Pages

Wednesday, December 11, 2013

နိင်ငံဂုဏ်ဆောင် မြန်မာမွတ်စလင်မ် အားကစားသမားများ.

မောင်သစ္စာ's photo.

RangonNewsDaily:: December . 11 .2013
မြန်မာနိင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ၂၇ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတော်မီးရှူးထွန်း
ညှိလက်ဆင့်ကမ်းပွဲအားရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှ ဝေဇယန္တာလမ်းလမ်းတစ်လျှောက်
နိင်ငံဂုဏ်ဆောင်အားကစားသမား ၂၀ ဦးက ယနေ့နံပိုင်းတွင် သယ်ဆောင်ခဲ့ရာတွင် အစ္စလာမ်ဘာသာဝင်၎ ဦးပါဝင်ခဲ့ခြင်းကို မြန်မာမွတ်စလင်မ်မီဒီယာမှ မှတ်တမ်းတင်ကာ ဂုဏ်ပြုဖေါ်ပြအပ်
ပါသည်။

အထက်ပါအခမ်းအနားတွင်ပါဝင်သည့် နိင်ငံဂုဏ်ဆောင်အားကစားသမားများမှာ ဒေါ်ဘေဘီ(ဘော်လီဘော
)၊ဦးအေးလွင်(ဘောလီဘော)၊ဦးဝင်းမောင်(ဘောက်ဆာ)၊ဦးမောင်လှ(ပြေးခုန်ပစ်) တို့ဖြစ်ကြပါသည်။

မြန်မာမွတ်စလင်မ် မြန်မာ့ဂုဏ်ဆောင် ဘောက်ဆာဝင်းမောင်သည်၁၉၆၉ ခုနှစ်နှင့် ၁၉၇၁ (SEAP_Games)
ယခု အခေါ် SEA-Games ပြိုင်ပွဲတို့တွင် ဘင်တန်ဝိတ်တန်းတွင် ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့သည့် အားကစားသ
မားတစ်ဦးဖြစ်သည်။
 
တိုင်းပြည်အတွက် နိင်ငံတကာ ပြိုင်ပွဲအရပ်ရပ်တွင် ရွှေတံဆိပ်၅ခု၊ငွေတံဆိပ်၃ ခု၊ကြေးတံဆိပ် ၂ ခုစုစုပေါင်း
၁၀ ခု ရယူပေးခဲ့သည့် အားကစားသမားတစ်ဦးဖြစ်သည်။

မြန်မာမွတ်စလင်မ် မြန်မာ့ဂုဏ်ဆောင်ဦးအေးလွင်သည်၁၉၆၉ ခုနှစ်နှင့်၁၉၇၁ (SEAP_ Games)ယခုအခေါ် 
SEA-Games ပြိုင်ပွဲတို့တွင် မြန်မာ့လက်ရွေးစင်အကြီးတန်း ဘောလီဘောကလပ်အသင်းပြိုင်ပွဲတွင် ပထမဆု
ရွှေတံဆိပ်ဆွပ်ခူးပေးခဲ့သည့်အားကစားသမားတစ်ဦးဖြစ်သည်။မြန်မာ့လက်ရွေးစင်ဘောလီဘောကစားသမား
ဟာင်းဦးအေးလွင်သည် မြန်မာမွတ်စလင်မ်ဘာသာရေးလောကတွင်လည်း အလ်ဟာ့ဂ်ျ ခလီဖွှာ ဦးအေးလွင်
(ဦးဆောင်ဆော်သြရေးမှုး၊ အစ္စလာမ်ဓမ္မဗိမာန်) အမည်ဖြင့် လည်းကျော်ကြားသည့် အစ္စလာမ့် ဓမ္မကထိက တစ်ဦးဖြစ်သည်။


မြန်မာမွတ်စလင်မ် မြန်မာ့ဂုဏ်ဆောင် ဒေါ်ဘေဘီ သည် ၁၉၆၇ ခုနှစ်နှင့် ၁၉၇၁ ခုနှစ် (SEAP_ Games)ယ
ခုအခေါ်SEA-Games ပြိုင်ပွဲတို့တွင် မြန်မာ့လက်ရွေးစင်အကြီးတန်း ဘောလီဘောကလပ်အသင်းပြိုင်ပွဲတွင်
ငွေတံဆိပ်ဆုနှင့် ရွှေတံဆိပ်ဆုဆွတ်ခူးပေးခဲ့သည့် အားကစားသမားတစ်ဦးဖြစ်သည်။

Myanmar Muslim Media , kolatt(PBDN)
RangonNewsDaily
မောင်သစ္စာ's photo.

မောင်သစ္စာ's photo.

မြန်မာမွတ်စလင်မ် မြန်မာ့ဂုဏ်ဆောင် ဘောက်ဆာ ၀င်းမောင်သည် ၁၉၆၉ ခုနှစ်နှင့် ၁၉၇၁ (SEAP_ Games)ယခု အခေါ် SEA-Games ပြိုင်ပွဲတို့တွင် ဘင်တန်ဝိတ်တန်းတွင် ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့သည့် အားကစားသမားတစ်ဦးဖြစ်သည်။တိုင်းပြည်အတွက် နိင်ငံတကာ ပြိုင်ပွဲအရပ်ရပ်တွင် ရွှေတံဆိပ် ၅ခု၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု စုစုပေါင်း ၁၀ ခု ရယူပေးခဲ့သည့် အားကစားသမားတစ်ဦးဖြစ်သည်။ဓာတ်ပုံ - သက်လွင်

မောင်သစ္စာ's photo.

0 comments:

Post a Comment