Pages

Monday, November 25, 2013

ဒဏ်ရာအနာတရဖြစ်အောင်ရိုက်နှက်ကာ သိန်း ၃၀ကျော်တန် ရွေဆွဲကြိုး လုယက်မှု မန်းတွင်ဖြစ်ပွား

RangonNewsDaily:: November . 25 .2013
ဒဏ်ရာအနာတရဖြစ်အောင်ရိုက်နှက်ကာကာလပေါက်ဈေးငွေကျပ် သိန်း ၃၀ကျော်တန်သောရွှေဆွဲကြိုး လု

ယက်မှု နိုဝင်ဘာ ၂၄ရက်နေ့ နံနက် ၅နာရီခွဲ အချိန်ခန့်ကမန်းတွင်ဖြစ်ပွားခဲ့ကြောင်းမန္တလေးတိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ယခုလ ၂၄ရက်နေ့ မနက် ၅နာရီခွဲ အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်
တွင် ဒေါ်--သည် ခင်ပွန်းဖြစ်သူ ဦး-----နှင့်အတူ နေအိမ်ရှိခွေးများအား လမ်းလျှောက်ထိန်းကျောင်းရာမှ နေ
အိမ်သို့ပြန်လာခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်--မှာ ခွေးများအား နေအိမ်နောက်ဘက်ခွေးလှောင်အိမ်သို့ သွားထားစဉ်

နေအိမ်ရှေ့မှ ခွေးဟောင်သံကြားရသဖြင့် ထွက်ကြည့်ရာ ခင်ပွန်းဖြစ်သူ၏ဂျိုစောင်းတွင် ရိုက်နှက်ခံရသည့်
ဒဏ်ရာ(စိုးရိမ်ရ)ရရှိ ထားကြောင်းနှင့် ၄င်း၏လည်ပင်းတွင်ဆွဲထားသော အလေးချိန် ငါးကျပ်သားခန့်ရှိ ရွှေ
ဆွဲကြိုးတစ်ကုံး(တန်ဖိုးငွေ ကျပ်သိန်း ၃၀ကျော်ခန့်)ပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့် မန္တလေးဆေရုံကြီး သို့ပို့ဆောင်ကုသလျှက်ရှိသည်။

ရိုက်နှက်လုယက်သူအား နမစ (အမှတ်-၁)ပ ၂၀၄/၂၀၁၃ပြစ်မှုပုဒ်မ ၃၂၅/၃၈၆အရ အမှုဖွင့်ထားပြီး တရားခံ

အား ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းလျှက်ရှိကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှတ်တမ်းများအရသိရ
သည်။

Popular Myanmar  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment