Pages

Monday, November 25, 2013

ပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် အဖွဲ့အစည်း ၅၀ ကျော် တောင်းဆို

Photo: ပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် အဖွဲ့အစည်း ၅၀ ကျော် တောင်းဆို
Monday, November 25, 2013

မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်သော အဖွဲ့အစည်း ၅၁ ဖွဲ့က ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် တောင်းဆိုသော သဘောထား ကြေညာချက်ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဖွဲ့အစည်း ၅၁ ဖွဲ့တွင် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ Generation Wave၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ၊ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစု၊ လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ၊ အဖြူရောင် တွဲလက်များ စသည့် နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ပါဝင်သည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော ကျောင်းသား လူငယ်များ၊ တက်ကြွ လှုပ်ရှားသူ ပြည်သူများအား တားဆီး ပိတ်ပင်ခြင်း၊ ဖမ်းဆီး အရေးယူခြင်းသည် ဒီမိုကရေစီ အစိုးရအနေနှင့် လုံးဝ လုပ်ဆောင်မှု မပြုသင့်သည့်အပြင် ဖမ်းဆီး အရေးယူထား သူများကို အမြန်ဆုံး လွှတ်ပေးရန်နှင့် ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေများကို အမြန်ဆုံး ပြင်ဆင်ပေးရန် အထက်ပါ အဖွဲ့အစည်းများ ကိုယ်စား ဒီမိုကရေစီ အင်အားစုမှ မနီလာဟန်က ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ပြင်ဆင်ရေးအတွက် လုပ်ဆောင်နေပြီ ဖြစ်သဖြင့် ထပ်ပြီး ပြောဆိုစရာ မရှိသော်လည်း ယင်းသဘောထား ကြေညာချက် ကို ထောက်ခံပါကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောဆိုသည်။
“ဒီလိုအချိန်မှာ ဒီပုဒ်မကိုသုံးပြီး ဖမ်းဆီးတာ၊ ထောင်ချတာတွေ လုပ်နေတာဟာ မကောင်းဘူး။ ပြန်လွှတ်လိုက်၊ ပြန်ဖမ်းလိုက် လုပ်နေတာဟာ လူရယ်စရာလည်း ဖြစ်တယ်။ အစိုးရ တစ်ရပ်ရဲ့ ပုံရိပ်၊ တရားစီရင်ရေး စနစ်ရဲ့ ပုံရိပ်လည်း မကောင်းဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

နိုင်ငံရေး လှုပ်ရှားသူများကို ၅/ည၊ ပုဒ်မ ၁၇ (၁)၊ (၂)၊ ပုဒ်မ ၅၀၅ ကဲ့သို့သော ပုဒ်မများဖြင့် ဖိနှိပ် အရေးယူခဲ့ သကဲ့သို့ ပုဒ်မ ၁၈ သည်လည်း ထိုကဲ့သို့ ရည်ရွယ်ချက်ဖြင့် ပြဋ္ဌာန်းခြင်းသာ ဖြစ်ကြောင်း ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချိုကလည်း ၎င်း၏အမြင်ကို ပြောကြားသည်။

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေသည် ရှေ့နောက် မညီညွတ်သည့် ဥပဒေ ဖြစ်ပြီး ပုဒ်မ ၂ တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုသည်မှာ တစ်ဦးထက် ပိုသောလူဟု ပြဋ္ဌာန်းထားသော်လည်း ယင်းဥပဒေပုဒ်မ ၅ တွင်မူ တစ်ဦးဖြစ်စေ၊ အများဖြစ်စေဟူသော စကားရပ်သို့ ပြောင်းလဲ သွားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။

“အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ ပြည်သူလူထုဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်။ တကယ်ကျတော့ မြို့နယ် ရဲတပ်ဖွဲ့ကို ခွင့်တောင်းနေရတယ်။ ဒါဟာ ပုဒ်မ ၁၈ က တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ အခြေခံဥပဒေကို လွှမ်းမိုးနေတဲ့သဘော ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ခံထားရသူများနှင့် တရားရုံးတွင် ရင်ဆိုင်နေရသူ ၂၄၉ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ သိရသည်။

The Voice Weekly

RangonNewsDaily:: November . 25 .2013
မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်သော အဖွဲ့အစည်း ၅၁ ဖွဲ့က ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို အမြန်ဆုံး ပြင်ဆင်ပေးရန် တောင်းဆိုသော သဘောထား ကြေညာချက်ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အဖွဲ့အစည်း ၅၁ ဖွဲ့တွင် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ Generation Wave၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ၊ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစု၊ လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်သူများ၊ အဖြူရောင် တွဲလက်များ စသည့် နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ ပါဝင်သည်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သော ကျောင်းသား လူငယ်များ၊ တက်ကြွ လှုပ်ရှားသူ ပြည်သူများအား တားဆီး ပိတ်ပင်ခြင်း၊ ဖမ်းဆီး အရေးယူခြင်းသည် ဒီမိုကရေစီ အစိုးရအနေနှင့် လုံးဝ လုပ်ဆောင်မှု မပြုသင့်သည့်အပြင် ဖမ်းဆီး အရေးယူထား သူများကို အမြန်ဆုံး လွှတ်ပေးရန်နှင့် ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ထားသော ဥပဒေများကို အမြန်ဆုံး ပြင်ဆင်ပေးရန် အထက်ပါ အဖွဲ့အစည်းများ ကိုယ်စား ဒီမိုကရေစီ အင်အားစုမှ မနီလာဟန်က ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ပြင်ဆင်ရေးအတွက် လုပ်ဆောင်နေပြီ ဖြစ်သဖြင့် ထပ်ပြီး ပြောဆိုစရာ မရှိသော်လည်း ယင်းသဘောထား ကြေညာချက် ကို ထောက်ခံပါကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောဆိုသည်။
“ဒီလိုအချိန်မှာ ဒီပုဒ်မကိုသုံးပြီး ဖမ်းဆီးတာ၊ ထောင်ချတာတွေ လုပ်နေတာဟာ မကောင်းဘူး။ ပြန်လွှတ်လိုက်၊ ပြန်ဖမ်းလိုက် လုပ်နေတာဟာ လူရယ်စရာလည်း ဖြစ်တယ်။ အစိုးရ တစ်ရပ်ရဲ့ ပုံရိပ်၊ တရားစီရင်ရေး စနစ်ရဲ့ ပုံရိပ်လည်း မကောင်းဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

နိုင်ငံရေး လှုပ်ရှားသူများကို ၅/ည၊ ပုဒ်မ ၁၇ (၁)၊ (၂)၊ ပုဒ်မ ၅၀၅ ကဲ့သို့သော ပုဒ်မများဖြင့် ဖိနှိပ် အရေးယူခဲ့ သကဲ့သို့ ပုဒ်မ ၁၈ သည်လည်း ထိုကဲ့သို့ ရည်ရွယ်ချက်ဖြင့် ပြဋ္ဌာန်းခြင်းသာ ဖြစ်ကြောင်း ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးပြုံးချိုကလည်း ၎င်း၏အမြင်ကို ပြောကြားသည်။

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ဥပဒေသည် ရှေ့နောက် မညီညွတ်သည့် ဥပဒေ ဖြစ်ပြီး ပုဒ်မ ၂ တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုသည်မှာ တစ်ဦးထက် ပိုသောလူဟု ပြဋ္ဌာန်းထားသော်လည်း ယင်းဥပဒေပုဒ်မ ၅ တွင်မူ တစ်ဦးဖြစ်စေ၊ အများဖြစ်စေဟူသော စကားရပ်သို့ ပြောင်းလဲ သွားကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။

“အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ ပြည်သူလူထုဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်။ တကယ်ကျတော့ မြို့နယ် ရဲတပ်ဖွဲ့ကို ခွင့်တောင်းနေရတယ်။ ဒါဟာ ပုဒ်မ ၁၈ က တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ အခြေခံဥပဒေကို လွှမ်းမိုးနေတဲ့သဘော ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ခံထားရသူများနှင့် တရားရုံးတွင် ရင်ဆိုင်နေရသူ ၂၄၉ ဦး ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ သိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment