Pages

Saturday, November 30, 2013

တရုတ်-ဂျပန် ပိုင်နက် အငြင်းပွားမှုတွင် ဂျပန်ကို ထောက်ခံသွားမည်ဟု အမေရိကန်ပြောကြား

Photo: တရုတ်-ဂျပန် ပိုင်နက် အငြင်းပွားမှုတွင် ဂျပန်ကို ထောက်ခံသွားမည်ဟု အမေရိကန်ပြောကြား
Friday, November 29, 2013

အရှေ့တရုတ်ပင်လယ် နယ်မြေပိုင်နက်နှင့် ပတ်သက်၍ အငြင်းပွားမှု ပြင်းထန်လျက်ရှိရာ အမေရိကန်က ၎င်း၏မဟာမိတ် ဂျပန်ကို ထောက်ခံသွားမည် ဖြစ်သည်ဟု အမေရိကန် အစိုးရက ကတိပြုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက တရုတ်အစိုးရက ဂျပန်နှင့် ပိုင်နက် အငြင်းပွား ကျွန်းစုများ အပါအဝင် အရှေ့တရုတ်ပင်လယ် ဧရိယာကို တရုတ်အစိုးရ၏ လေကြောင်း ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်လိုက်ပြီးနောက် အမေရိကန် အစိုးရက ဂျပန်ကို ထောက်ခံသွားမည် ဖြစ်သည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ ချုပ်ဆိုထားသော ကာကွယ်ရေး သဘောတူညီချက်သည် ယခုလက်ရှိ တရုတ်-ဂျပန်ပိုင်နက် အငြင်းပွားနေသော ကျွန်းစုများထိ ပါဝင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဂေဟယ်က ဂျပန် ကာကွယ်ရေးဝန်ကြီးကို တယ်လီဖုန်းဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်အစိုးရက အရှေ့တရုတ်ပင်လယ် ဧရိယာတွင် လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ် ကြေညာချက်ကို အာခံသည့် အနေနှင့် အင်္ဂါနေ့က အမေရိကန် B-52 ဗုံးကြဲလေယာဉ် နှစ်စင်းကို အဆိုပါ ဧရိယာသို့ ပျံသန်း သွားရောက်ခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမား အစိုးရ၏ အာရှဒေသ ဗဟိုပြုမူဝါဒ အမှန်တကယ် အောင်မြင်နိုင်ခြင်း ရှိ မရှိနှင့် ပတ်သက်၍ အမေရိက၏ မဟာမိတ်များအကြား စိုးရိမ်မှုများ ရှိနေသော်လည်း ယခုကဲ့သို့ တရုတ်အစိုးရကို အာခံ၍ ဗုံးကြဲလေယာဉ်များ ပျံသန်းခြင်းသည် အာရှဒေသတွင် အမေရိကန်၏ တည်ရှိမှုကို ဆက်လက်ထားရှိသွားမည် ဆိုသည့်အကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

အမေရိကန်အစိုးရ၏ ယခင်က ကြေညာထားချက်အရ အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ဂျိုးဘစ်ဒင်သည် လာမည့် သီတင်းပတ်တွင် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ အလည် အပတ်ခရီး သွားရောက်မည် ဖြစ်ပြီး တရုတ်၏ လေကြောင်း ကာကွယ်ရေးဇုန် ကြေညာချက်ကြောင့် တင်းမာနေမှုများကို လျှော့ချနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရ၏ အကြီးတန်း တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ ပိုင်နက်အငြင်းပွား ကျွန်းစုများ၏ အချုပ်အခြာ အာဏာပိုင်ကိစ္စတွင် အမေရိကန်အစိုးရက ပါဝင်မည် မဟုတ်သော်လည်း အဆိုပါ ကျွန်းစုများကို ဂျပန်က အုပ်ချုပ်ရေးပိုင်း ထိန်းချုပ်နိုင်ကြောင်းကိုမူ အမေရိကန်အစိုးရက အသိအမှတ်ပြုကြောင်း၊ ထို့ကြောင့် ယင်းကျွန်းစုနှင့် ပတ်သက်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ပါက ဂျပန်ဘက်မှ ကာကွယ်သွားရမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အင်္ဂါနေ့က တရုတ်အစိုးရ ကြေညာထားသော လေကြောင်း ကာကွယ်ရေးဇုန် အတွင်းသို့ လက်နက် တပ်ဆင်ထားခြင်း မရှိသော အမေရိကန် B-52 ဗုံးကြဲလေယာဉ်ကို ဝင်ရောက်လာခြင်းကို တရုတ်စစ်တပ်က စောင့်ကြည့်ခဲ့ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသော်လည်း အမေရိကန် ဗုံးကြဲလေယာဉ်သည် တရုတ်လေယာဉ်နှင့် ဆက်သွယ်ခြင်း၊ တရုတ်လေယာဉ်၏ စောင့်ကြည့်ခြင်း ခံရမှု မရှိခဲ့ကြောင်း အမေရိကန်စစ်တပ် ပင်တဂွန် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: November . 30 .2013
အရှေ့တရုတ်ပင်လယ် နယ်မြေပိုင်နက်နှင့် ပတ်သက်၍ အငြင်းပွားမှု ပြင်းထန်လျက်ရှိရာ အမေရိကန်က ၎င်း၏မဟာမိတ် ဂျပန်ကို ထောက်ခံသွားမည် ဖြစ်သည်ဟု အမေရိကန် အစိုးရက ကတိပြုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်းက တရုတ်အစိုးရက ဂျပန်နှင့် ပိုင်နက် အငြင်းပွား ကျွန်းစုများ အပါအဝင် အရှေ့တရုတ်ပင်လယ် ဧရိယာကို တရုတ်အစိုးရ၏ လေကြောင်း ကာကွယ်ရေးဇုန်အဖြစ် သတ်မှတ်လိုက်ပြီးနောက် အမေရိကန် အစိုးရက ဂျပန်ကို ထောက်ခံသွားမည် ဖြစ်သည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ ချုပ်ဆိုထားသော ကာကွယ်ရေး သဘောတူညီချက်သည် ယခုလက်ရှိ တရုတ်-ဂျပန်ပိုင်နက် အငြင်းပွားနေသော ကျွန်းစုများထိ ပါဝင်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဂေဟယ်က ဂျပန် ကာကွယ်ရေးဝန်ကြီးကို တယ်လီဖုန်းဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်အစိုးရက အရှေ့တရုတ်ပင်လယ် ဧရိယာတွင် လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ် ကြေညာချက်ကို အာခံသည့် အနေနှင့် အင်္ဂါနေ့က အမေရိကန် B-52 ဗုံးကြဲလေယာဉ် နှစ်စင်းကို အဆိုပါ ဧရိယာသို့ ပျံသန်း သွားရောက်ခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမား အစိုးရ၏ အာရှဒေသ ဗဟိုပြုမူဝါဒ အမှန်တကယ် အောင်မြင်နိုင်ခြင်း ရှိ မရှိနှင့် ပတ်သက်၍ အမေရိက၏ မဟာမိတ်များအကြား စိုးရိမ်မှုများ ရှိနေသော်လည်း ယခုကဲ့သို့ တရုတ်အစိုးရကို အာခံ၍ ဗုံးကြဲလေယာဉ်များ ပျံသန်းခြင်းသည် အာရှဒေသတွင် အမေရိကန်၏ တည်ရှိမှုကို ဆက်လက်ထားရှိသွားမည် ဆိုသည့်အကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။

အမေရိကန်အစိုးရ၏ ယခင်က ကြေညာထားချက်အရ အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ဂျိုးဘစ်ဒင်သည် လာမည့် သီတင်းပတ်တွင် ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ အလည် အပတ်ခရီး သွားရောက်မည် ဖြစ်ပြီး တရုတ်၏ လေကြောင်း ကာကွယ်ရေးဇုန် ကြေညာချက်ကြောင့် တင်းမာနေမှုများကို လျှော့ချနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရ၏ အကြီးတန်း တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါ ပိုင်နက်အငြင်းပွား ကျွန်းစုများ၏ အချုပ်အခြာ အာဏာပိုင်ကိစ္စတွင် အမေရိကန်အစိုးရက ပါဝင်မည် မဟုတ်သော်လည်း အဆိုပါ ကျွန်းစုများကို ဂျပန်က အုပ်ချုပ်ရေးပိုင်း ထိန်းချုပ်နိုင်ကြောင်းကိုမူ အမေရိကန်အစိုးရက အသိအမှတ်ပြုကြောင်း၊ ထို့ကြောင့် ယင်းကျွန်းစုနှင့် ပတ်သက်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ပါက ဂျပန်ဘက်မှ ကာကွယ်သွားရမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အင်္ဂါနေ့က တရုတ်အစိုးရ ကြေညာထားသော လေကြောင်း ကာကွယ်ရေးဇုန် အတွင်းသို့ လက်နက် တပ်ဆင်ထားခြင်း မရှိသော အမေရိကန် B-52 ဗုံးကြဲလေယာဉ်ကို ဝင်ရောက်လာခြင်းကို တရုတ်စစ်တပ်က စောင့်ကြည့်ခဲ့ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသော်လည်း အမေရိကန် ဗုံးကြဲလေယာဉ်သည် တရုတ်လေယာဉ်နှင့် ဆက်သွယ်ခြင်း၊ တရုတ်လေယာဉ်၏ စောင့်ကြည့်ခြင်း ခံရမှု မရှိခဲ့ကြောင်း အမေရိကန်စစ်တပ် ပင်တဂွန် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment