Pages

Wednesday, December 11, 2013

နိုင်ပွဲဆက်နေသော အမျိုးသားဘောလုံးအသင်းအပေါ်အမြင်များ

RangonNewsDaily:: December . 11 .2013
ဆီးဂိမ်းပြိုင်ပွဲအမျိုးသားဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်နှစ်ပွဲကစား ပြီးချိန်တွင် ခြောက်မှတ်ရရှိပြီးအလားအလာ

ကောင်းများပိုင်ဆိုင်ထားသည့် မြန်မာအသင်းအပေါ်နည်းပြများ၊ ကစားသမားဟောင်း များနှင့်ပရိသတ်များ၏ သုံးသပ် ချက်များကို တင်ပြလိုက်ပါသည်။
ပတ်ဆောင်ဟွာ(မြန်မာအသင်းနည်းပြ)

တီမောနဲ့ပွဲက ထင်ထားတာ ထက်ပိုခက်ခဲခဲ့ပါတယ်။ နောက် လာမယ့် ထိုင်းနဲ့ အင်ဒိုနီးရှားပွဲတွေ မှာလဲ အ

ကောင်းဆုံးပြင်ဆင်မှုပုံစံနဲ့ နိုင်ပွဲတွေဖြစ်အောင်ကစားသွားမှာပါ။ ကြားမှာနားရက်များတဲ့အတွက်ကြည်လင်း
ဒဏ်ရာက ပြဿနာမရှိပါဘူး။ 

တခြားအရန် ကစားသမားတချို့ကိုသုံးတဲ့အခါ မှာလဲ အဆင်ပြေပါတယ်။ လက်ရှိ ပုံစံကိုလဲ အားရကျေနပ်ပါ
တယ်။ နှစ်ပွဲနိုင်ထားတယ်ဆိုပေမယ့် ကျန် တဲ့ပွဲတွေကို အစကနေစတဲ့ပုံစံမျိုးနဲ့ ပထမပွဲတွေလို နိုင်ပွဲရအောင် ကစားသွားမှာပါ။

တီမောအသင်းနည်းပြ


အုပ်စု(ခ)မှာ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ပဲ အုပ်စုတက်သွား မယ်လို့ထင်တယ်။ မြန်မာအသင်းရဲ့ ခြေ

စွမ်းကလဲ အကောင်းဆုံး အနေအထားမှာရှိပါတယ်။ အိမ်ရှင် ဖြစ်တဲ့အတွက် ပရိသတ်အားက အရမ်းကိုအ
သုံးဝင်ပါတယ်။တစ်ဦး ချင်းစွမ်းရည်တွေလဲရှိပါတယ်။

တင့်နိုင်ထွန်းသိန်း


သိပ်တော့အားမရသေးဘူး။ နောက်ဆို ပိုပြီးကောင်းလာမယ်လို့ ထင်ပါတယ်။ အခုနောက်ပိုင်း ကစားတာက
တော့ ကောင်းလာပါ တယ်။ နှစ်ပွဲလဲနိုင်ထားတာဆို တော့ သူတို့လဲကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရသွားပြီ
ပေါ့။အခုလာမယ့်နှစ်ပွဲကပိုအရေးကြီးတာ ပေါ့။အုပ်စုတက်ဖို့အတွက် အဖြေ ပါပဲ။ ကျန်တဲ့နှစ်ပွဲစလုံးကို အနိုင်
ရမယ်လို့ မျှော်လင့်ထားပါတယ်။

စိုးမြတ်မင်း(မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း)


ဖွင့်ပွဲကတော့ကိုယ့်မြေ၊ ကိုယ့် ပရိသတ်ရှေ့မှာ ကစားရတဲ့အတွက် သူတို့အနေနဲ့ ဖိအားရှိပါတယ်။ ဒီအဆင့်

ကို ကျော် လွှားနိုင်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖွင့်ပွဲမှာ အဖွင့် လှတာပေါ့။သုံးဂိုးဂိုးမရှိဆိုတော့ ခြေစွမ်းပိုင်း
အနေနဲ့လဲ ဒီ့ထက်ပိုတိုး တက်ဖို့ရှိသေးတာပေါ့။ နှစ်ပွဲစလုံး အနိုင်ရထားတာဆိုတော့ အသင်း က ယုံကြည်မှု
တွေပိုရလာပြီ။ 

အရေးကြီးတဲ့ပွဲဖြစ်တဲ့ ထိုင်းနဲ့ပွဲ။ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့အင်ဒိုနီးရှား နဲ့ပွဲ။ ဒီပွဲတွေအတွက်က ဘာပဲ ဖြစ်ဖြစ်
ယုံကြည်မှုရလာတဲ့အတွက် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ အတိုင်း ဆီးမီးဖိုင်နယ်အဆင့်ကို တက်ဖို့ကမျှော်
လင့်ချက်တွေအများ ကြီးရှိနေပါပြီ။

ထိုင်းအသင်းက တစ်ခုသာ တာက အဆုံးသတ်ပိုင်းတွေအားသာ ချက်ရှိတယ်။ အဲ့ဒီတော့ သူတို့ အဆုံးသတ်

မှုအပိုင်းတွေ အဆုံး မသတ်နိုင်အောင် ကိုယ့်ဆီကပိတ်နိုင် ဖို့အရေးကြီးတာပေါ့။ဒါပေမယ့်လဲအခုလက်ရှိမြန်
မာအသင်းအနေနဲ့ ကတော့ တစ်ပွဲပြီးတစ်ပွဲကောင်းလာ ပါပြီ။ 

ခက်ခဲတယ်ဆိုပေမယ့်လဲ ကျွန်တော်တို့ဆီမှာ အားသာတဲ့ အချက်က ကိုယ့်ပရိသတ်၊ကိုယ့်အိမ် ကွင်းရှေ့မှာ
ကစားရတာပါပဲ။ ရတဲ့ အချိန်မှာ အခွင့်အရေးကိုအသုံးချနိုင် တယ်ဆိုရင်ပိုပြီးအခွင့်အရေးကောင်း မယ်လို့ ကျွန်တော်မြင်ပါတယ်။

အရှေ့တီမောနှင့်ပွဲစဉ်တွင် မြန်မာပရိသတ်တချို့၏စကားသံ

ထိုင်းနဲ့ကန်ရမယ့်ပွဲကအရေး ကြီးဆုံးပဲ။ အဲ့ဒီပွဲမှာ အနိုင်ရမယ် ဆိုရင်တော့ အတိုင်းထက်အလွန် ဝမ်းမြောက်

ရမှာပါ။

နောက်တန်းမှာ အမှားအယွင်း လေးတွေရှိနေတယ်။ တိုက်စစ်နဲ့ ကွင်းလယ်ကိုတော့ သိပ်ပြောစရာ လိုမယ်မ

ထင်ဘူး။ အခွင့်အရေးတွေ ကိုသာ ဂိုးအဖြစ်ပြောင်းနိုင်မယ် ဆိုရင်အကောင်းဆုံးအောင်မြင်မှာပါ။

မဇ္ဇျိမ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment