Pages

Monday, December 16, 2013

ကာချုပ်၏ ကိုကိုးကျွန်းခရီးစဉ်နှင့် ဂုဏ်ယူဖွယ်ရာ မြန်မာ့စစ်သင်္ဘောကြီး အောင်ဇေယျ

Photo: မြန်မာ့လင်းရောင်ခြည်
ကာချုပ်၏ ကိုကိုးကျွန်းခရီးစဉ်နှင့် ဂုဏ်ယူဖွယ်ရာ မြန်မာ့စစ်သင်္ဘောကြီး အောင်ဇေယျ
Sunday, December 15, 2013

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယခုလ (၁၃)ရက်နေ့တွင် ကာကွယ်ရေဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကိုကိုးကျွန်းသို့ မြန်မာ့တပ်မတော်(ရေ)မှ ဖရီးဂိတ်စစ်သင်္ဘောကြီး အောင်ဇေယျ(F-11) ဖြင့် ထွက်ခွာခဲ့ရာ ဒီဇင်ဘာ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် ကိုကိုးကျွန်းသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်မြို့မှကိုကိုးကျွန်းသို့ ခရီးသွားချိန် (၁၅)နာရီကြာမြင့်သော စစ်ရေယာဉ် အောင်ဇေယျ၏ ခရီးစဉ်သည် မြန်မာ့တပ်မတော်(ရေ) မှတ်တမ်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် စီးနင်းလိုက်ပါခဲ့သည့် သမိုင်းဝင်ခရီးတစ်ခုဖြစ်ပြီး ပို၍ထူးခြားသည်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် လိုက်ပါလာသော စစ်ရေယာဉ် အောင်ဇေယျ (F-11) သည် တပ်မတော်(ရေ)မှ အတတ်ပညာရှင်များ ကိုယ်တိုင်တည်ဆောက်ခဲ့သည့် ပထမဆုံး Frigate စစ်သင်္ဘောဖြစ်ကြောင်း ရေတပ် တာဝန်ရှိသူတစ်ဦးမှ ပြောဆိုသွားပါသည်။
သတင်းများအရ အာဆီယံနိုင်ငံများအပြင် အခြားနိုင်ငံအများစုသည်လည်း ယခုကဲ့သို့ Frigate စစ်သင်္ဘောများအား ကိုယ်တိုင်တည်ဆောက်နိုင်ခြင်းမရှိသေးဘဲ အင်အားကြီးနိုင်ငံများမှ ဈေးနှုန်းမြင့်မားစွာ ၀ယ်ယူအသုံးပြုနေရကြောင်း၊ ASEAN နိုင်ငံများတွင်လည်း မြန်မာတစ်နိုင်ငံတည်းသာ Frigate စစ်သင်္ဘော များအား ကိုယ်တိုင်တည်ဆောက်နိုင်ကြောင်း၊ ယခုကာချုပ်ခရီးစဉ်တွင် အသုံးပြုခဲ့သည့် ဖရီးဂိတ် စစ်သင်္ဘောကြီး အောင်ဇေယျ(F-11) သည် အရှေ့တောင်အာရှရေတပ်များတွင် မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်ခဲ့သော ပထမဆုံး Frigate စစ်ရေယာဉ်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်(ရေ)မှ ပညာရှင်များ၊ အင်ဂျင်နီယာများအနေဖြင့် ယခုကဲ့သို့ စစ်သင်္ဘောများ ကိုယ်တိုင်တည်ဆောက်နိုင်ခြင်းသည် နိုင်ငံတော်အတွက် ဂုဏ်ယူစရာပင်ဖြစ်ကြောင်း ၄င်းအရာရှိကပင်ဆက်လက်ပြောကြားခဲ့သည်။
စစ်ရေယာဉ် အောင်ဇေယျအား ၂၀၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်တွင် ကျရောက်ခဲ့သည့် (၆၃)နှစ်မြောက် တပ်မတော်(ရေ)နေ့တွင် တပ်တော် ဝင်နိုင်ခဲ့သည်။ ၎င်းစစ်ရေယာဉ်သည် အရှည်(၁၀၈)မီတာရှိပြီး သင်္ဘောပစ်ပဲ့ထိန်းဒုံးပျံများ၊ လေကြောင်းရန် ကာကွယ်ရေးလက်နက်များ၊ ရေငုပ်တိုက်ခိုက်ချေမှုန်းရေးလက်နက်များ၊ အဆင့်မြင့်ရေဒါစနစ်များ တပ်ဆင် ထားကြောင်း၊ ထို့အပြင် ၎င်းသင်္ဘောသည် ဒေသတွင်းတွင် အောင်ဇေယျ Class အဖြစ် တန်းဝင်စစ် ရေယာဉ်တစ်စီးဖြစ်ခဲ့ပြီး ယခုနှစ်အစောပိုင်းကပင် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ကြောင်း သိရှိရသည်။ ကာချုပ်၏ ယခုခရီးစဉ်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဆက်ဆက် ကိုကိုးကျွန်းသို့ မြန်မာနိုင်ငံမှ တည်ဆောက်ထားသည့် ဖရီးဂိတ်စစ်ရေယာဉ်ဖြင့် သွားရောက် ခဲ့သည့် ပထမဆုံး သမိုင်းဝင်ခရီးစဉ်ဖြစ်ကြောင်း သိရှိရသည်။

Zaw Min Kha


RangonNewsDaily:: December . 15 .2013
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယခုလ (၁၃)ရက်နေ့တွင် ကာကွယ်
ရေဦးစီးချုပ်(ရေ)နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကိုကိုးကျွန်းသို့ မြန်မာ့တပ်မတော်(ရေ)မှ ဖရီးဂိတ်စစ်
သင်္ဘောကြီး အောင်ဇေယျ(F-11) ဖြင့် ထွက်ခွာခဲ့ရာ ဒီဇင်ဘာ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် ကိုကိုးကျွန်းသို
့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။ရန်ကုန်မြို့မှကိုကိုးကျွန်းသို့ ခရီးသွားချိန်(၁၅)နာရီကြာမြင့်သောစစ်ရေယာဉ် အောင်ဇေယျ၏ ခရီးစဉ်သည်
မြန်မာ့တပ်မတော်(ရေ) မှတ်တမ်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ်
 စီးနင်းလိုက်ပါခဲ့သည့် သမိုင်းဝင်ခရီးတစ်ခုဖြစ်ပြီး ပို၍ထူးခြားသည်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် လိုက်ပါလာသော စစ်ရေယာဉ် အောင်ဇေယျ (F-11) သည် တပ်မတော်(ရေ)မှ အတတ်ပညာရှင်များ ကိုယ်
တိုင်တည်ဆောက်ခဲ့သည့် ပထမဆုံး Frigate စစ်သင်္ဘောဖြစ်ကြောင်း ရေတပ် တာဝန်ရှိသူတစ်ဦးမှ ပြောဆို
သွားပါသည်။

သတင်းများအရ အာဆီယံနိုင်ငံများအပြင် အခြားနိုင်ငံအများစုသည်လည်း ယခုကဲ့သို့ Frigate စစ်သင်္ဘော
များအားကိုယ်တိုင်တည်ဆောက်နိုင်ခြင်းမရှိသေးဘဲအင်အားကြီးနိုင်ငံများမှ ဈေးနှုန်းမြင့်မားစွာ ၀ယ်ယူအသုံး
ပြုနေရကြောင်း၊ASEAN နိုင်ငံများတွင်လည်း မြန်မာတစ်နိုင်ငံတည်းသာ Frigate စစ်သင်္ဘော များအား ကိုယ်
တိုင်တည်ဆောက်နိုင်ကြောင်း၊ 
 
ယခုကာချုပ်ခရီးစဉ်တွင် အသုံးပြုခဲ့သည့် ဖရီးဂိတ် စစ်သင်္ဘောကြီး အောင်ဇေယျ(F-11) သည် အရှေ့တောင်
အာရှရေတပ်များတွင် မြန်မာ့တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်ခဲ့သော ပထမဆုံး Frigate စစ်ရေ
ယာဉ်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်(ရေ)မှပညာရှင်များ၊အင်ဂျင်နီယာများအနေဖြင့် ယခုကဲ့သို့ စစ်သင်္ဘော
များ ကိုယ်တိုင်တည်ဆောက်နိုင်ခြင်းသည် နိုင်ငံတော်အတွက် ဂုဏ်ယူစရာပင်ဖြစ်ကြောင်း ၄င်းအရာရှိက
ပင်ဆက်လက်ပြောကြားခဲ့သည်။

စစ်ရေယာဉ် အောင်ဇေယျအား ၂၀၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်တွင် ကျရောက်ခဲ့သည့် (၆၃)နှစ်မြောက် တပ်မတော်(ရေ)နေ့တွင် တပ်တော် ဝင်နိုင်ခဲ့
သည်။ ၎င်းစစ်ရေယာဉ်သည် အရှည်(၁၀၈)မီတာရှိပြီး သင်္ဘောပစ်ပဲ့ထိန်းဒုံးပျံများ၊ လေကြောင်းရန် ကာ
ကွယ်ရေးလက်နက်များ၊ ရေငုပ်တိုက်ခိုက်ချေမှုန်းရေးလက်နက်များ၊ အဆင့်မြင့်ရေဒါစနစ်များ တပ်ဆင် ထားကြောင်း၊ 
 
ထို့အပြင် ၎င်းသင်္ဘောသည် ဒေသတွင်းတွင် အောင်ဇေယျ Class အဖြစ် တန်းဝင်စစ် ရေယာဉ်တစ်စီးဖြစ်
ခဲ့ပြီး ယခုနှစ်အစောပိုင်းကပင် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ကြောင်း သိရှိရသည်။ 
 
ကာချုပ်၏ ယခုခရီးစဉ်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဆက်ဆက် ကိုကိုးကျွန်းသို့ မြန်မာနိုင်ငံမှ တည်ဆောက်ထားသည့် ဖရီးဂိတ်စစ်ရေယာဉ်ဖြင့် သွားရောက် ခဲ့သည့် ပထမဆုံး သမိုင်းဝင်ခရီးစဉ်ဖြစ်
ကြောင်း သိရှိရသည်။

Zaw Min Kha , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment