Pages

Wednesday, December 11, 2013

ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းဖြင့် ထပ်မံတရားစွဲ

Photo: ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းဖြင့် ထပ်မံတရားစွဲ
Wednesday, December 11, 2013

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အလံကို မီးရှို့ကာ ဆန္ဒထုတ်ဖော်မှုကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး နှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲ ခံထားရသူ ဒေါ်နော်အုန်းလှကို ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့က ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းတစ်ခုဖြင့် ထပ်မံတရားစွဲဆို လိုက်ကြောင်း ဒေါ်နော်အုန်းလှ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ 

ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ရွှေတိဂုံဘုရားပေါ်တွင် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေရန် အော်ဟစ်ဆုတောင်းမှု ပုဒ်မ ၂၉၆ ဖြင့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ဆိုသည်။ 

တရုတ်နိုင်ငံအလံ မီးရှို့ ဆန္ဒထုတ်ဖော် မှုကြောင့် ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို ခံထားရသူ ဒေါ်နော်အုန်းလှနှင့် ဦးတင်ထွဋ်ပိုင် တို့ကို စတင်ရုံးထုတ် စစ်ဆေးသည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြစ်မှုဟောင်း နောက်ထပ်တစ်ခုဖြင့် တရားစွဲဆို ထားသည်ကို သိရခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။ 

၂၀၀၇ ခုနှစ် မေလ ၂၀ ရက်နေ့က ဒေါ်နော်အုန်းလှ အပါအဝင် လူ၂၅ဦးခန့်က ရွှေတိဂုံစေတီတော် အင်္ဂါထောင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အသံကျယ်လောင်စွာ ဆုတောင်းမှုကြောင့် အခြားသူများ စိတ်အနှောင့်အယှက် ဖြစ်စေသည် ဟုဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၆ဖြင့် ရွှေတိဂုံစေတီတော် ဂေါပကရုံး ဒုရုံးအဖွဲ့မှူး ဦးမောင်မောင်တင့်က ဒဂုံမြို့နယ် တရားရုံးသို့ ပြစ်မှုအမှတ် ၂၈၈/၂၀၁၃ဖြင့် ဦးတိုက်လျှောက်ကာ တရားစွဲဆိုခြင်း ဖြစ်သည် ဟု ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။

"အံ့တော့ အံ့သြသွားတာပေါ့။ ဒါက နောက်ကြောင်းပြန်တဲ့ အလုပ်လေ။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံက (နိုင်ငံရေး) မပြောင်းလဲသေးဘူး ဆိုတာ ဖော်ပြနေတယ်"ဟု အဆိုပါ ပုဒ်မ ၂၉၆ဖြင့် တရားစွဲဆိုခြင်း ခံရသူ ဒေါ်နော်အုန်းလှက ဒဂုံမြို့နယ် တရားရုံးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ယခု လောလောဆယ်တွင် ရွှေတိဂုံ ဘုရားဂေါပက အဖွဲ့၏ တရားစွဲဆိုချက်ကို အသေးစိတ်ကို မသိရသေး ဟုလည်း ၄င်း၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
"အခုက အမှုက စစ်လို့မရသေးဘူး။ ဒေါ်နော်အုန်းလှနဲ့ အတူစွဲတဲ့ ကိုအောင်စိုးနဲ့ ကိုစည်သူက ရုံးရှေ့ကို မရောက်သေးလို့ပါ။ အခြေအနေကို ကျွန်တော်တို့ ဘာမှတိတိ ကျကျပြောလို့မရသေးဘူး" ဟု ၄င်းက ပြောကြားသည်။

အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ရွှေတိဂုံစေတီတော် ဂေါပကရုံး၊ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်သို့ မေးမြန်းရာ ယင်းအမှုနှင့် ပတ်သက်ပြီး ၄င်းအနေနှင့် သိရှိထားခြင်း မရှိကြောင်းသာ ပြန်လည် ဖြေကြားသည်။

"ဒီအမှုက ကျွန်တော်တို့ တရားရုံးကို ဦးတိုက်လျှောက်ထားတာ တော်တော် ကြာပါပြီ။ ၂၀၀၇ ခုနှစ် ကတည်းကပါ။ အခု ဒုရုံးအဖွဲ့မှူး ဦးမောင်မောင်တင်လည်း တာဝန်က အနားယူသွားပါပြီ။ အခုဖြစ်တဲ့ ဟာကို ကျွန်တော် မသိပါဘူး" ဟု ဦးဝင်းကြိုင် က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒဂုံ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျသူ အရာရှိ အပြင်သို့ သွားနေသောကြောင့် ပြန်လည်ဖြေကြား၍ မရကြောင်းသာ ပြောကြားသည်။

ဒေါ်နော်အုန်းလှသည် လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၂ နှစ်ချ မှတ်ခံရပြီး နိုဝင်ဘာလ ၁၅ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာပြီး လက်ရှိအချိန်တွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ကျောက်တံတား၊ ပန်းပဲတန်းနှင့် ဒဂုံမြို့နယ် တရားရုံးများတွင် တရား ရင်ဆိုင်နေရသည်။

The Voice Weekly

RangonNewsDaily:: December . 11 .2013
လက်ပံတောင်း ကြေးနီစီမံကိန်းရပ်ဆိုင်းပေးရန်အတွက်တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အလံကို မီးရှို့ကာ ဆန္ဒ
ထုတ်ဖော်မှုကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှောင့်ယှက်မှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲ ခံထားရသူ
ဒေါ်နော်အုန်းလှကို ရွှေတိဂုံဘုရားဂေါပကအဖွဲ့က ၂၀၀၇ ခုနှစ်က ပြစ်မှုဟောင်းတစ်ခုဖြင့် ထပ်မံတရားစွဲဆို လိုက်ကြောင်း ဒေါ်နော်အုန်းလှ၏ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။ ဒေါ်နော်အုန်းလှကို ၂၀၀၇ ခုနှစ်က ရွှေတိဂုံဘုရားပေါ်တွင် အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေရန်
အော်ဟစ်ဆုတောင်းမှု ပုဒ်မ ၂၉၆ ဖြင့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့က ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆို
ထားခြင်း ဖြစ်ကြောင်း ဦးရောဘတ်စန်းအောင်က ဆိုသည်။

တရုတ်နိုင်ငံအလံ မီးရှို့ ဆန္ဒထုတ်ဖော် မှုကြောင့် ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆို ခံထားရသူ ဒေါ်နော်အုန်း
လှနှင့် ဦးတင်ထွဋ်ပိုင် တို့ကို စတင်ရုံးထုတစစ်ဆေးသည့်ဒီဇင်ဘာလ၁၀ ရက်နေ့တွင် ပြစ်မှုဟောင်း နောက်
ထပ်တစ်ခုဖြင့် တရားစွဲဆို ထားသည်ကို သိရခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

၂၀၀၇ ခုနှစ် မေလ၂၀ရက်နေ့က ဒေါ်နော်အုန်းလှအပါအဝင်လူ၂၅ဦးခန့်က ရွှေတိဂုံစေတီတော်အင်္ဂါထောင့်
တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အသံကျယ်လောင်စွာ ဆုတောင်းမှုကြောင့် အခြားသူများ စိတ်အနှောင့်အယှက် ဖြစ်စေသည် ဟုဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၆ဖြင့် ရွှေတိဂုံစေတီတော် ဂေါပကရုံး ဒုရုံးအဖွဲ့မှူး ဦးမောင်မောင်တင့်က ဒဂုံမြို့နယ် တရားရုံးသို့ ပြစ်မှုအ
မှတ် ၂၈၈/၂၀၁၃ဖြင့် ဦးတိုက်လျှောက်ကာ တရားစွဲဆိုခြင်း ဖြစ်သည် ဟု ဦးရောဘတ်စန်းအောင်က ရှင်းပြ
သည်။

"အံ့တော့ အံ့သြသွားတာပေါ့။ ဒါက နောက်ကြောင်းပြန်တဲ့ အလုပ်လေ။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံက (နိုင်ငံရေး) မပြောင်းလဲသေးဘူး ဆိုတာ ဖော်ပြနေတယ်"ဟု အဆိုပါ ပုဒ်မ ၂၉၆ဖြင့် တရားစွဲဆိုခြင်း ခံရသူ 
 ဒေါ်နော်အုန်းလှက ဒဂုံမြို့နယ် တရားရုံးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ယခု လောလောဆယ်တွင် ရွှေတိဂုံ ဘုရားဂေါပက အဖွဲ့၏ တရားစွဲဆိုချက်ကို အသေးစိတ်ကို မသိရသေး ဟုလည်း ၄င်း၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။"အခုက အမှုက စစ်လို့မရသေးဘူး။ဒေါ်
နော်အုန်းလှနဲ့အတူစွဲတဲ့ကိုအောင်စိုးနဲ့ကိုစည်သူကရုံးရှေ့ကို မရောက်သေးလို့ပါ။ အခြေအနေကို ကျွန်တော်
တို့ ဘာမှတိတိ ကျကျပြောလို့မရသေးဘူး" ဟု ၄င်းက ပြောကြားသည်။

အဆိုပါ တရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ရွှေတိဂုံစေတီတော် ဂေါပကရုံး၊ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်သို့ မေးမြန်းရာ ယင်းအမှုနှင့် ပတ်သက်ပြီး ၄င်းအနေနှင့် သိရှိထားခြင်း မရှိကြောင်းသာ ပြန်လည် ဖြေကြားသည်။

"ဒီအမှုက ကျွန်တော်တို့ တရားရုံးကို ဦးတိုက်လျှောက်ထားတာ တော်တော် ကြာပါပြီ။ ၂၀၀၇ ခုနှစ် ကတည်း
ကပါ။အခုဒုရုံးအဖွဲ့မှူးဦးမောင်မောင်တင်လည်း တာဝန်က အနားယူသွားပါပြီ။ အခုဖြစ်တဲ့ ဟာကို ကျွန်တော်
မသိပါဘူး" ဟု ဦးဝင်းကြိုင် က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒဂုံ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျသူ အရာရှိ အပြင်သို့ သွားနေ
သောကြောင့် ပြန်လည်ဖြေကြား၍ မရကြောင်းသာ ပြောကြားသည်။

ဒေါ်နော်အုန်းလှသည် လက်ပံတောင်း တောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၂
နှစ်ချ မှတ်ခံရပြီး နိုဝင်ဘာလ ၁၅ရက်နေ့တွင်သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်
မြောက်လာပြီးလက်ရှိအချိန်တွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ကျောက်တံတား၊ ပန်းပဲတန်းနှင့် ဒဂုံမြို့နယ်တရားရုံးများ
တွင် တရား ရင်ဆိုင်နေရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment