Pages

Wednesday, December 11, 2013

ပရိသတ်၂၅,၀၀၀ ရှေ့တွင် မြန်မာအမျိုးသမီးဘောလုံးအသင်း ဖိလစ်ပိုင်ကို အနိုင်ယူ

ပရိသတ်၂၅,၀၀၀ ရှေ့တွင် မြန်မာအမျိုးသမီးဘောလုံးအသင်း ဖိလစ်ပိုင်ကို အနိုင်ယူ 


kolatt(PBDN): December . 11 .2013

မန္တလေး- ၂၀၁၃ ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 
::
ပွဲအပြီးတွင် မြန်မာအသင်းနည်းပြက ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူမည်ဖြစ်ပြီး ရွှေတံဆိပ်ရယူရန်အတွက် ပြိုင်ပွဲဝင်ခြင်းဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ပြောကြားသည်။ 

ဖိလစ်ပိုင်နည်းပြက ပွဲရလဒ်မှာ ဖြစ်သင့်ပြီး ပရိသတ်မှာ မြန်မာအသင်း၏ ၁၂ ယောက်မြောက် ကစားသမားဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ ဒီဇင်ဘာလ ၁၀ ရက်က မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြီး ပရိသတ် ၂၅၀၀၀ လာရောက်အားပေးသည့်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက ပိုမိုဖိအားပေးကစားနိုင်ခဲ့သော်လည်း ဖိလစ်ပိုင်နောက်တန်းနှင့် ဂိုးသမားတို့၏ ကောင်းမွန်မှုကြောင့် ဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။
::
 မြန်မာအသင်းအတွက် ပထမဂိုးကို ပွဲချိန် ၂၉ မိနစ်တွင် ခင်မာထွန်းကလည်းကောင်း ၊ ဒုတိယဂိုးကို ပွဲချိန် ၅၈ မိနစ်တွင် သန်းသန်းထွေးကလည်းကောင်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု(က) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းများနှင့် ကျရောက်နေပြီး ပွဲဦးထွက်အနိုင်ရလဒ် ရရှိခဲ့သည့်အတွက် အကြိုဗိုလ်လုပွဲတက်ရောက်ရန် အခြေအနေကောင်းသွားသည်။

 မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၁၅ ရက်တွင် နာမည်ကြီး ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 
::
ဒီဇင်ဘာလ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အုပ်စု (ခ)ပွဲစဉ်ဖြစ်သည့် လာအိုနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ 

7days News::--

RangonNewsDaily:: December . 11 .2013
မန္တလေး- ၂၀၁၃ ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဉ်တွင်အိမ်ရှင်မြန်မာအသင်းကဖိလစ်ပိုင်အသင်း
ကို (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲအပြီးတွင် မြန်မာအသင်းနည်းပြက ပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူမည်ဖြစ်ပြီး ရွှေတံဆိပ်ရယူရန်အတွက် ပြိုင်ပွဲ
ဝင်ခြင်းဖြစ်ကြောင်း ယုံကြည်မှုအပြည့်ဖြင့် ပြောကြားသည်။

ဖိလစ်ပိုင်နည်းပြက ပွဲရလဒ်မှာ ဖြစ်သင့်ပြီးပရိသတ်မှာ မြန်မာအသင်း၏၁၂ ယောက်မြောက် ကစားသမား
ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ ဒီဇင်ဘာလ ၁၀ ရက်က မန္တလေးမြို့ရှိမန္တလာသီရိအားကစားကွင်း၌
ကျင်းပပြီး ပရိသတ် ၂၅၀၀၀ လာရောက်အားပေးသည့်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက ပိုမိုဖိ
အားပေးကစားနိုင်ခဲ့သော်လည်း ဖိလစ်ပိုင်နောက်တန်းနှင့် ဂိုးသမားတို့၏ ကောင်းမွန်မှုကြောင့် ဂိုးရရှိရန် ရုန်းကန်ခဲ့ရသည်။
::
မြန်မာအသင်းအတွက် ပထမဂိုးကို ပွဲချိန် ၂၉ မိနစ်တွင် ခင်မာထွန်းကလည်းကောင်း ၊ ဒုတိယဂိုးကို ပွဲချိန် ၅၈ မိနစ်တွင်သန်းသန်းထွေးကလည်းကောင်းသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု(က) တွင်
ဗီယက်နမ်၊ ဖိလစ်ပိုင်အသင်းများနှင့် ကျရောက်နေပြီး ပွဲဦးထွက်အနိုင်ရလဒ် ရရှိခဲ့သည့်အတွက် အကြို
ဗိုလ်လုပွဲတက်ရောက်ရန် အခြေအနေကောင်းသွားသည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၁၅ ရက်တွင် နာမည်ကြီး ဗီယက်နမ်အ
သင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
::
ဒီဇင်ဘာလ ၁၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အုပ်စု (ခ)ပွဲစဉ်ဖြစ်သည့် လာအိုနှင့် မလေးရှားအ
သင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

7days News::-- , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment