Pages

Tuesday, December 10, 2013

မော်လမြိုင် သံလွင်ဥယျာဉ်တွင် အဆင့်မြင့် ဈေးဝယ်စင်တာ စဆောက်

RangonNewsDaily:: December . 10 .2013
မွန်ပြည်နယ် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် အထက်လမ်းမကြီးရှိ မြို့နယ် စည်ပင်သာယာရေးပိုင် သံလွင် ဥယျာဉ်အတွင်း အဆင့်မြင့် ဈေးဝယ်စင်တာကိုဒီဇင်ဘာလဆန်းပိုင်းမှစတင်တည်ဆောက် နေပြီ ဖြစ်ကြောင်း

မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာတိုးတိုးအောင်က ပြောကြားသည်။ငွေကျပ် သိန်းပေါင်း သုံးသောင်းကျော် ရင်းနှီးမြှုပ်နှံမည့် အဆိုပါ ဈေးဝယ်စင်တာ တည်ဆောက်ရန်အတွက် City Hold Co., Ltd., သို့ သံလွင် ဥယျာဉ်မြေနေရာကို BOT စနစ်နှင့် အနှစ် ၂၀ ငှားရမ်းသွားမည် ဖြစ်ပြီး မြေငှားရမ်းခကို ပထမ

၅ နှစ်တွင် တစ်လလျှင် သိန်း ၃၀ ကျပ်၊ ဒုတိယ၅ နှစ်တွင်တစ်လကျပ်၄၅သိန်းသတ်မှတ်ထားပြီး ကျန် ၁၀ နှစ်
အတွက်မူ ကာလပေါက်ဈေး ဖြင့် ဈေးနှုန်းညှိနှိုင်းကာ ငှားရမ်းသွားမည် ဖြစ်ကြောင်း အထက်ပါဝန်ကြီးက ဆို
သည်။

“ဒီလကနေ စဆောက်နေပါပြီ။ ၂၀၁၅ မတ်လဆိုရင် ဖွင့်မယ်” ဟု ဒေါက်တာ တိုးတိုးအောင်က ဆိုသည်။

မြေနေရာကို လက်ရှိ သံလွင် ဥယျာဉ်မြေ အသုံးပြုမှု ၃၈ ဒသမ ၂၆၅ ဧကအနက် မြေ ၃ ဧကခန့်ကို အသုံးပြု

ခွင့် ပေးထားပြီး City Hold Co., Ltd., နှင့် ပြည်နယ် အစိုးရအဖွဲ့တို့ စက်တင်ဘာလ ပထမအပတ်က စာချုပ် ချုပ်ဆိုခဲ့ကြောင်း အထက်ပါ ဝန်ကြီးက ပြောကြားသည်။

ဈေးဝယ်စင်တာ တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ် စည်ပင်သာယာရေး အဖွဲ့က မြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်

မတီ၊သက်ဆိုင်ရာ မော်လမြိုင်မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ နိုင်ငံရေး
 ပါတီများနှင့် မော်လမြိုင်မြို့ရှိ လူမှု အဖွဲ့အစည်းများ၊ မြို့ခံများနှင့် ဇွန်လ ၂ ရက်နေ့က တွေ့ဆုံခဲ့ပြီး ၎င်းတို့ သဘောထားဆန္ဒ မေးမြန်းပြီးမှသာကုမ္ပဏီကိုလုပ်ကိုင်ခွင့် ပေးခဲ့သည်ဟု မော်လမြိုင်မြို့နယ် ဖွံ့ဖြိုး တိုးတက်
မှု အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေက ပြောကြားသည်။

“ကိုယ့်မြို့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်သံလွင်ဥယျာဉ်မှာအဆင့်မြင့်ဈေး ဆောက်တာ၊ရုပ်သံစတူရီယို ဆောက်

တာတွေက ကောင်းပါတယ်။ ဒါပေမဲ့လည်း စည်ပင်အနေနဲ့ ဒီဟာကို စနစ်ကျကျ လုပ်ဆောင်ဖို့ ဒီလုပ်ဆောင်
ချက်အပေါ် ပြည်သူသိအောင် ချပြဖို့တော့ လိုတယ်” ဟု မော်လမြိုင် မြို့နယ် ဖွံ့ဖြိုး တိုးတက်မှု အထောက်အ
ကူပြု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေက ပြောကြားသည်။

ထို့အတူသံလွင်ဥယျာဉ်အတွင်း မြေ၃ဧကခန့်ကို ရွှေသံလွင်ကုမ္ပဏီကSky Netရုပ်သံ စတူရီယို တည်ဆောက်

ရန် အတွက်လည်း ပြည်နယ် အစိုးရအဖွဲ့တို့နှင့် ဆွေးနွေးထားပြီး မြေငှားရမ်း ရောင်းချခြင်းအတွက် ညှိနှိုင်း
ဆဲ ဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

သံလွင်ဥယျာဉ်အတွင်း ဈေးဝယ်စင်တာတည်ဆောက်ရန်နှင့်ရုပ်သံစတူရီယိုတည်ဆောက်ရန်
အတွက် မြေ

ငှားရမ်းခြင်း၊ မြေရောင်းချခြင်းနှင့် ပတ်သက်ပြီး ဈေးနှုန်း သတ်မှတ်နိုင်ရန် မြို့နယ် စည်ပင်သာယာရေးအဖွဲ့
၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ၊ မြို့မိ မြို့ဖတို့ ပါ
ဝင်သည့် ကော်မတီတစ်ရပ် ဖွဲ့စည်းထားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment