Pages

Saturday, November 30, 2013

မြန်မာလုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်းသင်တန်း EU ပို့ချမည်

Photo: မြန်မာလုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်းသင်တန်း EU ပို့ချမည် 
Saturday, November 30, 2013

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂက လုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်း ပို့ချသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကိုယ်စားပြု၍ မြန်မာလုံထိန်းများကို သင်တန်း ပို့ချနေသည့် ဥရောပသမဂ္ဂ လူ့အဖွဲ့အစည်းဆိုင်ရာ မူဝါဒ ချမှတ်ရေး ကျွမ်းကျင်သူ David Hamilton က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ စီမံကိန်းအရ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး လေးစားလိုက်နာ၍ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ လူထုအခြေခံ ယုံကြည် စိတ်ချရသော ရဲတပ်ဖွဲ့အဖြစ် ရပ်တည် နိုင်စေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ဆိုသည်။
“လူ့အခွင့်အရေးကို ဦးစားပေးပြီး ခေတ်မီရဲတပ်ဖွဲ့ ဖြစ်ဖို့အတွက် အချိန်ယူ လုပ်ဆောင်ရမှာပါ။ ရဲတပ်ဖွဲ့အနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆတိုးပြီး လုပ်ဆောင်နေပါတယ်” ဟု ရဲမှူးချုပ် သူရဘိုနီက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

အထူးသဖြင့် ပဋိပက္ခနှင့် အဓိကရုန်းများကို ကိုင်တွယ် ဖြေရှင်းရာတွင် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အကာအကွယ် ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ဥရောပသမဂ္ဂ နိုင်ငံများမှ ကျွမ်းကျင် ရဲအရာရှိများက သင်တန်းများ ပို့ချပေးခြင်း ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
“လက်ပံတောင်းနဲ့ မိတ္ထီလာမြို့နယ်တွေမှာ မကြာမီက ဖြစ်ပွားခဲ့တဲ့ အဓိကရုန်းတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပဋိပက္ခ ကိုင်တွယ် ဖြေရှင်းမှု နည်းလမ်းတွေ ပြောင်းလဲဖို့ လိုနေပြီဆိုတာ သက်သေပြလိုက်တာပဲ” ဟု ၎င်းကဆိုသည်။

ယင်းစီမံကိန်း ကာလသည် ၁၈ လ ကြာမြင့်မည် ဖြစ်ပြီး ဥရောပ သမဂ္ဂက ယူရိုငွေ ၁၀ သန်း (မြန်မာ ကျပ်ငွေ ၁၃ ဒသမ ၂ ဘီလီယံ) ထောက်ပံ့ သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

မြန်မာ့ ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရေးအတွက် ဥရောပသမဂ္ဂ နိုင်ငံများက အကူအညီ ပေးရန် ပြီးခဲ့သည့် လအတွင်းက ဥရောပသမဂ္ဂ နိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ်ခရီး သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို ထားသည်။

အဆိုပါ တောင်းဆိုချက်အရ ဥရောပ သမဂ္ဂက နိုဝင်ဘာလ အစောပိုင်းမှ စတင်ကာ မြန်မာ့ရဲတပ်ဖွဲ့မှ လုံထိန်း ၄၀၀ ကျော်ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပဋိပက္ခနှင့် အဓိကရုန်း ဖြေရှင်းနည်း သင်တန်း ပို့ချပြီး ဖြစ်ကြောင်း မစ္စတာရိုလန် ကိုဘီယာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“အခု အီးယူက အဓိက လေ့ကျင့်ပေးတဲ့ လူစုလူဝေး ထိန်သိမ်း နည်းတွေထဲမှာ Sea Games ပွဲအတွက် တိုက်ရိုက် အသုံးပြုနိုင်တဲ့ လေ့ကျင့်နည်းတွေပါ ဝင်ပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရဘိုနီက ဆိုသည်။

သင်တန်း ပို့ချရာတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ ဝါရင့် ရဲအရာရှိကြီးများက ဦးဆောင်၍ ဆန္ဒပြ ပြည်သူများ၏ ဒီမိုကရေစီ အခွင်ရေးကို မည်သို့ ကာကွယ်ရမည်၊ လူ့အဖွဲ့အစည်းများ အတွင်း ဖြစ်ပွား လေ့ ရှိသည့် ဘာသာရေးနှင့် လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ၊ အကြမ်းဖက်မှု များကို မည်သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသည်တို့ကို သရုပ်ပြ သင်ကြားပေးကြောင်း သင်တန်း တာဝန်ရှိသူများက ပြောဆိုသည်။

The Voice Weekly

RangonNewsDaily:: November . 30 .2013
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်ရန်အတွက် ဥရောပသမဂ္ဂက လုံထိန်း ၄၀၀၀ ကို အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်တန်း ပို့ချသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကိုယ်စားပြု၍ မြန်မာလုံထိန်းများကို သင်တန်း ပို့ချနေသည့် ဥရောပသမဂ္ဂ လူ့အဖွဲ့အစည်းဆိုင်ရာ မူဝါဒ ချမှတ်ရေး ကျွမ်းကျင်သူ David Hamilton က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အဆိုပါ စီမံကိန်းအရ ဥရောပသမဂ္ဂက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး လေးစားလိုက်နာ၍ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ လူထုအခြေခံ ယုံကြည် စိတ်ချရသော ရဲတပ်ဖွဲ့အဖြစ် ရပ်တည် နိုင်စေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာက ဆိုသည်။
“လူ့အခွင့်အရေးကို ဦးစားပေးပြီး ခေတ်မီရဲတပ်ဖွဲ့ ဖြစ်ဖို့အတွက် အချိန်ယူ လုပ်ဆောင်ရမှာပါ။ ရဲတပ်ဖွဲ့အနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆတိုးပြီး လုပ်ဆောင်နေပါတယ်” ဟု ရဲမှူးချုပ် သူရဘိုနီက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

အထူးသဖြင့် ပဋိပက္ခနှင့် အဓိကရုန်းများကို ကိုင်တွယ် ဖြေရှင်းရာတွင် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် အညီ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အကာအကွယ် ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ဥရောပသမဂ္ဂ နိုင်ငံများမှ ကျွမ်းကျင် ရဲအရာရှိများက သင်တန်းများ ပို့ချပေးခြင်း ဖြစ်ကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
“လက်ပံတောင်းနဲ့ မိတ္ထီလာမြို့နယ်တွေမှာ မကြာမီက ဖြစ်ပွားခဲ့တဲ့ အဓိကရုန်းတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပဋိပက္ခ ကိုင်တွယ် ဖြေရှင်းမှု နည်းလမ်းတွေ ပြောင်းလဲဖို့ လိုနေပြီဆိုတာ သက်သေပြလိုက်တာပဲ” ဟု ၎င်းကဆိုသည်။

ယင်းစီမံကိန်း ကာလသည် ၁၈ လ ကြာမြင့်မည် ဖြစ်ပြီး ဥရောပ သမဂ္ဂက ယူရိုငွေ ၁၀ သန်း (မြန်မာ ကျပ်ငွေ ၁၃ ဒသမ ၂ ဘီလီယံ) ထောက်ပံ့ သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

မြန်မာ့ ရဲတပ်ဖွဲ့ အဆင့်မြှင့်တင်ရေးအတွက် ဥရောပသမဂ္ဂ နိုင်ငံများက အကူအညီ ပေးရန် ပြီးခဲ့သည့် လအတွင်းက ဥရောပသမဂ္ဂ နိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ်ခရီး သွားရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆို ထားသည်။

အဆိုပါ တောင်းဆိုချက်အရ ဥရောပ သမဂ္ဂက နိုဝင်ဘာလ အစောပိုင်းမှ စတင်ကာ မြန်မာ့ရဲတပ်ဖွဲ့မှ လုံထိန်း ၄၀၀ ကျော်ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ပဋိပက္ခနှင့် အဓိကရုန်း ဖြေရှင်းနည်း သင်တန်း ပို့ချပြီး ဖြစ်ကြောင်း မစ္စတာရိုလန် ကိုဘီယာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“အခု အီးယူက အဓိက လေ့ကျင့်ပေးတဲ့ လူစုလူဝေး ထိန်သိမ်း နည်းတွေထဲမှာ Sea Games ပွဲအတွက် တိုက်ရိုက် အသုံးပြုနိုင်တဲ့ လေ့ကျင့်နည်းတွေပါ ဝင်ပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရဘိုနီက ဆိုသည်။

သင်တန်း ပို့ချရာတွင် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ ဝါရင့် ရဲအရာရှိကြီးများက ဦးဆောင်၍ ဆန္ဒပြ ပြည်သူများ၏ ဒီမိုကရေစီ အခွင်ရေးကို မည်သို့ ကာကွယ်ရမည်၊ လူ့အဖွဲ့အစည်းများ အတွင်း ဖြစ်ပွား လေ့ ရှိသည့် ဘာသာရေးနှင့် လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများ၊ အကြမ်းဖက်မှု များကို မည်သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသည်တို့ကို သရုပ်ပြ သင်ကြားပေးကြောင်း သင်တန်း တာဝန်ရှိသူများက ပြောဆိုသည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment