Pages

Monday, December 16, 2013

ပေါင်းတည်အကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ ဆန္ဒပြသူ ၃ ဦး ကျန်းမာရေး ချို့တဲ့လာကြ

RangonNewsDaily:: December . 15 .2013
ပေါင်းတည်အကျဉ်းထောင်မှာအစာငတ်ခံဆန္ဒပြနေကြတဲ့မိတ္ထီလာ ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုသန့်

ဇင်ထက်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေတာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတ
ယ်။သူနဲ့အတူ အစာအငတ်ခံဆန္ဒပြနေကြတဲ့ ဒေါ်မြင့်မြင့်အေးနဲ့ ဒေါ်ခင်မိမိခိုင်တို့ နှစ်ဦးလဲ ကျန်းမာရေးဆိုး
ရွားနေပေမယ့် ဆေးကုသမှုခံယူဖို့ ငြင်းဆန်နေကြတယ်လို့ ဒေါ်ခင်မိမိခိုင်ရဲ့အမ ဒေါ်အေးမှီက ပြောပါတယ်။
“အဲဒီမှာ ကိုသန့်ဇင်ထက်က ဆေးသွင်းနေရတယ်လို့ ပြောပါတယ်၊ မခိုင်တို့လည်း သွင်းဖို့လိုတယ်၊ အဲဒါကို သူတို့က ငြင်းဆန်နေတုန်းပါပဲ၊သူတို့သုံးယောက်စလုံးကကျန်းမာရေးမကောင်းဘူး၊ ဒေါ်မြင့်မြင့်အေးကတော့
လေဖြတ်ထားတာ နှစ်ကြိမ်ရှိသွားပြီ၊ သန့်ဇင်ထက်ကလည်း အဆုတ်ရောဂါရှိတယ်၊ ရုံးချိန်းထွက်တိုင်းလည်း အဲကလေးက တုန်တုန်ယင်ယင်နဲ့ ရုန်းချိန်းထွက်ရတယ်”

ဒါ့အပြင် သောကြာနေ့က ကိုသန့်ဇင်ထွန်းရဲ့ အဘွားဖြစ်သူက ထောင်ဝင်စာ
သွားတွေ့တာကိုလည်း ထောင်

အာဏာပိုင်တွေက ကိုသန့်ဇင်ထွန်းနဲ့ တွေ့ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။

ပေါင်းတည်အကျဉ်းထောင်မှာဖမ်းဆီးခံထားရတဲ့မိတ္ထီလာ ပြည်သူ့အကျိုးဆောင်
ကွန်ရက်က ဒေါ်မြင့်မြင့်အေး

အပါအ၀င် ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထက်တို့ဟာ သူတို့ကိုဖမ်းဆီးတာ ၆ လ ကျော်ကြာမြင့်လာပြီ ဖြစ်ပေ
မယ့်ဘာမှအမိန့်ချမှတ်ခြင်းမရှိသေးဘဲအမှုကြန့်ကြာနေတဲ့အတွက် ပြီးခဲ့တဲ့သောကြာနေ့ကစပြီး ထောင်တွင်း
မှာ အစာငတ်ခံ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တစ်ဝိုက်က အသိမ်းခံထားရတဲ့ လယ်မြေကိစ္စအတွက် လယ်သမားတွေကိုကူ

ညီခဲ့သူ သူတို့ ၃ ဦးကို ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်၊ ဒါပေမဲ့ အဲဒီပြည်သူ့အကျိုးဆောင် ကွန်
ရက်အဖွဲ့ဟာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် သင်းပင်းဥပဒေ ပုဒ်မ ၆ နဲ့ နတ်တလင်းရဲစခန်းက သူတို့ကို စွဲချက်တင်အရေးယူထားတာဖြစ်ပါတယ်

RFA , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment