆ နေရာကို သောင်တူးရေ
ယာဉ် ၁၉ စင်းဖြင့် သဲစုပ်ခြင်းများ၊ သောင်တူးဖော်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး လိုအပ်သော ယာဉ်များ
ကိုလည်းတင်ဒါခေါ်ကာဝယ်ယူသွားမည် ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း
များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူက ထပ်မံပြောကြားသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment