Pages

Monday, December 16, 2013

မြန်မာ -- အင်ဒိုနီးရှားပွဲအပြီး ပရိသတ် အချို့ နိုင်ငံတော် အလံနှင့် အင်္ကျီများကို မီးရှို့မှုများ ပြုလုပ်နေ

RangonNewsDaily:: December . 16 .2013
မြန်မာ အသင်း၏ ရလဒ်ကို မကျေနပ်ကြသည့် ပရိသတ် အချို့မှာ ပွဲအပြီးတွင် ခုံများကို ကွင်းအတွင်း ပစ်ပေါက်ခြင်း၊ နိုင်ငံတော် အလံနှင့် အင်္ကျီများကို မီးရှို့မှုများ ပြုလုပ်ခဲ့ကြသည်။ကွင်းအတွင်း ပရိသတ်များ ထွက်ခွာသွားပြီး နောက်ပိုင်းတွင် ရလဒ်ကို မကျေနပ်ကြသည့် ပရိသတ် အချို့မှာ ထွက်ခွာသွားခြင်း မရှိဘဲ အင်္ကျီများ၊ အလံများကို မီးရှို့မှုများ ဆက်လက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်များကြောင့် သုဝဏ္ဏကွင်းရှိရာ ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းထောင့်ရှိ မီးပွိုင့်ကို ခေတ္တရပ်ထားရပြီး ဝေဇယန္တာလမ်းကိုလည်း ပိတ်ထားရသည်။

အခြေအနေမှာ ထိန်းသိမ်းရ ခက်သည့် အနေအထားသို့ ရောက်ရှိလာပြီး ပရိသတ်များ ဘက်မှ ခဲများဖြင့် ပစ်ပေါက်မှုများ ရှိနေသည်။ ရဲတပ်ဖွဲ့အပြင် မီးသတ်ကားများလည်း ရောက်ရှိနေပြီး မီသက်ပိုက်ဖြင့် ထိုးကာ လူစုခွဲခဲ့ကြောင်း သိရသည်။

Soccer Myanmar::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment