Pages

Monday, December 16, 2013

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ အစိုးရအိမ်တော်နားမှာ ဆက်လက် စခန်းချ

Photo: ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ အစိုးရအိမ်တော်နားမှာ ဆက်လက် စခန်းချ
Sunday, December 15, 2013

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ မြို့တော်ဘန်ကောက်က အစိုးရအိမ်တော်နားမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ထိ ဆက်ပြီး စခန်းချနေဆဲ ဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းစုဘန်က စစ်တပ်ခေါင်းဆောင်တွေနဲ့ တပ်တွင်း အစည်းအဝေးမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

အစည်းအဝေးမှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ ဆန္ဒပြခေါင်းဆောင်တွေက သူတို့ အစီအစဉ်တွေကို တင်ပြခဲ့ပေမယ့် စစ်တပ်က ကြားနေအဖြစ်ပဲ ရပ်တည်ခဲ့ပါတယ်။

ဖေဖော်ဝါရီမှာ ရွေးကောက်ပွဲကျင်းပဖို့ သင့်၊ မသင့်နဲ့ ပတ်သက်လို့လည်း စစ်တပ်က မှတ်ချက်မပေးခဲ့ပါဘူး။

အစည်းအဝေးအပြီးမှာ စစ်ဦးစီးချုပ်က အစည်းအဝေးမှာ ဆွေးနွေးချက်တွေဟာ အသုံးဝင်တယ်။ အဖြေတခု မထွက်ခဲ့ပေမယ့် အားလုံး ဆွေးနွေးဖို့ အခွင့်အရေးရခဲ့တယ်လို့ ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာတဲ့ အခြေအနေနဲ့ ကျင်းပဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်၊ ရွေးကာက်ပွဲကျင်းပဖို့အတွက် ကြားကော်မတီတရပ် ဖွဲ့စည်းဖို့ ဖြစ်နိုင်၊ မဖြစ်နိုင် မေးခဲ့တယ်လို့ ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက်က လူပေါင်း ၁ သိန်း ၆ သောင်းလောက်က အစိုးရအိမ်တော်က ၀န်ကြီးချုပ်ရုံးကို မသိမ်းမီလေးတင်ကပဲ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာခဲ့ပါတယ်။

လွှတ်တော်ကို ဖျက်သိမ်းခဲ့ပေမယ့် ဆန္ဒပြပွဲတွေရဲ့ တင်းမာမှုတွေကတော့ လျော့ကျမသွားပါဘူး။

အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကြား ဆွေးနွေးပွဲအတော်များများ လုပ်ခဲ့ပေမယ့် ခုထိတော့ အဖြေမထွက်သေးပါဘူး။

DVB

RangonNewsDaily:: December . 15 .2013
ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ မြို့တော်ဘန်ကောက်က အစိုးရအိမ်တော်နားမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ထိ ဆက်ပြီး စခန်းချနေဆဲ ဖြစ်ပါတယ်။ ဆန္ဒပြခေါင်းဆောင် ဆူသက် သောင်းစုဘန်က စစ်တပ်ခေါင်းဆောင်တွေနဲ့ တပ်တွင်း အစည်းအဝေးမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

အစည်းအဝေးမှာ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ ဆန္ဒပြခေါင်းဆောင်တွေက သူတို့ အစီအစဉ်တွေကို တင်ပြခဲ့ပေမယ့် စစ်တပ်က ကြားနေအဖြစ်ပဲ ရပ်တည်ခဲ့ပါတယ်။

ဖေဖော်ဝါရီမှာ ရွေးကောက်ပွဲကျင်းပဖို့ သင့်၊ မသင့်နဲ့ ပတ်သက်လို့လည်း စစ်တပ်က မှတ်ချက်မပေးခဲ့ပါဘူး။

အစည်းအဝေးအပြီးမှာ စစ်ဦးစီးချုပ်က အစည်းအဝေးမှာ ဆွေးနွေးချက်တွေဟာ အသုံးဝင်တယ်။ အဖြေတခု မထွက်ခဲ့ပေမယ့် အားလုံး ဆွေးနွေးဖို့ အခွင့်အရေးရခဲ့တယ်လို့ ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာတဲ့ အခြေအနေနဲ့ ကျင်းပဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်၊ ရွေးကာက်ပွဲကျင်းပဖို့အတွက် ကြားကော်မတီတရပ် ဖွဲ့စည်းဖို့ ဖြစ်နိုင်၊ မဖြစ်နိုင် မေးခဲ့တယ်လို့ ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက်က လူပေါင်း ၁ သိန်း ၆ သောင်းလောက်က အစိုးရအိမ်တော်က ၀န်ကြီးချုပ်ရုံးကို မသိမ်းမီလေးတင်ကပဲ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာခဲ့ပါတယ်။

လွှတ်တော်ကို ဖျက်သိမ်းခဲ့ပေမယ့် ဆန္ဒပြပွဲတွေရဲ့ တင်းမာမှုတွေကတော့ လျော့ကျမသွားပါဘူး။

အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကြား ဆွေးနွေးပွဲအတော်များများ လုပ်ခဲ့ပေမယ့် ခုထိတော့ အဖြေမထွက်သေးပါဘူး။

DVB , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment