Pages

Saturday, November 30, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး မန္တလေးတွင် တစ်ကိုယ်တော် စက်ဘီးစီး ဆန္ဒထုတ်ဖော်

RangonNewsDaily:: November . 30 .2013
၂၀၀၈ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အား ပြန်လည် ပြင်ဆင်ပေးရန်ဆန္ဒဖြင့် နိုဝင်ဘာ ၂၇ ရက်က တစ်
ကိုယ် တော် စက်ဘီးစီးဆန္ဒထုတ်ဖော် သူတစ်ဦးမန္တလေးမြို့တွင်းလှည့်လည်စီးနင်းကြောင်းသိရသည်။စက်
ဘီးစီးနင်း ဆန္ဒထုတ် ဖော်သူမှာ မန္တလေးတိုင်းဒေသ ကြီး ချမ်းအေးသာ စံမြို့နယ် ၂၈* ၂၉လမ်း၊ ၇၃ * ၇၄ လမ်းကြား စိတ္တရမဟီရပ် ၊ မောက်မယ်ဝင်း အတွင်းနေထိုင်သူ အသက် ၈၁ နှစ်အရွယ်ရှိ ဦးလှမြင့်ဖြစ်သည်။
၎င်းမှာ (၉၃)နှစ်မြောက် အမျိုး သားနေ့ကိုဂုဏ်ပြုကြိုဆိုမှုနှင့် အတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်စေလိုသည့်
ဆန္ဒဖြင့် တစ် ကိုယ်တော် စက်ဘီးစီးဆန္ဒထုတ် ဖော်ခြင်းဖြစ်သည်။

စက်ဘီးဖြင့် လှည့်လည်စီး နင်းရာတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင်ရေး ဒို့အရေးစာတမ်းပါဗီ နိုင်းကို ချိတ်ဆွဲ

ထားပြီး နေအိမ် မှ နံနက်၈နာရီတွင် စတင်စီးနင်း သည်။ ၇၃လမ်းအတိုင်း စတင် ထွက်ခွာ၍ ၂၆လမ်းနှင့်
၇၃လမ်း ဆုံရာတွင် ၂၆လမ်းအတိုင်း ၈၄ လမ်းအထိ၊ ၈၄လမ်းအတိုင်း ၇၃ လမ်းအထိ ပြန်စီးကာ နေအိမ်
သို့ ပြန်ကြောင်း သိရသည်။

လှိုင်ထွေးအောင်
Yangon Media  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment