Pages

Saturday, November 30, 2013

ရှေ့ဆောင်ရုပ်ရှင်ရုံ ပထမထပ် လက်ရန်းမှ အမျိုးသား တစ်ဦး ပြုတ်ကျသေဆုံး

RangonNewsDaily:: November . 30 .2013
ရန်ကုန်မြို့ ရှေ့ဆောင် ရုပ်ရှင်ရုံတွင် ရုပ်ရှင်လာကြည့်သူ အမျိုးသားတစ်ဦး နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီခွဲခန့်က ရုံအတွင်းရှိပထမထပ် လှေကားလက်ရန်းမှအရှိန်လွန် ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း ကျောက်
တံတားမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။သေဆုံးသူ အသက် ၃၂ နှစ်
အရွယ် ကိုတင်မြင့်မှာ ည ၉ နာရီက စတင်ပြသသော CATCHING FIRE ရုပ်ရှင်ဇာတ်ကားအပြီး ပထမထပ်
မှ အောက်ထပ်သို့ ဆင်းလာစဉ် လှေကားလက်ရန်းမှ အရှိန်လွန်ကာ သမံတလင်းပေါ်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်
ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြုတ်ကျခဲ့သူ၏ ဘယ်ဘက်နဖူးတွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ကုသဆောင်သို့ တင်ပို့ ကုသခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က သေဆုံး ခဲ့ခြင်း
 ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ အမျိုးသားသည် ရုပ်ရှင်ရုံတွင် အိပ်ပျော် နေသောကြောင့် ရုပ်ရှင်ပြီးချိန် ချက်ချင်း ထွက်မလာဘဲ တစ်
ဦးတည်း ရုပ်ရှင်ရုံအတွင်း ကျန်နေခဲ့ကြောင်း၊ အောက်ထပ်သို့ ဆင်းလာချိန် အရက်မူးနေသောကြောင့် လှေ
ကားလက်ရန်းမှ အရှိန်လွန်ကာ မြေညီထပ်ရှိ ရေခဲသေတ္တာပေါ်သို့ နဖူးဖြင့် ပြုတ်ကျခဲ့ပြီး ယင်းမှတစ်ဆင့် သမံတလင်းပေါ်သို့ ပြုတ်ကျခဲ့ကြောင်း စတင်တွေ့ရှိသော ရုပ်ရှင်ရုံ ဝန်ထမ်း၏ ထွက်ဆိုချက်ကို ကိုးကား၍
 ကျောက်တံတားမြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

“ပြုတ်ကျခါစကသမံတလင်းမှာငုတ်တုတ်လေးထိုင်ပြီး စကားပြန်ပြော နေသေးတယ်။ နဖူးမှာ ပေါက်တဲ့ဒဏ်
ရာ နည်းနည်းလေးပဲရှိတာ။ နောက်နေ့ သူသေသွားပြီလို့ ပြောသံကြားတော့ ယုံတောင် မယုံနိုင်ဘူး ဖြစ်ရ
တယ်” ဟု အဆိုပါ ဝန်ထမ်းက ဆိုသည်။

သေဆုံးသူ အမျိုးသားမှာ ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ တွင် နေထိုင်ပြီး ၎င်းတွင် ခေါင်းမူးခေါင်းကိုက် ဝေဒ
နာ ရှိကြောင်း ၎င်း၏ မိသားစုဝင် တစ်ဦးထံမှ သိရှိရသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် ၁၂/၁၃ ဖြင့် ဖွင့်လှစ်ကာ စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment