Pages

Tuesday, December 10, 2013

နယ်လ်ဆင်မင်ဒဲလား၏ ဈာပနသို့ အိုဘားမား အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၆၀ ခန့် တက်ရောက်မည်

Photo: နယ်လ်ဆင်မင်ဒဲလား၏ ဈာပနသို့ အိုဘားမား အပါအဝင် ကမ္ဘာ့ခေါင်းဆောင် ၆၀ ခန့် တက်ရောက်မည်
Tuesday, December 10, 2013

တောင်အာဖရိက နိုင်ငံတွင်း အသားအရောင် ခွဲခြားမှု တိုက်ဖျက်ခဲ့သူ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင် မင်ဒဲလား၏ ဈာပန အခမ်းအနားသို့ အမေရိကန် ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား အပါအဝင် ကမ္ဘာ့ နိုင်ငံခေါင်းဆောင် ၆၀ ခန့် တက်ရောက်မည် ဖြစ်သည်ဟု တောင်အာဖရိက အစိုးရက ထုတ်ပြန် ကြေညာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဒီဇင်ဘာလ ၆ ရက်နေ့ အသက် ၉၅ နှစ် အရွယ်တွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားသူ နယ်လ်ဆင်မင်ဒဲလား၏ ဈာပနကို တောင်အာဖရိက အစိုးရက နိုင်ငံတော်ဈာပန သို့မဟုတ် အောက်မေ့ဖွယ် အခမ်းအနားအဖြစ် သတ်မှတ်ထားပြီး ဆိုဝီတို အားကစားကွင်းတွင် ကျင်းပမည် ဖြစ်သည်။ 

အဆိုပါ အခမ်းအနားသို့ အမေရိကန်သမ္မတ အိုဘားမား၊ ပြင်သစ် သမ္မတ ဟော်လန်ဒဲယားနှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အပါအဝင် နိုင်ငံခေါင်းဆောင် ၆၀ ခန့် တက်ရောက်ရန် စီစဉ်ထားသည်။ 

အဆိုပါ ဆိုဝီတို အားကစားကွင်းသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပစဉ် နယ်လ်ဆင်မင်ဒဲလား နောက်ဆုံး အကြိမ်အဖြစ် အများပြည်သူ ရှေ့မှောက်သို့ ရောက်ရှိခဲ့သည့် အားကစားကွင်းလည်း ဖြစ်သည်ဟု တောင်အာဖရိက အာဏာပိုင်များက ဆိုသည်။ 

နယ်လ်ဆင်မင်ဒဲလား၏ ဈာပန အခမ်းအနားသို့ နိုင်ငံ ခေါင်းဆောင်များ သာမက ကမ္ဘာတစ်ဝန်းမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များလည်း တက်ရောက်ကြမည် ဖြစ်သည်။ 

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ဂျာမနီနိုင်ငံ သမ္မတ ရိုချင်ဂတ်၊ အီးယူ ကော်မရှင် ဥက္ကဋ္ဌ ဂျို့စ်မန် နျူရယ်ဘရာဇို၊ ဒတ်ခ်ျဘုရင် ဝီလီယံအလက်ဇန္ဒား၊ စပိန်အိမ်ရှေ့ မင်းသားတို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန် သမ္မတဟောင်းများ ဖြစ်ကြသော ဂျော့ဒဗလျူဘွတ်ရှ်၊ ဘီလ်ကလင်တန်နှင့် ဂျင်မီကာတာတို့ အပါအဝင် လက်ရှိ သမ္မတကတော် မီရှဲလ် အိုဘားမားတို့သည် အိုဘားမားနှင့်အတူ လိုက်ပါ တက်ရောက်ကြမည် ဖြစ်သည်။ 

ထို့အတူ ဘရာဇီး၊ ပါလက်စတိုင်းနှင့် အိန္ဒိယ သမ္မတတို့လည်း နယ်လ်ဆင်မင်ဒဲလား၏ ဈာပနသို့ တက်ရောက် ကြမည် ဖြစ်သည်ဟု တောင်အာဖရိက အစိုးရက ထုတ်ပြန်သည်။ 

တောင်အာဖရိက ခရစ်ယာန် ဘုန်းတော်ကြီး ဆဘာစတန်ရူဆောက တောင်အာဖရိက နိုင်ငံ၏ ပထမဆုံး လူမည်း သမ္မတဖြစ်သူ နယ်လ်ဆင်မင်ဒဲလားသည် အမှောင်ထုထဲမှ အလင်းရောင် ဖြစ်သည်ဟု ဆုတောင်းပွဲတွင် ချီးမွမ်း ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 10 .2013
တောင်အာဖရိက နိုင်ငံတွင်း အသားအရောင် ခွဲခြားမှု တိုက်ဖျက်ခဲ့သူ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင် မင်ဒဲလား၏ ဈာပန အခမ်းအနားသို့ အမေရိကန် ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား အပါအဝင် ကမ္ဘာ့ နိုင်ငံခေါင်းဆောင် ၆၀ ခန့် တက်ရောက်မည် ဖြစ်သည်ဟု တောင်အာဖရိက အစိုးရက ထုတ်ပြန် ကြေညာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ အသက် ၉၅ နှစ် အရွယ်တွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားသူ နယ်လ်ဆင်မင်ဒဲလား၏ ဈာပနကို တောင်အာဖရိက အစိုးရက နိုင်ငံတော်ဈာပန သို့မဟုတ် အောက်မေ့ဖွယ် အခမ်းအနားအဖြစ် သတ်မှတ်ထားပြီး ဆိုဝီတို အားကစားကွင်းတွင် ကျင်းပမည် ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ အမေရိကန်သမ္မတ အိုဘားမား၊ ပြင်သစ် သမ္မတ ဟော်လန်ဒဲယားနှင့် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ အပါအဝင် နိုင်ငံခေါင်းဆောင် ၆၀ ခန့် တက်ရောက်ရန် စီစဉ်ထားသည်။

အဆိုပါ ဆိုဝီတို အားကစားကွင်းသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပစဉ် နယ်လ်ဆင်မင်ဒဲလား နောက်ဆုံး အကြိမ်အဖြစ် အများပြည်သူ ရှေ့မှောက်သို့ ရောက်ရှိခဲ့သည့် အားကစားကွင်းလည်း ဖြစ်သည်ဟု တောင်အာဖရိက အာဏာပိုင်များက ဆိုသည်။

နယ်လ်ဆင်မင်ဒဲလား၏ ဈာပန အခမ်းအနားသို့ နိုင်ငံ ခေါင်းဆောင်များ သာမက ကမ္ဘာတစ်ဝန်းမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များလည်း တက်ရောက်ကြမည် ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ဂျာမနီနိုင်ငံ သမ္မတ ရိုချင်ဂတ်၊ အီးယူ ကော်မရှင် ဥက္ကဋ္ဌ ဂျို့စ်မန် နျူရယ်ဘရာဇို၊ ဒတ်ခ်ျဘုရင် ဝီလီယံအလက်ဇန္ဒား၊ စပိန်အိမ်ရှေ့ မင်းသားတို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန် သမ္မတဟောင်းများ ဖြစ်ကြသော ဂျော့ဒဗလျူဘွတ်ရှ်၊ ဘီလ်ကလင်တန်နှင့် ဂျင်မီကာတာတို့ အပါအဝင် လက်ရှိ သမ္မတကတော် မီရှဲလ် အိုဘားမားတို့သည် အိုဘားမားနှင့်အတူ လိုက်ပါ တက်ရောက်ကြမည် ဖြစ်သည်။

ထို့အတူ ဘရာဇီး၊ ပါလက်စတိုင်းနှင့် အိန္ဒိယ သမ္မတတို့လည်း နယ်လ်ဆင်မင်ဒဲလား၏ ဈာပနသို့ တက်ရောက် ကြမည် ဖြစ်သည်ဟု တောင်အာဖရိက အစိုးရက ထုတ်ပြန်သည်။

တောင်အာဖရိက ခရစ်ယာန် ဘုန်းတော်ကြီး ဆဘာစတန်ရူဆောက တောင်အာဖရိက နိုင်ငံ၏ ပထမဆုံး လူမည်း သမ္မတဖြစ်သူ နယ်လ်ဆင်မင်ဒဲလားသည် အမှောင်ထုထဲမှ အလင်းရောင် ဖြစ်သည်ဟု ဆုတောင်းပွဲတွင် ချီးမွမ်း ပြောကြားသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment