Pages

Monday, November 25, 2013

အိန္ဒိယနိုင်ငံက နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သော Dhanush ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

Photo: အိန္ဒိယနိုင်ငံက နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သော Dhanush ပဲ့ထိန်းဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
Monday, November 25, 2013

အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက် တပ်ဖွဲ့များ ကွပ်ကဲမှုဌာနချုပ် (SFC) သည် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သော မြေပြင်မှမြေပြင်ပစ် Dhanush ပဲ့ထိန်းဒုံးကျည်အား အိန္ဒိယနိုင်ငံ Odisha ကမ်းလွန်ရှိ ရေတပ်စစ်သင်္ဘော တစ်စင်းပေါ်မှ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၄ ရက် အင်တာနက် သတင်းတစ်ရပ် အရသိရသည်။ အဆိုပါ ပဲ့ထိန်းဒုံးကျည်သည် အိန္ဒိယနိုင်ငံထုတ် Prithvi ဒုံးကျည်၏ မူကွဲတစ်မျိုးဖြစ်ကြောင်း၊ အဆင့်တစ်ဆင့်ပါ လောင်စာအရည်သုံး တွန်းကန်စနစ်ဖြင့် အဆိုပါဒုံးကျည်ကို အိန္ဒိယ တပ်မတော်တွင် စတင် အသုံးပြုနေပြီ ဖြစ်ကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (DRDO) မှ တီထွင်ထုတ်လုပ်ထားသော ဒုံးကျည်ငါးမျိုးအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါဒုံးကျည်သည် အလေးချိန် ၅ဝဝ မှ ၁ဝဝဝ ကီလိုဂရမ်ထိ ရှိသော နျူကလီးယား ထိပ်ဖူးနှင့် သမားရိုးကျထိပ်ဖူးများကို သယ်ဆောင်နိုင်ပြီး မြေပြင်နှင့်ပင်လယ်ရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်ကြောင်း သိရှိရသည်။ 

မြ၀တီ

RangonNewsDaily:: November . 25 .2013
အိန္ဒိယနိုင်ငံ၏မဟာဗျူဟာမြောက်တပ်ဖွဲ့များ ကွပ်ကဲမှုဌာနချုပ် (SFC) သည် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်
သော မြေပြင်မှမြေပြင်ပစ်Dhanushပဲ့ထိန်းဒုံးကျည်အား အိန္ဒိယနိုင်ငံ Odisha ကမ်းလွန်ရှိ ရေတပ်စစ်သင်္ဘော တစ်စင်းပေါ်မှ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၂၄ ရက် အင်တာနက် သတင်းတစ်
ရပ် အရသိရသည်။ အဆိုပါ ပဲ့ထိန်းဒုံးကျည်သည် အိန္ဒိယနိုင်ငံထုတ် Prithvi ဒုံးကျည်၏ မူကွဲတစ်မျိုးဖြစ်ကြောင်း၊ အဆင့်တစ်ဆင့်
ပါ လောင်စာအရည်သုံး တွန်းကန်စနစ်ဖြင့် အဆိုပါဒုံးကျည်ကို အိန္ဒိယ တပ်မတော်တွင် စတင် အသုံးပြုနေ
ပြီ ဖြစ်ကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (DRDO) မှ တီထွင်ထုတ်
လုပ်ထားသော ဒုံးကျည်ငါးမျိုးအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါဒုံးကျည်သည် အလေးချိန် ၅ဝဝ မှ ၁ဝဝဝ ကီလိုဂရမ်ထိ ရှိသော နျူကလီးယား ထိပ်ဖူးနှင့် သမားရိုး
ကျထိပ်ဖူးများကို သယ်ဆောင်နိုင်ပြီး မြေပြင်နှင့်ပင်လယ်ရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်ကြောင်း သိရှိရသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment