Pages

Tuesday, December 10, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း ပါဂျောင်လူသတ်မှု တရားခံအဖြစ် စွပ်စွဲခံရသူ ဦးသံချောင်းအား နိုင်ကျဉ်းအဖြစ် သတ်မှတ်ရန် စိစစ်နေ

RangonNewsDaily:: December . 10 .2013
ရှမ်းပြည် မြောက်ပိုင်း ပါဂျောင်အစုလိုက် အပြုံလိုက် လူသတ်မှုကိစ္စတွင် တရားခံအဖြစ် စွပ်စွဲခြင်းခံထားရ သူဦးသံချောင်းအား နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ် ပေးရန်စိစစ်လျက်ရှိကြောင်း လက် ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီဝင်များက ပြောသည်။ ယခုလက်ရှိတွင် ဦးသံချောင်း အမှုများနှင့်ပတ်သက်၍ သေ ချာစွာစိစစ်လျက် ရှိကြောင်းကို ဒီဇင်ဘာ ရရက်က မြန်မာ့ငြိမ်း ချမ်းရေးစင်တာ၌ကျင်းပသော လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအစည်းအဝေး အပြီးတွင် AAPP အဖွဲ့မှ ဦးဘို ကြည်က ပြောသည်။

''ကိုသံချောင်းနဲ့ ပတ်သက် ပြီး ကျွန်တော်တို့က အမျိုးသား ပြန်လည် သင့်မြတ်ရေးဘက်က လဲ စဉ်းစားမယ်။ ပြီးတော့ သူ့ ကြောင့် ဘယ်သူတွေ ဘယ်လောက် အထိ နစ်နာမှုရှိလဲဆိုတာတွေလဲ ထည့်စဉ်းစားမယ်။ သူ့မှာက နှစ်ဘဝရှိတယ်။ ABSDF ပါဂျောင်မှာဖြစ်ခဲ့တဲ့ကိစ္စရောပေါ့'' ဟု ဦးဘိုကြည်က ပြောသည်။

ဆက်လက်၍ ''ကျွန်တော့် တစ်ဦးတည်းအမြင် ပြောရမယ်ဆို ရင် သူ့ကို အပြင် မှာ ဖြေရှင်း ခွင့် ပေးဖို့အတွက် သူလွတ်ဖို့လိုတယ်။ အဲဒီတော့မှ သူဖြေရှင်းလို့ရမယ်။ ထောင်ထဲမှာရှိနေမယ်ဆိုရင် တော့ သူဖြေရှင်းလို့ရ မှာမဟုတ် ဘူး။ သူလုပ်ခဲ့တဲ့ကိစ္စအတွက် သူ တာဝန်ယူရမယ်''ဟု ယင်း၏အ မြင်ကိုပြောသည်။

ဦးသံချောင်းကို ၎င်း၏ဌာန ချုပ်ဖြစ်သော SSA, RCSS/SSA နှင့် SNLD တို့မှ နိုင်ငံရေး အကျဉ်းသားအဖြစ် ထောက်ခံ ချက်ပေးထားခြင်းဖြစ်ပြီး လက် ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှ အမျိုးသား ပြန်လည် သင့်မြတ်ရေးရှုထောင့် မှကြည့်မြင်၍ နိုင်ငံရေးအကျဉ်း သားဟုတ် မဟုတ်ကို စိစစ်နေ ခြင်းဖြစ်သည်။

SNLD မှ ဦးစိုင်းညွန့်လွင် က ''သူ(သံချောင်း)က လက်နက် ချပြီးအလင်းဝင် လာတာ။ ပြီး တော့ အဖမ်းခံရတယ်။ သူအဖမ်း ခံရတာကလဲ နိုင်ငံရေးပုဒ်မ ပါ တယ်။ ဒါကြောင့် ကျွန်တော်က နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်တယ်''ဟုပြောသည်။

ဦးသံချောင်း၏ဖြစ်စဉ်များ နှင့် ပတ်သက်၍လည်း ခွဲခြားရှု မြင်ရန်လိုကြောင်း၊ ယခုကိစ္စသည် ပါဂျောင်ကိစ္စနှင့် သက်ဆိုင်ခြင်း မရှိဘဲ RCSS နှင့်သက် ဆိုင်သော ကိစ္စသာဖြစ်ပြီး သမ္မတအနေဖြင့် လည်း အမျိုးသားပြန်လည် သင့် မြတ်ရေး ဦးတည်ချက်ဖြင့် သာ မြင်စေလိုကြောင်း ယင်းက သုံး သပ်ပြောသည်။

ဦးသံချောင်းသည် ပုဒ်မ ၁၂၂/၁၊၃၀၂ စသည့်အမှုများ ဖြင့် ထောင်ဒဏ် တစ်သက်တစ် ကျွန်းများ၊ သေဒဏ်များချမှတ် ခံထားရခြင်းဖြစ် သည်။ ဦးစိုင်းညွန့်လွင်က ''အခု လို သူ ထောင်ထဲမှာပဲရှိနေတော့ သူ့ကိုစွပ်စွဲထားတဲ့ကိစ္စကို ပြန် ဖြေရှင်းနိုင်ဖို့ အခွင့်အရေးမရှိ ဘူးဖြစ်နေတယ်''ဟုသုံးသပ်ပြော သည်။ ယခုအချိန်တွင် ပါဂျောင် လူသတ်မှုကိစ္စနှင့်ပတ်သက်၍ CID အဖွဲ့မှလိုက်လံ စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။

Yangon Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment